ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၅၉
  • ခရစ်ယာန်တွေနဲ့ စစ်ပွဲ—ကျမ်းစာအဆိုက ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ယာန်တွေနဲ့ စစ်ပွဲ—ကျမ်းစာအဆိုက ဘာလဲ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဆို
  • မျက်မှောက်ခေတ် ခရစ်ယာန်တွေနဲ့ စစ်ပွဲ
  • ဘာသာရေးနဲ့ ယူကရိန်းနိုင်ငံ စစ်ရေး—ကျမ်းစာမှာ ဘာပြောထားသလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ၂၀၂၂၊ ကသောင်းကနင်းနိုင်လှတဲ့ နှစ်—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်
    ထပ်ဆင့် အကြောင်းအရာများ
  • ယူကရိန်းစစ်ပွဲဖြစ်တာ နှစ်နှစ်ထဲ ဝင်ပြီ—ကျမ်းစာမှာ ဘာမျှော်လင့်ချက်ရှိသလဲ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၅၉
ဘုန်းတော်ကြီးတစ်ပါး တိုက်လေယာဉ်ကို ရေစင်ဖြန်းပေးပြီး ကောင်းချီးပေးနေစဉ်

YURI LASHOV/AFP via Getty Images

သတိနဲ့ စောင့်နေကြပါ

ခရစ်ယာန်တွေနဲ့ စစ်ပွဲ—ကျမ်းစာအဆိုက ဘာလဲ

ယူကရိန်းစစ်ပွဲမှာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေ အားတက်သရော ပါဝင်နေတာကို အတိုင်းသား မြင်တွေ့နေရတယ်။ နှစ်ဖက်စလုံးကို ဘယ်လိုနည်းနဲ့ အားပေးထောက်ခံနေကြသလဲ။

  • “ကျူးကျော်သူတွေရဲ့ ရန်ကနေ အမိမြေ ယူကရိန်းနိုင်ငံကို ကာကွယ်ဖို့ တိုက်ပွဲဝင်နေကြသူ အားလုံးကို ကျေးဇူးတင်၊ ဂုဏ်ပြုပါတယ်။ . . . ခင်ဗျားတို့ကို ကျွန်တော်တို့ရဲ့ နှလုံးသားတွေ၊ ရင်ထဲက ဆုတောင်းစကားတွေ၊ အားပေးထောက်ခံမှုတွေနဲ့ အစဉ် ဝန်းရံထားပါတယ်။”—၂၀၂၂၊ မတ် ၁၆ ရက်ထုတ် The Jerusalem Post သတင်းစာမှာ ဖော်ပြထားတဲ့ ယူကရိန်း ဩသဒေါက် ချာ့ချ်၊ ဂိုဏ်းချုပ်ဘုန်းတော်ကြီး (Metropolitan Epiphanius I of Kyiv) ရဲ့ ပြောစကား။

  • “တနင်္ဂနွေနေ့တုန်းက ရုရှားဩသဒေါက်ချာ့ချ်ရဲ့ ဦးသျှောင်က ရုရှားစစ်သားတွေအတွက် အထူးဘာသာရေးပွဲတစ်ခု ပြုလုပ်ပေးခဲ့တယ်။ ယူကရိန်းကို စစ်ဆင်နေတဲ့ ရုရှားစစ်သားတွေကို အမိမြေအတွက် ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ အားပေးတိုက်တွန်းခဲ့တယ်။”—၂၀၂၂၊ ဧပြီ ၃ ရက်နေ့ထုတ် ရိုက်တာသတင်း။

ခရစ်ယာန်တွေ စစ်ပွဲမှာ ပါဝင်သင့်သလား။ ကျမ်းစာအဆိုက ဘာလဲ။

ကျမ်းစာအဆို

ကျမ်းစာ အဆိုအရ ယေရှုခရစ်ရဲ့ နောက်လိုက်စစ်တွေက စစ်မှုရေးရာတွေမှာ မပါဝင်ကြဘူး။

  • “ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပါ။ ဓားကို ကိုင်တဲ့သူက ဓားနဲ့ပဲ သေဆုံးရလိမ့်မယ်။”—မဿဲ ၂၆:၅၂။

    စစ်ပွဲတွေကို လက်ခံအားပေးနေရင်၊ စစ်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေရင် ယေရှုရဲ့စကားကို လိုက်နာနေတယ်လို့ ပြောနိုင်ပါ့မလား။

  • “အချင်းချင်း ချစ်ကြပါဆိုတဲ့ ပညတ်အသစ်တစ်ခု ကျွန်တော်ပေးမယ်။ ခင်ဗျားတို့ကို ကျွန်တော်ချစ်သလို အချင်းချင်း ချစ်ကြပါ။ အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေသိလိမ့်မယ်။”—ယောဟန် ၁၃:၃၄၊ ၃၅။

    စစ်ပွဲတွေကို အားပေးထောက်ခံနေသူတစ်ယောက်က ယေရှုရဲ့တပည့်နောက်လိုက်အဖြစ် ခွဲခြားသိမြင်စေမယ့် မေတ္တာမျိုး တင်ပြနေတယ်လို့ ပြောနိုင်ပါ့မလား။

ပိုသိချင်ရင် “ခရစ်ယာန်ဘာသာသည် စစ်မှုရေးရာနှင့် အပ်စပ်သလော” ဆောင်းပါးကို ဖတ်ပါ။

မျက်မှောက်ခေတ် ခရစ်ယာန်တွေနဲ့ စစ်ပွဲ

ဒီနေ့အချိန်မှာ ခရစ်ယာန်တွေကို စစ်မှုရေးရာမှာ မပါဝင်ဖို့ မျှော်လင့်တာ လက်တွေ့ကျပါသလား။ လက်တွေ့ကျပါတယ်။ “အဆုံးပိုင်းကာလ” လို့ခေါ်တဲ့ ကျွန်တော်တို့ အသက်ရှင်နေထိုင်တဲ့ အချိန်ကာလမှာ လူမျိုးအားလုံးထဲက လူတွေဟာ ယေရှုရဲ့သွန်သင်ချက်နဲ့အညီ ‘စစ်အတတ်ပညာကို မသင်ကြတော့ဘူး’ လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။—ဟေရှာယ ၂:၂၊ ၄။

  • ထပ်သိချင်ရင် “စစ်ပွဲတွေကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ” ကင်းမျှော်စင် ဆောင်းပါးတွဲကို ဖတ်ပါ။

“ငြိမ်သက်ခြင်းရဲ့ ဘုရားသခင်” ယေဟောဝါa က ကောင်းကင်မှာတည်ရှိတဲ့ ဘုရားအစိုးရအားဖြင့် လူတွေကို “ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုကနေ” မကြာခင် “ကယ်တင်” ပေးပါလိမ့်မယ်။—ဖိလိပ္ပိ ၄:၉။ ဆာလံ ၇၂:၁၄။

  • ဘယ်လိုကယ်တင်မယ်ဆိုတာသိဖို့ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ ဗီဒီယိုကို ကြည့်ပါ။

‘ငြိမ်သက်ခြင်းရှိအောင် ကြိုးစားပါ’ ယေဟောဝါသက်သေများရဲ့ ၂၀၂၂ အစည်းအဝေးကြီးကို ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။ ထိတ်လန့်စရာအဖြစ်အပျက်တွေကြောင့် လူတွေ သောကများနေချိန်မှာ အတွင်းစိတ်အေးချမ်းမှုရနိုင်ဖို့ အစည်းအဝေးကြီးက သင့်ကို ကူညီပေးပါမယ်။ အစီအစဉ်ကို ကူးယူနိုင်တယ် ဒါမှမဟုတ် တိုက်ရိုက်ကြည့်ရှုနိုင်တယ်။ စာရင်းသွင်းဖို့ မလိုအပ်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည်ပါ။—ဆာလံ ၈၃:၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ