ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၇၂
  • ဗျာဒိတ်ကျမ်းရဲ့ အဓိပ္ပာယ်က ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဗျာဒိတ်ကျမ်းရဲ့ အဓိပ္ပာယ်က ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ ဖြေဆိုရာ
  • ဗျာဒိတ်ကျမ်း—၎င်း၏ပျော်ရွှင်ဖွယ်အထွတ်အထိပ်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ဗျာဒိတ် ၂၁:၁—“ကောင်းကင်သစ်နဲ့ မြေကြီးသစ်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • များမကြာမီ ဖြစ်ပျက်ရမည့် အမှုအရာများ
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • အပေါကလစ်မှ‘ဝမ်းမြောက်ဖွယ်သတင်းများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၇၂
ဗျာဒိတ်ကျမ်းပါ သားရဲနဲ့ မြင်းစီးသူရဲလေးဦးအကြောင်းဖတ်ပြီး တွေးတောနေတဲ့ လူတစ်ယောက်

ဗျာဒိတ်ကျမ်းရဲ့ အဓိပ္ပာယ်က ဘာလဲ

သမ္မာကျမ်းစာ ဖြေဆိုရာ

ဗျာဒိတ်ကျမ်းကို ဂရိစကားနဲ့ အပေါကလစ် လို့ခေါ်တယ်။ အပေါကလစ် ဆိုတာ ဖော်ထုတ် ဒါမှမဟုတ် ဖွင့်ချပြောပြတယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ အဲဒီနာမည်အတိုင်းပဲ ဗျာဒိတ်ကျမ်းက ဖုံးကွယ်နေတဲ့အရာတွေကို ဖော်ထုတ်ပြတယ်။ နှစ်ပေါင်းများစွာကြာမှ ဖြစ်ပျက်လာမယ့်အကြောင်းအရာတွေကို ဖွင့်ချပြောပြထားတယ်။ ဒီကျမ်းမှာပါတဲ့ ကြိုဟောချက်အတော်များများဟာ ပြည့်စုံဖို့ ကျန်နေပါသေးတယ်။

ဗျာဒိတ်ကျမ်း အကျဉ်းချုပ်

  • နိဒါန်း။—ဗျာဒိတ် ၁:၁–၉။

  • အသင်းတော်ခုနစ်ခုကို ပေးပို့တဲ့ ယေရှုရဲ့ မှာကြားချက်များ။—ဗျာဒိတ် ၁:၁၀–၃:၂၂။

  • ကောင်းကင်ပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်ကို မြင်တွေ့ရတဲ့ ရူပါရုံ။—ဗျာဒိတ် ၄:၁–၁၁။

  • တစ်ခုပြီးတစ်ခု ဆက်တိုက်တွေ့မြင်ရတဲ့ ရူပါရုံများ–

    • တံဆိပ်ခုနစ်ခု။—ဗျာဒိတ် ၅:၁–၈:၆။

    • တံပိုးခုနစ်ခု။ နောက်ဆုံးတံပိုးသုံးခုကို မှုတ်တဲ့အခါ အမင်္ဂလာသုံးခု ဖြစ်ပေါ်လာ။—ဗျာဒိတ် ၈:၇–၁၄:၂၀။

    • ဖလားခုနစ်လုံး။ တစ်လုံးစီထဲမှာ ဘုရားသခင့် တရားစီရင်မှုကို ကိုယ်စားပြုတဲ့ ကပ်ဘေးတစ်ခုစီပါရှိ။ အဲဒါတွေကို ကမ္ဘာပေါ် သွန်းလောင်းချမှာဖြစ်။—ဗျာဒိတ် ၁၅:၁–၁၆:၂၁။

    • ဘုရားသခင့်ရန်သူတွေ ဖျက်ဆီးခံရမယ့်အကြောင်း ဖော်ပြထားတဲ့ ရူပါရုံများ။—ဗျာဒိတ် ၁၇:၁–၂၀:၁၀။

    • ကောင်းကင်နဲ့ မြေကြီးအတွက် ဘုရားသခင့်ကောင်းချီးတွေကို ဖော်ပြထားတဲ့ ရူပါရုံများ။—ဗျာဒိတ် ၂၀:၁၁–၂၂:၅။

  • နိဂုံး။—ဗျာဒိတ် ၂၂:၆–၂၁။

ဗျာဒိတ်ကျမ်းကို နားလည်စေတဲ့ အဓိကအချက်များ

  1. ၁။ ဗျာဒိတ်ကျမ်းမှာ ဖော်ပြထားရာတွေရဲ့ အဓိပ္ပာယ်က ဘုရားသခင့်လူမျိုးအတွက် ကြောက်စရာမဟုတ်ဘဲ ဝမ်းသာစရာဖြစ်ပါတယ်။ “အပေါကလစ်” ဆိုတဲ့စကားလုံးက ကပ်ဘေးဆိုးကြီးကို ဆိုလိုတယ်လို့ တချို့ ထင်ကြတယ်။ ဒါပေမဲ့ ဗျာဒိတ်ကျမ်းကို ဖတ်ရှု၊ နားလည်ပြီး လိုက်နာကျင့်သုံးသူတွေဟာ ပျော်ရွှင်လိမ့်မယ်လို့ ဒီကျမ်းရဲ့အစမှာရော အဆုံးမှာပါ ဖော်ပြထားပါတယ်။—ဗျာဒိတ် ၁:၃; ၂၂:၇။

  2. ၂။ ဗျာဒိတ်ကျမ်းမှာ “အမှတ်သင်္ကေတ” တွေ၊ နိမိတ်လက္ခဏာတွေ အများကြီး အသုံးပြုထားတယ်။ အဲဒါတွေကို စာသားအတိုင်း ယူလို့မရဘူး။—ဗျာဒိတ် ၁:၁။

  3. ၃။ ဗျာဒိတ်ကျမ်းမှာပါတဲ့ အဓိကဖော်ပြချက်တွေ၊ အမှတ်သင်္ကေတတွေဟာ ကျမ်းစာရဲ့ ရှေ့ကျမ်းစောင်တွေမှာ ဖော်ပြထားပြီးသားတွေဖြစ်တယ်။ ဥပမာ၊ ဗျာဒိတ်ကျမ်းမှာပါတဲ့ ဒီအချက်တွေကို တခြားကျမ်းတွေမှာပါ တွေ့နိုင်တယ်–

    • “အထက်ကောင်းကင်ပေါ် အောက်အရပ်မြေကြီးပေါ်မှာ ဘုရားသခင် ဖြစ်တော်မူ” ပြီး အရာခပ်သိမ်းကို ဖန်ဆင်းတဲ့အရှင် ယေဟောဝါ။—တရားဟောရာ ၄:၃၉; ဆာလံ ၁၀၃:၁၉; ဗျာဒိတ် ၄:၁၁; ၁၅:၃။

    • “ဘုရားသခင်၏ သိုးသငယ်” ယေရှုခရစ်။—ယောဟန် ၁:၂၉; ဗျာဒိတ် ၅:၆; ၁၄:၁။

    • ဘုရားသခင့်ရန်သူ မာရ်နတ်စာတန်။—ကမ္ဘာဦး ၃:၁၄၊ ၁၅; ယောဟန် ၈:၄၄; ဗျာဒိတ် ၁၂:၉။

    • ရှေးခေတ်ဗာဗုလုန်မြို့ (ဘေဘဲလ်) လိုပဲ ဘုရားသခင်နဲ့ ကိုယ်တော့်လူမျိုးရဲ့ရန်သူ၊ ဘာသာရေးလိမ်ညာမှုတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ မဟာဗာဗုလုန်။—ကမ္ဘာဦး ၁၁:၂–၉; ဟေရှာယ ၁၃:၁၊ ၁၁; ဗျာဒိတ် ၁၇:၄–၆; ၁၈:၄၊ ၂၀။

    • ဘုရားသခင်ကို ပုန်ကန်ပြီး ဆိုးသွမ်းတဲ့လူသားတွေဖြစ်တဲ့ “ပင်လယ်”။—ဟေရှာယ ၅၇:၂၀; ဗျာဒိတ် ၁၃:၁; ၂၁:၁။

    • ဘုရားကိုဝတ်ပြုတဲ့ ရှေးတုန်းကတဲတော်မှာ အသုံးပြုခဲ့တဲ့ ပဋိညာဉ်သေတ္တာ၊ ဖန်ရေကန် (လက်၊ ခြေဆေးစရာ ရေထည့်ဖို့ အင်တုံ)၊ မီးခွက်၊ မီးရှို့ဖို့ နံ့သာပေါင်း၊ ယဇ်ပူဇော်ရာ ယဇ်ပလ္လင်။—ထွက်မြောက်ရာ ၂၅:၁၀၊ ၁၇၊ ၁၈; ၄၀:၂၄–၃၂; ဗျာဒိတ် ၄:၅၊ ၆; ၅:၈; ၈:၃; ၁၁:၁၉။

    • လူ့အစိုးရတွေကို တင်စားဖော်ပြတဲ့ သားရဲ။—ဒံယေလ ၇:၁–၈၊ ၁၇–၂၆; ဗျာဒိတ် ၁၃:၂၊ ၁၁; ၁၇:၃။

    • တင်စားချက်အဖြစ် အသုံးပြုထားတဲ့ နံပါတ်များ။—ဗျာဒိတ် ၁:၂၀; ၈:၁၃; ၁၃:၁၈; ၂၁:၁၆။

  4. ၄။ ဗျာဒိတ်ကျမ်းပါ ရူပါရုံတွေက “သခင့်နေ့တော်” နဲ့ သက်ဆိုင်ပါတယ်။ “သခင့်နေ့တော်” က ဘုရားသခင့်နိုင်ငံတော် စတင်တည်ထောင်ပြီး ယေရှုခရစ် ဘုရင်ဖြစ်လာတဲ့ ၁၉၁၄ မှာစတင်တယ်။ (ဗျာဒိတ် ၁:၁၀) ဒါကြောင့် ဗျာဒိတ်ကျမ်းဟာ ကျွန်ုပ်တို့အချိန်မှာ အဓိကပြည့်စုံမယ်လို့ မျှော်လင့်နိုင်ပါတယ်။

  5. ၅။ တခြားကျမ်းစောင်တွေလိုပဲ ဗျာဒိတ်ကျမ်းကိုလည်း နားလည်နိုင်ဖို့ ဘုရားသခင်ဆီက ဉာဏ်ပညာနဲ့ ကျမ်းစာ နားလည်ထားသူတွေဆီက အကူအညီ လိုအပ်ပါတယ်။—တမန်တော် ၈:၂၆–၃၉; ယာကုပ် ၁:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ