ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၃၃
  • ဒီလောက အဆုံးတိုင်တော့မလား။ ကမ္ဘာပျက်ကပ်ဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒီလောက အဆုံးတိုင်တော့မလား။ ကမ္ဘာပျက်ကပ်ဆိုတာ ဘာလဲ
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာဂြိုဟ် အဆုံးတိုင်သွားမလား
  • ဒီလောက အဆုံးတိုင်တော့မလား
  • ဘယ်တော့ အဆုံးတိုင်မလဲ
  • ကျမ်းစာမှာ ပါတဲ့ “ကမ္ဘာပျက်ကပ်” ဆိုတာ ဘာလဲ
  • ဗျာဒိတ်ကျမ်း—၎င်း၏ပျော်ရွှင်ဖွယ်အထွတ်အထိပ်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • အပေါကလစ်–ကြောက်ရွံ့ရန်လော၊မျှော်လင့်ရန်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • အပေါကလစ်ကြောက်စိတ်အဘယ်ကြောင့်ရှိရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • အပေါကလစ်မှ‘ဝမ်းမြောက်ဖွယ်သတင်းများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၃၃
ကမ္ဘာဂြိုဟ် မီးလောင်နေ။

ဒီလောက အဆုံးတိုင်တော့မလား။ ကမ္ဘာပျက်ကပ် (အပေါကလစ်) ဆိုတာ ဘာလဲ။

“ကမ္ဘာပျက်ကပ်” ဆိုတဲ့ စကားလုံး ကြားရင် စိတ်ထဲ ဘာပေါ်လာသလဲ။ ကမ္ဘာပေါ်က သက်ရှိအားလုံးကို ဇီဝိန်ခြွေလိုက်တဲ့ ကမ္ဘာချီ ကပ်ဆိုးကြီးကို ပြေးမြင်မိနိုင်တယ်။ အထူးသဖြင့် အောက်ပါသတင်းတွေ ဖတ်ရတဲ့အခါ ကမ္ဘာကြီး ကပ်ဆိုးဆိုက်တော့မယ်လို့ လူတချို့ ယူဆကြတယ်။

  • “တမင် ကြံစည်မှုကြောင့်ဖြစ်စေ၊ မတော်တဆကြောင့်ဖြစ်စေ၊ နားလည်မှု လွဲခြင်းကြောင့်ဖြစ်စေ နျူကလီးယားစစ်ပွဲ စတင်ဖို့ တာစူနေ။”—အဏုမြူစွမ်းအင် သိပ္ပံပညာရှင်များရဲ့ ထုတ်ပြန်ချက်။

  • “လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ မုန်တိုင်း၊ တောမီးလောင်ခြင်း၊ မိုးခေါင်ခြင်း၊ သန္တာကျောက်တန်းများ ဖြူလာခြင်း၊ အပူလှိုင်းဖြတ်ခြင်း၊ ရေလွှမ်းမိုးခြင်းတို့ စံချိန်ချိုး။”—National Geographic။

  • “အာဖရိကမှာ ဆယ်စုနှစ်အတွင်း အဆိုးဝါးဆုံး ကျိုင်းကောင်အဖျက်ဘေး ကျရောက်။”—The Associated Press။

ကပ်ဆိုးတစ်ခုခုကြောင့် ကမ္ဘာကြီး ပျက်သုဉ်းသွားမလား။ ကျမ်းစာက ဘာပြောသလဲ။

ကမ္ဘာဂြိုဟ် အဆုံးတိုင်သွားမလား

မဟုတ်ပါဘူး။ ကမ္ဘာမြေ ထာဝစဉ် တည်မယ်လို့ ကျမ်းစာက ဆိုတယ်။ (ဒေသနာ ၁:၄) ဘုရားက ဖန်ဆင်းထားတဲ့ ကမ္ဘာမြေကို ဖျက်ဆီးပစ်မယ့်အစား “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီး” ပါတော့မယ်။—ဗျာဒိတ် ၁၁:၁၈။

ဒီလောက အဆုံးတိုင်တော့မလား

ကျမ်းစာအရ အဆုံးတိုင်မယ့် “လောက” ဆိုတာ ဘုရားကို အရေးမစိုက်ဘဲ ကိုယ်လုပ်ချင်တာ လုပ်နေတဲ့ လူ့လောကကို ဆိုလိုတယ်။ နောဧခေတ်မှာလိုပဲ ဘုရားက “ဘုရားတရား မဲ့တဲ့ လူ့လောကကို” ဖျက်ဆီးပါတော့မယ်။—၂ ပေတရု ၂:၅။ ၃:၇။

၁ ယောဟန် ၂:၁၇ မှာ “ဒီလောကရော လောကမှာရှိတဲ့ လူတွေလိုချင်ရာ အားလုံးပါ ရွေ့သွားကွယ်ပျောက်နေတယ်” လို့ဆိုတယ်။ ဒီကျမ်းပိုဒ်အရ ဘုရားသခင်က ကမ္ဘာဂြိုဟ်ကို မဟုတ်ဘဲ မကောင်းတာတွေ ဆက်လုပ်နေသူတွေကို ဖျက်ဆီးတော့မယ်။

ဘယ်တော့ အဆုံးတိုင်မလဲ

ကျမ်းစာမှာ အတိအကျ မဖော်ပြဘူး။ (မဿဲ ၂၄:၃၆) အဆုံးနီးပြီလို့တော့ ဖော်ပြတယ်။ ကျမ်းစာမှာ အောက်ပါအတိုင်း ကြိုဟောထားတယ်။

  • စစ်၊ အစာခေါင်းပါးမှု၊ ကပ်ရောဂါ၊ အင်အားပြင်း ငလျင်တွေ “တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ်။”—မဿဲ ၂၄:၃၊ ၇၊ ၁၄။ လုကာ ၂၁:၁၀၊ ၁၁။ ဗျာဒိတ် ၆:၁-၈။

  • လူအများစုဟာ အလွန် အတ္တဆန်လာကြမယ်။ “ငွေကို တပ်မက်သူ၊” “ကျေးဇူးကန်းသူ၊” “မချုပ်တည်းနိုင်သူ” များလာမယ်။—၂ တိမောသေ ၃:၁-၅။

၁၉၁၄ ခုနှစ်ကစပြီး ကမ္ဘာ့အခြေအနေဟာ ကျမ်းစာ ကြိုဟောတဲ့အတိုင်း ဖြစ်လာတာ၊ အဆုံးနီးလာတာကို လူအတော်များများ လက်ခံကြတယ်။ ပိုသိနိုင်ဖို့ “ကျမ်းစာ သက္ကရာဇ်စဉ်အရ ၁၉၁၄ ခုနှစ်အကြောင်း ဘာသိရသလဲ၊” “‘နောက်ဆုံးသောနေ့ရက်များ’ ဒါမှမဟုတ် ‘အဆုံးပိုင်းကာလ’ ရဲ့ နိမိတ်လက္ခဏာက ဘာလဲ” ဆောင်းပါးတွေကို ကြည့်ပါ။

ကျမ်းစာမှာ ပါတဲ့ “ကမ္ဘာပျက်ကပ်” ဆိုတာ ဘာလဲ

ကျမ်းစာမှာ “ကမ္ဘာပျက်ကပ်” လို့ ဘာသာပြန်ထားတဲ့ စကားလုံးက မူရင်း ဂရိစကားမှာ “ဖော်ထုတ်ခြင်း၊” “ဖွင့်ဟဖော်ပြခြင်း” လို့ အဓိပ္ပာယ်ရတယ်။ ဖုံးကွယ်ထားတဲ့ အကြောင်းအရာကို ဖွင့်ချဖော်ထုတ်ရာမှာ ဒီစကားလုံး သုံးလေ့ရှိတယ်။ ဆိုးသွမ်းမှုတွေကို ဖယ်ရှားပြီး ဘုရားကို ဝတ်ပြုသူတွေကို ဆုချဖို့ ယေရှု ဘုန်းတန်ခိုးနဲ့ ကြွလာချိန်၊ ‘သခင်ယေရှု ပေါ်ထွန်းခြင်း [အပေါကလစ်]’ အကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။—၂ သက်သာလောနိတ် ၁:၆၊ ၇။ ၁ ပေတရု ၁:၇၊ ၁၃။

နောက်ဆုံး ကျမ်းစောင်ကို အပေါကလစ် တစ်နည်းအားဖြင့် ဗျာဒိတ်ကျမ်းလို့ ခေါ်တယ်။ အနာဂတ်အကြောင်း ဖွင့်ဟဖော်ပြပေးလို့ ဖြစ်တယ်။ (ဗျာဒိတ် ၁:၁) ဒီကျမ်းစောင်မှာ သတင်းကောင်းနဲ့ မျှော်လင့်ချက်သတင်း ပါတယ်။ (ဗျာဒိတ် ၁:၃) တရားမမျှတမှု မှန်သမျှကို ဖယ်ရှားပြီး ကမ္ဘာမြေကို သာယာလှပအောင် ဘုရား လုပ်ပေးတော့မယ်လို့ ဖော်ပြတယ်။ အဲဒီအချိန်ကျရင် လူတွေဟာ နာကျင်မှု၊ ဒုက္ခ၊ သေခြင်း ကြုံရတော့မှာ မဟုတ်ဘူး။—ဗျာဒိတ် ၂၁:၃၊ ၄။

သိပ်ကောင်းတဲ့ ကျမ်းစာကတိတွေအကြောင်း ပိုသိချင်ပါသလား။ ကျမ်းစာ လေ့လာနိုင်ဖို့ ယေဟောဝါသက်သေတွေ အခမဲ့ ကူညီပေးချင်ပါတယ်။ အခုပဲ ဆက်သွယ်လိုက်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ