ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၆၁
  • အလှူငွေတွေကို ယေဟောဝါသက်သေတွေ ဘယ်လို အသုံးပြုသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလှူငွေတွေကို ယေဟောဝါသက်သေတွေ ဘယ်လို အသုံးပြုသလဲ
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုများ
  • ကျွန်ုပ်တို့လုပ်ငန်းအတွက် ထောက်ပံ့မှု ဘယ်လိုရသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ‘ယေဟောဝါဘုရားအတွက် ပေးလှူ’
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • အရာအားလုံးရှိထားတဲ့အရှင်ကို ဘာကြောင့် ပေးနေရမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ကျွန်တော်တို့ရဲ့ ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေး ဘယ်လို ထောက်ပံ့ပါသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၆၁
ရုပ်ပုံများ– ယေဟောဝါသက်သေတွေရဲ့ ဘာသာရေးနဲ့ လူသားချင်းစာနာမှုပြတဲ့ လုပ်ဆောင်မှုတွေမှာ အလှူငွေကို အသုံးပြုပါတယ်။ ၁။ သက်သေခံတွေ ဝတ်ပြုရာခန်းမ ဆောက်လုပ်နေကြစဉ်။ ၂။ ကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတစ်ယောက် အမျိုးသမီးတစ်ယောက်ကို ရေဘူးများ ပေးနေစဉ်။ ၃။ စာပေတွေ ပြထားတဲ့နေရာနားမှာ သက်သေခံတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို “ပျော်စရာဘဝ ထာဝရ စံစားကြ” စာစောင်ထဲက အကြောင်းအရာတစ်ခု ပြောပြနေစဉ်။

အလှူငွေတွေကို ယေဟောဝါသက်သေတွေ ဘယ်လို အသုံးပြုသလဲ

ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ ဘာသာရေးနဲ့ လူသားချင်း စာနာမှုပြတဲ့ လုပ်ဆောင်မှုတွေမှာ အလှူငွေတွေကို အသုံးပြုပါတယ်။ ခရစ်တော်ယေရှုရဲ့ တပည့် ဖြစ်လာအောင် လူတွေကို ကူညီပေးဖို့ဆိုတဲ့ အဓိကတာဝန်ရဲ့ ကဏ္ဍတစ်ခုအဖြစ် ဒီလုပ်ဆောင်မှုတွေကို ကျွန်တော်တို့ လုပ်ဆောင်ကြပါတယ်။—မဿဲ ၂၈:၁၉၊ ၂၀။

လူတစ်ဦးတစ်ယောက် ချမ်းသာဖို့ အလှူငွေတွေကို အသုံးမပြုပါဘူး။ အကြီးအကဲတွေ၊ အမှုထမ်းတွေကို လစာ မပေးပါဘူး။ တစ်အိမ်မှတစ်အိမ်သွားပြီး ကျမ်းစာအကြောင်း ပြောတဲ့ ယေဟောဝါသက်သေတွေကို အခမပေးဘူး။ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ အပါအဝင်၊ ဌာနခွဲရုံးနဲ့ ကမ္ဘာ့ဌာနချုပ်မှာ အမှုဆောင်သူတွေဟာ လခမယူဘဲ အလုပ်လုပ်နေကြပါတယ်။

ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုများ

  • ပုံနှိပ်ထုတ်ဝေခြင်း– နှစ်စဉ် သန်းနဲ့ချီတဲ့ ကျမ်းစာတွေ၊ ခရစ်ယာန်စာပေတွေကို ကျွန်တော်တို့ ဘာသာပြန်၊ ပုံနှိပ်၊ တင်ပို့ပြီး အခကြေးငွေ မယူဘဲ ဖြန့်ဝေပါတယ်။ jw.org ဝက်ဘ်ဆိုက်နဲ့ JW Library app မှာရှိတဲ့ ဒီဂျစ်တယ်စာပေတွေကိုလည်း အခကြေးငွေ မယူ၊ ကြော်ငြာတွေ မထည့်ဘဲ ဖြန့်ဝေပါတယ်။

    ယေဟောဝါသက်သေတစ်ယောက် ပုံနှိပ်ကျမ်းစာအုပ်ရဲ့ အရည်အသွေးကို စစ်ဆေးနေစဉ်။
  • ဆောက်လုပ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး– ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော်တွေ အတူစုဝေးဖို့၊ ဘုရားသခင်ကို ချီးမွမ်းဖို့ သင့်တော်တဲ့ ဝတ်ပြုရာနေရာတွေကို ကျွန်တော်တို့ ဆောက်လုပ်တယ်၊ ပြုပြင်ထိန်းသိမ်းပါတယ်။ ဌာနခွဲရုံးတွေ၊ ဘာသာပြန်ရုံးတွေကိုလည်း ဆောက်လုပ်တယ်၊ ပြုပြင်ထိန်းသိမ်းတယ်။ အဲဒီအလုပ်အများစုကို စေတနာ့ဝန်ထမ်းတွေနဲ့ လုပ်ဆောင်လို့ ကုန်ကျစရိတ် သက်သာပါတယ်။

    သက်သေခံတစ်ယောက် ဝတ်ပြုရာခန်းမအပြင်ဘက်မှာ ငြမ်းဆင်နေစဉ်။
  • စီမံခန့်ခွဲရေး– ကမ္ဘာ့ဌာနချုပ်၊ ဌာနခွဲရုံးတွေ၊ ဘာသာပြန်ရုံးတွေ၊ နယ်လှည့်အမှုထမ်းတွေရဲ့ လုပ်ဆောင်မှုတွေကို ကမ္ဘာချီလုပ်ငန်းအတွက် လှူဒါန်းထားတဲ့ အလှူငွေနဲ့ ထောက်ပံ့ပါတယ်။

    ယေဟောဝါသက်သေတစ်ယောက် စီမံခန့်ခွဲရေးဌာနမှာ အလုပ်လုပ်နေစဉ်
  • ဟောပြောခြင်း– ယေဟောဝါသက်သေတွေဟာ သတင်းကောင်း ဟောပြောခြင်း၊ “ဘုရားသခင်ရဲ့ တရားစကား” သွန်သင်ပေးခြင်းအတွက် အခကြေးငွေ မယူကြပါဘူး။ (၂ ကောရိန္သု ၂:၁၇) ဒါပေမဲ့ ပထမရာစု ခရစ်ယာန်တွေရဲ့ လုပ်ဆောင်မှုလိုပဲ ဟောပြောခြင်းလုပ်ငန်းမှာ မိမိတို့ရဲ့ အချိန်အများစုကို ပေးဆက်နေကြသူ လေ့ကျင့်ခံထားရတဲ့ အမှုဆောင်တွေဟာ သင့်တော်တဲ့ နေစရာနဲ့ နေ့စဉ် အခြေခံလိုအပ်ရာတွေ ရရှိကြတယ်။—ဖိ. ၄:၁၆၊ ၁၇။ ၁ တိ. ၅:၁၇၊ ၁၈။

    ယေဟောဝါသက်သေ ဇနီးမောင်နှံ အမှုဆောင်လုပ်ငန်းမှာ ပါဝင်နေစဉ်။ အမျိုးသားတစ်ယောက်ကို ကျမ်းစာဗီဒီယို ပြနေစဉ်။
  • သွန်သင်ခြင်း– ကျွန်တော်တို့ရဲ့ တိုက်နယ် အစည်းအဝေး၊ အစည်းအဝေးကြီးတွေအတွက် ကုန်ကျစရိတ်ကို လှူဒါန်းထားတဲ့ငွေနဲ့ သုံးပါတယ်။ အဲဒီအပြင် ကျမ်းစာကို အခြေခံတဲ့ ရုပ်သံအစီအစဉ်တွေလည်း ထုတ်လုပ်ပါတယ်။ တာဝန်တွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ အကြီးအကဲတွေ၊ အချိန်ပြည့် အမှုဆောင်တွေကို လေ့ကျင့်ပေးတဲ့ သင်တန်းတွေလည်း လုပ်ပေးပါတယ်။

    အားကစားကွင်းကြီးထဲမှာ ခရိုင်အစည်းအဝေး တက်ရောက်သူတွေ ဗီဒီယို ကြည့်နေကြစဉ်။
  • သဘာဝဘေး ကယ်ဆယ်ရေး– သဘာဝဘေး၊ လူကြောင့်ဖြစ်တဲ့ ဘေးတွေ ခံစားရသူတွေကို အစားအစာ၊ သောက်ရေနဲ့ နေစရာတွေ ထောက်ပံ့ပေးပါတယ်။ ဒီလို လူသားချင်း စာနာမှုလုပ်ငန်းကနေ “ယုံကြည်ခြင်းတူတဲ့သူတွေ” သာမက ယေဟောဝါသက်သေ မဟုတ်သူတွေလည်း အကျိုး ခံစားရတယ်။—ဂလာတိ ၆:၁၀။

    ပစ္စည်းသိုလှောင်ရုံထဲမှာ ယေဟောဝါသက်သေတွေ ကယ်ဆယ်ရေးပစ္စည်း ထည့်နေစဉ်
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ