BalanceFormcreative/iStock via Getty Images Plus
တခြားသူတွေကို ကူညီပြီး အထီးကျန်စိတ်ကို တွန်းလှန်ပါ—ကျမ်းစာအဆိုက ဘာလဲ
ကမ္ဘာတစ်ဝန်းမှာ လူတွေ ပိုအထီးကျန်ဆန်လာတယ်၊ တခြားသူတွေနဲ့ တရင်းတနှီး မရှိတော့ဘူး။ ဒီခံစားချက်ကို တိုက်လှန်နိုင်တဲ့ နည်းတစ်နည်းကတော့ တခြားသူတွေကို ကူညီပေးခြင်းဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တချို့ ယုံကြည်ကြတယ်။
“လိုအပ်နေသူတွေကို ကူညီပေးတာက ဘဝကို အဓိပ္ပာယ်ရှိစေတဲ့အပြင် အထီးကျန်စိတ်ကို တိုက်ထုတ်နိုင်အောင် ကူညီပေးတယ်။”—အမေရိကန် ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်း။
တခြားသူတွေကို ကူညီနိုင်တဲ့ လက်တွေ့ကျနည်းလမ်းတွေ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီအတိုင်း တကယ်လုပ်ရင် အထီးကျန်ဝေဒနာ သက်သာလာမယ်။
လုပ်ဆောင်နိုင်ရာ
ရက်ရောပါ။ တခြားသူတွေနဲ့ အချိန်သုံးနိုင်မယ့်၊ အထူးသဖြင့် လူကိုယ်တိုင် ပေါင်းသင်းနိုင်မယ့် အခွင့်အရေး ရှာပါ။ ကိုယ့်မှာရှိတာကို လိုလိုလားလား ဝေမျှပါ။ အဲဒီလိုလုပ်တဲ့အခါ တစ်ဖက်သားလည်း ကျေးဇူးတင်စိတ်နဲ့ တုံ့ပြန်တတ်လို့ မိတ်ဆွေတွေ ရလာမယ်။
ကျမ်းစာအခြေခံမူ။ “ပေးကမ်းတတ်တဲ့အကျင့် လုပ်ပါ။ ခင်ဗျားတို့ကို ပြန်ပေးကမ်းကြလိမ့်မယ်။”—လုကာ ၆:၃၈။
တခြားသူတွေကို ကူညီပေးပါ။ အခက်အခဲကြုံနေသူတွေကို ကူညီပေးနိုင်တဲ့ နည်းလမ်းတွေရှာပါ။ သူတို့ရင်ဖွင့်တဲ့အခါ စာနာစိတ်နဲ့ နားထောင်ပေးတာ၊ ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးတာ စသဖြင့် လုပ်ပေးနိုင်တယ်။
ကျမ်းစာအခြေခံမူ။ “မိတ်ဆွေက ဘယ်အခြေအနေမှာဖြစ်ဖြစ် ကူညီပေးတတ်တယ်။”—ပညာအလိမ္မာ ၁၇:၁၇၊ Contemporary English Version။
တခြားသူတွေနဲ့ ဆက်ဆံရေးကောင်းရှိအောင် ဘယ်လိုလုပ်နိုင်သလဲဆိုတဲ့အကြောင်း ထပ်သိချင်ရင် “မိသားစုဘဝနဲ့ မိတ်ဆွေအသိုင်းအဝိုင်း” ဆောင်းပါးကို ဖတ်ပါ။