ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၁၀၀
  • အိမ်စည်းကမ်း ချိုးဖောက်မိရင် ဘာလုပ်ရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်စည်းကမ်း ချိုးဖောက်မိရင် ဘာလုပ်ရမလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မလုပ်သင့်တဲ့အရာများ
  • ပိုကောင်းတဲ့ ဖြေရှင်းနည်း
  • မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ဘယ်လို ရနိုင်သလဲ
    လူငယ်များအမေး
  • မိဘတွေက ဘာကြောင့် ငါ့ကို နည်းနည်းလေးတောင် ပျော်ခွင့်မပေးတာလဲ
    လူငယ်များအမေး
  • မိဘတွေ ဘာကြောင့် ငါ့ကို ယုံကြည်စိတ်ချမှုမရှိတာလဲ
    နိုးလော့!—၂၀၀၈
  • လွတ်လပ်မှုပိုရအောင် ဘာလုပ်ရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၁၀၀
စိတ်ပူနေတဲ့မိဘတွေက အိမ်ပြန်နောက်ကျတဲ့ သမီးကို စကားပြောနေ

လူငယ်များအမေး

အိမ်စည်းကမ်း ချိုးဖောက်မိရင် ဘာလုပ်ရမလဲ

အိမ်ကို ဘယ်အချိန် ပြန်ရောက်ရမယ်၊ အင်တာနက်ကို အချိန်ဘယ်လောက်ပဲ သုံးရမယ်၊ ဘယ်လို လိမ္မာယဉ်ကျေးရမယ် စသဖြင့် အိမ်တိုင်းလိုလို စည်းကမ်းတွေ သတ်မှတ်တတ်ကြပါတယ်။

ဒါပေမဲ့ အိမ်စည်းကမ်းတွေ ချိုးဖောက်မိရင်ကော။ ပြီးခဲ့တာတွေကို ပြောင်းလဲလို့ မရပေမဲ့ အခြေအနေ ပိုဆိုးမသွားအောင် လုပ်ဆောင်နိုင်ပါတယ်။ လုပ်ဆောင်နိုင်ပုံကို ဒီဆောင်းပါးမှာ ဖော်ပြထားတယ်။

  • မလုပ်သင့်တဲ့အရာများ

  • ပိုကောင်းတဲ့ ဖြေရှင်းနည်း

  • ရွယ်တူတွေအဆို

မလုပ်သင့်တဲ့အရာများ

  • စည်းကမ်းတစ်ခု ချိုးဖောက်မိတာကို မိဘတွေ မသိဘူးဆိုပါစို့။ ကိုယ့်အမှားကို ဖုံးဖိထားဖို့ စဉ်းစားမိနိုင်တယ်။

  • စည်းကမ်းတစ်ခု ချိုးဖောက်မိတာကို မိဘတွေ သိသွားတယ် ဆိုပါစို့။ ဆင်ခြေပေးဖို့၊ တခြားတစ်ယောက်ကို အပြစ်ပုံချဖို့ စဉ်းစားမိနိုင်တယ်။

ဒါတွေကို မလုပ်သင့်ဘူး။ ဘာကြောင့်လဲ။ ကိုယ့်အမှားကို ဖုံးထားတာ၊ ဆင်ခြေဆင်လက်ပေးတာဟာ မရင့်ကျက်သေးတဲ့ လက္ခဏာတွေ ဖြစ်လို့ပဲ။ ရင့်ကျက်ဖို့ လိုသေးတယ်လို့ပဲ မိဘတွေ မြင်ပါလိမ့်မယ်။

“လိမ်ညာတာက ဖြေရှင်းနည်း မဟုတ်ဘူး။ တစ်ချိန်မဟုတ်တစ်ချိန် အဖြစ်မှန် ပေါ်လာမှာပဲ။ အဲဒီအချိန်ကျမှ ရမယ့် ပြစ်ဒဏ်က အစကတည်းက ရိုးရိုးသားသား ဝန်ခံလို့ ရတဲ့ ပြစ်ဒဏ်ထက် ပိုဆိုးလိမ့်မယ်။”—ဒိုင်ယာနာ။

ပိုကောင်းတဲ့ ဖြေရှင်းနည်း

  • အမှန်အတိုင်း ဝန်ခံပါ။ “ကိုယ့်အမှားကို ဖုံးကွယ်ထားတဲ့သူက အောင်မြင်မှာ မဟုတ်ဘူး” ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်။ (ပညာအလိမ္မာ ၂၈:၁၃) ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ဖို့ မိဘတွေ မတောင်းဆိုပါဘူး။ ဒါပေမဲ့ ရိုးသားဖို့တော့ မျှော်လင့်တယ်။

    “အမှန်အတိုင်း ဝန်ခံမယ်ဆိုရင် မိဘတွေ ပိုပြီး ခွင့်လွှတ်နားလည်ပေးနိုင်မယ်။ ကိုယ့်အပေါ်လည်း ပိုယုံကြည်လာမယ်။”—အိုလီဗီယာ။

  • တောင်းပန်ပါ။ “စိတ်နှိမ့်ချ” ဖို့ ကျမ်းစာ တိုက်တွန်းတယ်။ (၁ ပေတရု ၅:၅) ဆင်ခြေတွေ ပေးချင်စိတ်ကို ချိုးနှိမ်ပြီး “မှားသွားပါတယ်” လို့ ပြောနိုင်ဖို့ နှိမ့်ချမှု လိုအပ်တယ်။

    “အမြဲတမ်း ဆင်ခြေပေးတတ်တဲ့သူတွေဟာ အပြစ်ရှိတဲ့ခံစားချက် သိပ်မရှိတော့ဘူး။ ကြာလာတော့ အမှားတွေ ထပ်လုပ်မိလည်း မှားသွားပြီလို့ မခံစားရတော့ဘူး။”—ဟီသာ။

  • အကျိုးဆက်တွေကို လက်ခံပါ။ “ဆုံးမစကားကို နားထောင်ပါ” ဆိုပြီး ကျမ်းစာမှာ ပြောတယ်။ (ပညာအလိမ္မာ ၈:၃၃) မကျေမနပ် ညည်းညူတာကို ရှောင်ပါ။ မိဘတွေ အပြစ်ပေးတာ၊ ကန့်သတ်တာကို လက်ခံပါ။

    “အပြစ်ပေးတာနဲ့ပတ်သက်ပြီး ညည်းညူလေ အခြေအနေ ပိုဆိုးလာလေပဲ။ ဆုံးရှုံးနစ်နာရတာတွေကို အာရုံမစိုက်ဘဲ လက်ခံတတ်အောင် ကြိုးစားပါ။”—ဂျေစင်။

  • မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ပြန်ရအောင် ကြိုးစားပါ။ “စရိုက်ဟောင်း၊ ဘဝလမ်းစဉ်ဟောင်းကို ချွတ်ပယ်ဖို့” ကျမ်းစာ ပြောတယ်။ (ဧဖက် ၄:၂၂) တာဝန်ယူတတ်သူဖြစ်ကြောင်း သက်သေပြပါ။

    “ဆုံးဖြတ်ချက်ကောင်းတွေ ချမယ်။ အမှားတစ်ခုကို အကြိမ်ကြိမ် မလုပ်တော့ဘူးဆိုတာ လုပ်ရပ်နဲ့ သက်သေပြမယ်ဆိုရင် မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ပြန်ရနိုင်မယ်။”—ကာရင်။

အကြံပြုချက်- မိဘတွေ တောင်းဆိုတာထက် ပိုလုပ်ပေးခြင်းအားဖြင့် ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း ပြပါ။ ဥပမာ၊ နောက်တစ်ကြိမ် အပြင်သွားတဲ့အခါ သတ်မှတ်ထားချိန်ထက် နောက်မကျရင်တောင် အိမ်ပြန်လာနေပြီဆိုတာ မိဘတွေကို အကြောင်းကြားပါ။ ဒါဆိုရင် ‘မိဘတွေရဲ့ ယုံကြည်မှု ပြန်ရချင်တယ်’ လို့ အသိပေးရာရောက်တယ်။

ရွယ်တူတွေအဆို

ဒေရိရပ်စ်

“ကိုယ့်အမှားကို မိဘ မသိအောင် ဖုံးထားတာက လိမ်ညာတာပဲ။ အနှေးနဲ့ အမြန် အဖြစ်မှန် ပေါ်လာမှာပဲ။ အခြေအနေ ပိုဆိုးသွားနိုင်လို့ အစကတည်းက အမှန်အတိုင်း ဝန်ခံတာကမှ ပိုကောင်းဦးမယ်။”—ဒေရိရပ်စ်။

စီအဲရာ

“ကိုယ့်လုပ်ရပ်အတွက် တခြားသူအပေါ် အပြစ်ပုံချလိုက်မယ်ဆိုရင် အမှားကို တာဝန်ယူနိုင်လောက်တဲ့ ရင့်ကျက်မှုမျိုး မရှိဘူးဆိုတာ ပြလိုက်တာပဲ။ ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူ မတောင်းပန်ဘူးဆိုရင် မိဘတွေရဲ့ ယုံကြည်မှု ဆုံးရှုံးသွားနိုင်တယ်။”—စီအဲရာ။

ပြန်လည်သုံးသပ်ချက်- အိမ်စည်းကမ်း ချိုးဖောက်မိရင် ဘာလုပ်ရမလဲ

  • အမှန်အတိုင်း ဝန်ခံပါ။ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်ဖို့ မိဘတွေ မတောင်းဆိုပါဘူး။ ဒါပေမဲ့ ရိုးသားဖို့တော့ မျှော်လင့်တယ်။

  • တောင်းပန်ပါ။ “မှားသွားပါတယ်” ဆိုပြီး စိတ်ရင်းမှန်နဲ့ ပြောပါ။ ဆင်ခြေတွေ မပေးပါနဲ့။

  • အကျိုးဆက်တွေကို လက်ခံပါ။ မိဘတွေ အပြစ်ပေး၊ ကန့်သတ်တာကို လက်ခံပါ။

  • မိဘတွေရဲ့ ယုံကြည်စိတ်ချမှု ပြန်ရအောင် ကြိုးစားပါ။ တာဝန်ယူတတ်သူဖြစ်ကြောင်း သက်သေပြပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ