ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၃၀
  • တချို့ဆုတောင်းချက်တွေကို ကိုယ်တော် ဘာကြောင့် နားမထောင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တချို့ဆုတောင်းချက်တွေကို ကိုယ်တော် ဘာကြောင့် နားမထောင်
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာအဖြေ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းခြင်းမှတစ်ဆင့် မစမှု မည်သို့ရနိုင်ပုံ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • မည်သူတို့၏ ဆုတောင်းချက်များ ဖြေကြားခြင်းခံရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆုတောင်းချက်အားလုံးကို ဘုရားသခင် ဘာကြောင့် အဖြေမပေးသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၃၀

သမ္မာကျမ်းစာမေးခွန်းတွေရဲ့အဖြေ / ဆုတောင်းခြင်း / တချို့ဆုတောင်းချက်တွေကို ဘုရားသခင် ဘာလို့ နားမထောင်တာလဲ။

သမ္မာကျမ်းစာအဖြေ

ဘုရားသခင် အဖြေမပေးတဲ့ ဆုတောင်းချက်တချို့ ရှိတယ်။ တချို့သူတွေရဲ့ ဆုတောင်းချက်ကို ဘုရားသခင် လျစ်လျူရှုရတဲ့အကြောင်းရင်းနှစ်ခုကို သုံးသပ်ကြည့်ပါ။

၁။ ဘုရားသခင့်အလိုတော်နဲ့ ဆန့်ကျင်တဲ့ ဆုတောင်းချက်

သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ ဘုရားသခင့်အလိုတော် ဒါမှမဟုတ် ဘုရားသခင့်တောင်းဆိုချက်တွေနဲ့ ဆန့်ကျင်တဲ့တောင်းဆိုမှုတွေကို ဘုရားသခင် အဖြေမပေးဘူး။ (၁ ယောဟန် ၅:၁၄) ဥပမာ၊ ကျမ်းစာက လောဘမကြီးဖို့ တောင်းဆိုထားတယ်။ လောင်းကစားက လောဘကြီးဖို့ အားပေးတယ်။ (၁ ကောရိန္သု ၆:၉၊ ၁၀) ဒါကြောင့် ထီပေါက်ဖို့တောင်းတဲ့ ဆုတောင်းချက်ကို ဘုရားသခင် ဖြေကြားမှာမဟုတ်ဘူး။ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ အလိုဆန္ဒမှန်သမျှကို လိုက်ဖြည့်ပေးနေတဲ့ ကိုယ်စောင့်နတ်မဟုတ်ဘူး။ လိုချင်တာမှန်သမျှကို ဘုရားသခင် လိုက်မဖြည့်ပေးတာကိုက ကျေးဇူးတင်ဖို့ကောင်းပါတယ်။ မဟုတ်ရင် တခြားသူတွေ ဘုရားသခင်ကို ဘာများတောင်းနေမလဲလို့ စိုးရိမ်နေရဦးမယ်။—ယာကုပ် ၄:၃။

၂။ နာခံမှုမရှိသူတွေရဲ့ဆုတောင်းချက်ကို ဘုရားသခင် နားမထောင်ဘူး

ဘုရားသခင်ကို မနာခံလိုကြောင်း လုပ်ရပ်တွေနဲ့ဖော်ပြနေသူတွေရဲ့ ဆုတောင်းချက်တွေကိုလည်း ဘုရားသခင် နားမထောင်ဘူး။ ဥပမာ၊ ဘုရားသခင်ကို ဝတ်ပြုနေပါတယ်လို့ ပြောနေပေမဲ့ နာခံမှုမရှိဘဲ ခေါင်းမာကြတဲ့သူတွေကို ဘုရားသခင် ခုလိုပြောတယ်- “များစွာသော (ဆုတောင်း) ပတ္ထနာကိုပြုကြသောအခါ ငါသည်နားမထောင်။ သင်တို့လက်တို့သည် အသွေးနှင့်ပြည့်ကြ၏။” (ဟေရှာယ ၁:၁၅) ဒါပေမဲ့ သူတို့ရဲ့လမ်းစဉ်ကိုပြောင်းပြီး ကိစ္စရပ်တွေကို ဘုရားသခင့်ရှေ့ ပြုပြင်တည့်မတ်မယ်ဆိုရင် သူတို့ဆုတောင်းတဲ့အခါ ဘုရားသခင် နားထောင်ပါလိမ့်မယ်။—ဟေရှာယ ၁:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ