ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၂
  • သမ္မာကျမ်းစာမှာပါတဲ့ ယေရှုရဲ့ဘဝမှတ်တမ်းက တိကျရဲ့လား။

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာမှာပါတဲ့ ယေရှုရဲ့ဘဝမှတ်တမ်းက တိကျရဲ့လား။
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • အမှိုက်ပုံထဲက ရှေးဟောင်းရတနာတစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခရစ်ဝင်ကျမ်းများကို ယုံကြည်စိတ်ချနိုင်သည့် အကြောင်းရင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • သမ္မာကျမ်းစာ ကျမ်းရင်းဝင်ဖြစ်ကြောင်း အစောပိုင်းအတည်ပြုချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • “ပင်လယ်သီချင်း” အချိန်ကာလကွာဟနေမှုကို ပေါင်းကူးပေးသောစာမူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၂
ယေရှု စစ်သားတွေရဲ့ ထိန်းသိမ်းမှုခံနေရ

သမ္မာကျမ်းစာမှာပါတဲ့ ယေရှုရဲ့ဘဝမှတ်တမ်းက တိကျရဲ့လား။

သမ္မာကျမ်းစာဖြေဆိုရာ

ကျမ်းရေးသူလုကာက သူရေးတဲ့ ယေရှုရဲ့ဘဝမှတ်တမ်းနဲ့ပတ်သက်ပြီး ခုလိုပြောတယ်– “ထိုအကြောင်းအရာအလုံးစုံကို အစမှ သေချာစွာ လေ့လာစိစစ်ထား[၏။]”—လုကာ ၁:၃။

ယေရှုနဲ့တစ်ခေတ်တည်းသားတွေဖြစ်တဲ့ မဿဲ၊ မာကု၊ လုကာ၊ ယောဟန်တို့ရေးတဲ့ ခရစ်ဝင်ကျမ်းတွေမှာ မှတ်တမ်းတင်ထားတဲ့ ယေရှုရဲ့ဘဝမှတ်တမ်းတွေကို စတုတ္ထရာစုလောက်မှာ ပြန်ပြင်ဆင်ခဲ့တယ်လို့ တချို့က အခိုင်အမာပြောကြတယ်။

ဒါပေမဲ့ ၂၀ ရာစုအကူးမှာ အဖိုးထိုက်လှတဲ့ ယောဟန်ခရစ်ဝင်ကျမ်း အပိုင်းအစတစ်ခုကို အီဂျစ်မှာ တွေ့ရှိခဲ့ကြတယ်။ အဲဒါကို အခုအချိန်မှာ ရိုင်လန်းကျူစာ ၄၅၇ (P52) လို့သိကြပြီး အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့က ဂျွန်ရိုင်လန်းစာကြည့်တိုက်မှာ ထိန်းသိမ်းထားပါတယ်။ အဲဒီကျူစာမှာ ယနေ့ခေတ်သုံးကျမ်းစာရဲ့ ယောဟန် ၁၈:၃၁–၃၃၊ ၃၇၊ ၃၈ ပါစကားတွေ ပါတယ်။

အဲဒီကျူစာဟာ ခရစ်ယာန်ဂရိကျမ်းစာစောင်တွေထဲမှာ ရှေးအကျဆုံးလက်ရေးစာမူ အပိုင်းအစဖြစ်တယ်။ မူရင်းကျမ်းစောင်ကိုရေးပြီးနောက် နှစ်ဆယ့်ငါးနှစ်အကြာလောက်ဖြစ်တဲ့ အေဒီ ၁၂၅ ခန့်မှာ အဲဒီကျူစာကို ရေးသားခဲ့တာဖြစ်တယ်လို့ ကျမ်းပညာရှင်များစွာက ယူဆကြတယ်။ ဒီကျူစာအပိုင်းအစမှာပါတဲ့ ကျမ်းစာသားတွေက နောက်ပိုင်းလက်ရေးစာမူတွေနဲ့ ကိုက်ညီနေတာ ထပ်တူနီးပါးပဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ