ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၅၁
  • သာယာချမ်းမြေ့တဲ့–မိသားစု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သာယာချမ်းမြေ့တဲ့–မိသားစု
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • မင်္ဂလာဆောင်ပြီး နောက်ပိုင်း
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • သင့်အိမ်ထောင်ရေးကို ကယ်ဆယ်နိုင်!
    နိုးလော့!—၂၀၀၂
  • ‘အိမ်ထောင်မင်္ဂလာကို လေးစားရမယ်’
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • သင့်အိမ်ထောင်ရေး ကတိသစ္စာကို စောင့်ထိန်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၅၁

သာယာချမ်းမြေ့တဲ့ မိသားစုဘဝရဖို့ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား

သမ္မာကျမ်းစာဖြေဆိုရာ

ကူညီပေးနိုင်ပါတယ်။ သာယာချမ်းမြေ့တဲ့မိသားစုဘဝ ပိုင်ဆိုင်နိုင်ဖို့ လူသန်းပေါင်းများစွာကို ကူညီပေးခဲ့တဲ့ သမ္မာကျမ်းစာပါ ပညာရှိအကြံပေးချက်တချို့ကို အောက်မှာဖော်ပြပေးထားပါတယ်–

  1. ၁။ တရားဝင်လက်ထပ်ပါ။ ရာသက်ပန် လက်တွဲသွားပါမယ်လို့ ကတိသစ္စာပြုပြီး တရားဝင်လက်ထပ်လိုက်တာက မိသားစုပျော်ရွှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဦးဆုံးအချက်ဖြစ်တယ်။—မဿဲ ၁၉:၄–၆။

  2. ၂။ မေတ္တာနဲ့ ရိုသေလေးစားမှုတင်ပြပါ။ ကိုယ့်အပေါ် ပြုမူပြောဆိုစေချင်တဲ့အတိုင်း ကိုယ့်အိမ်ထောင်ဖက်အပေါ် ပြုမူပြောဆိုခြင်းဟာ မေတ္တာနဲ့ ရိုသေလေးစားမှု တင်ပြတဲ့နည်းတစ်နည်းဖြစ်တယ်။​—မဿဲ ၇:၁၂; ဧဖက် ၅:၂၅၊ ၃၃။

  3. ၃။ ကြမ်းတမ်းတဲ့ စကားတွေ မပြောပါနဲ့။ အိမ်ထောင်ဖက်က စိတ်နာအောင် ပြုမူပြောဆိုလာရင်တောင် သူ့ကို ကြင်နာစွာပြောဆိုပါ။ (ဧဖက် ၄:၃၁၊ ၃၂) သုတ္တံ ၁၅:၁ မှာ ဒီလိုအကြံပြုထားပါတယ်– “ဖြေးညင်းသောစကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကို နှိုးဆော်တတ်၏။”

  4. ၄။ အချင်းချင်း သစ္စာရှိပါ။ သင့်အိမ်ထောင်ဖက်ကိုပဲ ချစ်ပြီး သူနဲ့သာ လိင်မှုပြုပါ။ (မဿဲ ၅:၂၈) “လူအပေါင်းတို့ရှေ့တွင် မင်္ဂလာဆောင်ခြင်းအမှုကို ဂုဏ်အသရေရှိစေလော့။ မင်္ဂလာအိပ်ရာကို မညစ်ညူးစေနှင့်” လို့သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။​—ဟေဗြဲ ၁၃:၄။

  5. ၅။ သားသမီးတွေကို မေတ္တာနဲ့ သွန်သင်ဆုံးမပါ။ သားသမီးတွေကို သွန်သင်ဆုံးမတဲ့အခါ ပျော့ညံ့လွန်းခြင်းကိုရော ကြမ်းတမ်းလွန်းခြင်းကိုပါ ရှောင်ပါ။​—သုတ္တံ ၂၉:၁၅; ကောလောသဲ ၃:၂၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ