hadynyah/E+ via Getty Images
သတိနဲ့ စောင့်နေကြပါ
စစ်နဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ပိုဆိုးလာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာပြဿနာ—ကျမ်းစာအဆိုက ဘာလဲ
ယူကရိန်းစစ်နဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာ ထုတ်လုပ်ဖြန့်ဖြူးရေးပိုင်း အထိနာလာတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူတွေ တစ်ဝမ်းတစ်ခါးအတွက် ပိုရုန်းကန်နေရတယ်။
“နိုင်ငံရေးမတည်ငြိမ်မှု၊ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်စျေးနှုန်းမြင့်တက်မှုနဲ့ တခြားအရာတွေကြောင့် စားသောက်ကုန် ထုတ်လုပ်ဖို့၊ လက်ဝယ်ရရှိဖို့ ခက်လာတယ်။”—ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်၊ ဇူလိုင် ၁၇၊ ၂၀၂၃။
“ကောက်နှံတင်ပို့မှု သဘောတူစာချုပ်ကနေ ရုရှား နုတ်ထွက်သွားလို့ ကမ္ဘာ့ စားနပ်ရိက္ခာ အကျပ်အတည်း ပိုဆိုးလာပြီး ရလဒ်အနေနဲ့ ဝင်ငွေနည်းတဲ့နိုင်ငံတွေမှာ၊ အထူးသဖြင့် အာဖရိကမြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ စားသောက်ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာနိုင်တယ်လို့ ပညာရှင်တွေ ခန့်မှန်းကြတယ်။”—Atalayar.com ဝက်ဘ်ဆိုက်၊ ဇူလိုင် ၂၃၊ ၂၀၂၃။
စားနပ်ရိက္ခာပြဿနာနဲ့ အနာဂတ်အကြောင်း ကျမ်းစာအဆိုကို လေ့လာကြည့်ပါ။
စားနပ်ရိက္ခာပြဿနာအကြောင်း ကျမ်းစာကြိုပြောထား
ယေရှု အခုလို ကြိုဟောခဲ့တယ်– “လူတစ်မျိုးနဲ့ တစ်မျိုး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ်။ အစာခေါင်းပါးတာ . . . ဖြစ်လိမ့်မယ်။”—မဿဲ ၂၄:၇။
ဗျာဒိတ်ကျမ်းမှာ မြင်းစီးသူရဲ လေးဦးအကြောင်း ဆိုထားတယ်။ မြင်းစီးသူရဲတစ်ဦးက စစ်ပွဲတွေကို တင်စားတယ်။ သူ့နောက်မှာ ကပ်လိုက်လာတဲ့ နောက်မြင်းစီးသူရဲတစ်ဦးက အစားအစာတွေကို ချိန်တွယ်စားသောက်ရမယ့်၊ မတန်တဆ ပေးဝယ်ရမယ့်အချိန်ဖြစ်တဲ့ အစာခေါင်းပါးမှုကို တင်စားတယ်။ “ငါကြည့်လိုက်သောအခါ မြင်းနက်တစ်ကောင်ကို တွေ့ရ၏။ မြင်းစီးသူရဲသည် ချိန်ခွင်ကို ကိုင်ထား၏။ . . . အသံတစ်ခုကို ငါကြားရ၏။ ထိုအသံက ‘ဂျုံဆန်တစ်ခွက်ကို တစ်နေ့စာလုပ်အားခ ပေးရ၏။’”—ဗျာဒိတ် ၆:၅၊ ၆၊ ခေတ်သုံးမြန်မာကျမ်း။
စားနပ်ရိက္ခာပြဿနာအကြောင်း အဲဒီကျမ်းစာကြိုဟောချက်တွေက “နောက်ဆုံးကာလ” လို့ ကျမ်းစာဆိုတဲ့ လက်ရှိအချိန်မှာ ပြည့်စုံနေပါတယ်။ (၂ တိမောသေ ၃:၁) “နောက်ဆုံးကာလ” အကြောင်း၊ ဗျာဒိတ်ကျမ်းထဲက မြင်းစီသူရဲလေးဦးအကြောင်း ပိုသိချင်ရင် ၁၉၁၄ ကစပြီး ဒီလောက ပြောင်းလဲသွား ဗီဒီယိုကို ကြည့်ပါ၊ “မြင်းစီးသူရဲလေးဦး—သူတို့ဟာ ဘယ်သူတွေလဲ” ဆောင်းပါးကို ဖတ်ပါ။
ကျမ်းစာ ကူညီပေးပုံ
စားသောက်ကုန်စျေးနှုန်းတွေ ခေါင်ခိုက်လာတာ၊ အစားအစာ ရှားပါးလာတာတို့လို ဘေးကျပ်နံကျပ် အခြေအနေတွေကို ဖြေရှင်းနိုင်ပုံအကြောင်း လက်တွေ့ကျအကြံဉာဏ်တွေ ကျမ်းစာထဲမှာ ပါတယ်။ အကြံဉာဏ်တချို့ကို “ဝင်ငွေနည်းနည်းနဲ့ ဆက်ရပ်တည်နိုင်ပုံ” ဆောင်းပါးမှာ ဖတ်ကြည့်ပါ။
အခြေအနေတွေ ပိုကောင်းလာမယ်ဆိုပြီး ကျမ်းစာက မျှော်လင့်ချက် ပေးထားတယ်။ ‘ကောက်နှံတွေ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေ’ မယ့်အချိန်၊ လူတိုင်း အလျှံအပယ် စားသောက်နိုင်မယ့်အချိန် ရောက်လာမယ်လို့ ကတိပြုထားတယ်။ (ဆာလံ ၇၂:၁၆) ဒီအနာဂတ်မျှော်လင့်ချက်အကြောင်း၊ ဒီမျှော်လင့်ချက် ဖြစ်လာမယ်ဆိုတာ ယုံကြည်နိုင်တဲ့အကြောင်း ပိုသိချင်ရင် “စစ်မှန်တဲ့ အနာဂတ် မျှော်လင့်ချက်” ဆောင်းပါးကို ဖတ်ပါ။