ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၉၇
  • ဘာကြောင့် တောင်းပန်သင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာကြောင့် တောင်းပန်သင့်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် တောင်းပန်သင့်သလဲ
  • “တောင်းပန်ပါတယ်” လို့ ဘယ်လို ပြောမလဲ
  • ရွယ်တူတွေ အဆို
  • ပျော်ရွှင်တဲ့ အိမ်ထောင် ဖြစ်နိုင်ပုံ။ တောင်းပန်ပါ
    မိသားစုအတွက် အကူအညီ
  • သင်သည် တောင်းပန်ဖို့ အမှန်တကယ်လိုအပ်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • တောင်းပန်စကား ဆိုနိုင်ပုံ
    နိုးလော့!—၂၀၁၅
  • ဝန်ချတောင်းပန်ရန် အဘယ်ကြောင့် ဤမျှခက်ရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၉၇
ကျောင်းသားတစ်ယောက် စာသင်ခန်းထဲမှာ ထိုင်နေ၊ ဆရာမ ဆူတာကို ခံနေရစဉ်။

လူငယ်များအမေး

ဘာကြောင့် တောင်းပန်သင့်သလဲ

အောက်ပါအခြေအနေတွေမှာ သင် ဘာလုပ်မလဲ

  1. ၁ ဆရာက သင့်ကို စာသင်ခန်းထဲမှာ ဆိုးတယ်ဆိုပြီး ဆူတယ်။

    ဆရာမ အကဲပိုနေတာလို့ သင် ယူဆရင်တောင် တောင်းပန်သင့်သလား

  2. ၂ သူငယ်ချင်းက သူ့အကြောင်း သင် မကောင်းပြောတာကို သိသွားတယ်။

    သင်ပြောတာ မှန်တယ်လို့ ယူဆရင်တောင် သူ့ကို တောင်းပန်သင့်သလား

  3. ၃ သင်က သင့်အဖေကို စိတ်ဆိုးဆိုးနဲ့ မလေးမစား ပြန်ခံပြောတယ်။

    အဖေ မှားတာလို့ သင် ယူဆရင်တောင် အဖေ့ကို တောင်းပန်သင့်သလား။

မေးခွန်း သုံးခုစလုံးရဲ့အဖြေကတော့ တောင်းပန်သင့်တယ် ဆိုတာပဲ။ ကိုယ့်ဘက်က မှန်တယ်လို့ ယူဆရင်တောင် “တောင်းပန်ပါတယ်” လို့ ဘာကြောင့် ပြောသင့်သလဲ။

  • ဘာကြောင့် တောင်းပန်သင့်သလဲ

  • “တောင်းပန်ပါတယ်” လို့ ဘယ်လို ပြောမလဲ

  • ရွယ်တူတွေ အဆို

ဘာကြောင့် တောင်းပန်သင့်သလဲ

  • တောင်းပန်တာက ရင့်ကျက်ကြောင်း ဖော်ပြတယ်။ သင် ပြောခဲ့၊ လုပ်ခဲ့တာတွေအတွက် တာဝန်ယူတာက လူကြီးဖြစ်လာတဲ့အချိန်မှာ လိုအပ်မယ့် အရည်အသွေးကောင်းတွေကို မွေးမြူနေတာဖြစ်တယ်။

    “စိတ်နှိမ့်ချမယ်၊ စိတ်ရှည်မယ်ဆိုရင် တခြားသူကို တောင်းပန်ဖို့၊ တခြားသူပြောတာကို နားထောင်ဖို့ အကူအညီဖြစ်စေတယ်။”—ရေချယ်။

  • တောင်းပန်တာက တခြားသူတွေနဲ့ သင့်မြတ်စေတယ်။ “တောင်းပန်ပါတယ်” လို့ ပြောလိုက်သူဟာ ကိုယ်မှန်ပြီး သူမှားတယ်ဆိုတာကို သက်သေပြဖို့ထက် သင့်မြတ်ဖို့ ပိုလိုလားတယ်ဆိုတာ ဖော်ပြတယ်။

    “ကိုယ့်ဘက်က မမှားဘူးလို့ ထင်နေရင်တောင် သင့်မြတ်မှုကို ဦးစားပေးသင့်တယ်။ ‘တောင်းပန်ပါတယ်’ လို့ပြောဖို့ အကုန်အကျ မရှိပေမဲ့ ရင်းနှီးမှုကို ပြန်တည်ဆောက်နိုင်တယ်။”—မီရီယမ်။

  • တောင်းပန်လိုက်ရင် စိတ်သက်သာရာ ရသွားတယ်။ တစ်ယောက်ယောက်ကို ထိခိုက်အောင် ပြောမိ၊ လုပ်မိလိုက်ရင် စိတ်မသက်မသာ ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ တောင်းပန်လိုက်ရင် စိတ်သက်သာရာ ရသွားတယ်။a

    “အဖေနဲ့ အမေ့ကို ကျွန်မ ခဏခဏ ပြန်အော်မိတယ်။ စိတ်မကောင်းဖြစ်ပေမဲ့ တောင်းပန်ဖို့ ခက်နေတယ်။ ဒါပေမဲ့ တောင်းပန်လိုက်တဲ့အခါ နေသာထိုင်သာ ရှိသွားပြီး မိသားစုလည်း သင့်မြတ်သွားတယ်။”—နီးအာ။

    ဆယ်ကျော်သက် ကောင်လေးတစ်ယောက် ကျောက်တုံးကြီးတစ်တုံး ထမ်းထားစဉ်။

    အမှားလုပ်မိလို့ စိတ်မကောင်းဖြစ်တာက ဝန်ထုပ်ဝန်ပိုး ထမ်းထားရတာနဲ့တူတယ်။ တောင်းပန်လိုက်ရင် အဲဒီဝန်ထုပ်ကို ထမ်းထားစရာ မလိုတော့ဘူး

တောင်းပန်ဖို့ ကြိုးစားအားထုတ်ရသလား။ အားထုတ်ရပါတယ်။ အမေ့ကို ခဏခဏ ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောမိတဲ့ ဒိနက “‘တောင်းပန်ပါတယ်’ လို့ပြောဖို့ မလွယ်ဘူး။ လည်ချောင်းမှာ တစ်ခုခု တစ်ဆို့နေသလို့ပဲ” လို့ ပြောတယ်။

“တောင်းပန်ပါတယ်” လို့ ဘယ်လို ပြောမလဲ

  • ဖြစ်နိုင်မယ်ဆိုရင် လူချင်းတွေ့ပြီး တောင်းပန်ပါ။ မျက်နှာချင်းဆိုင် တောင်းပန်ရင် သင် တကယ်စိတ်မကောင်းဖြစ်တာကို တစ်ဖက်လူ မြင်နိုင်တယ်။ ဖုန်းနဲ့ မက်ဆေ့ပို့ပြီး တောင်းပန်ရင်တော့ တစ်ဖက်လူက ယုံချင်မှ ယုံမယ်။ ဝမ်းနည်းတဲ့ အီမိုဂျီပုံလေး ထည့်ပို့ရင်တောင် ခံစားချက်မပါဘူး၊ စိတ်ရင်းမှန်မဟုတ်ဘူးလို့ တစ်ဖက်လူ မြင်သွားနိုင်တယ်။

    အကြံပြုချက်– လူချင်းတွေ့ပြီး မတောင်းပန်နိုင်ရင် ဖုန်းဆက်ဖို့၊ ကတ်တစ်ခု ရေးဖို့ စဉ်းစားပါ။ ဘယ်နည်းကိုပဲ သုံးသုံး စကားလုံးတွေကို သေသေချာချာ ရွေးပါ။

    ကျမ်းစာအခြေခံမူ– “ဖြောင့်မတ်သူက စိတ်ထဲမှာ အရင်စဉ်းစားပြီးမှ ပြန်ပြောတတ်တယ်။”—ပညာအလိမ္မာ ၁၅:၂၈။

  • ချက်ချင်း တောင်းပန်ပါ။ တောင်းပန်ဖို့ အချိန်ဆွဲနေရင် ပြဿနာက ပိုဆိုးလာနိုင်ပြီး သင်တို့ရဲ့ ဆက်ဆံရေးလည်း ပိုပြီး ကသိကအောက် ဖြစ်လာမယ်။

    အကြံပြုချက်– ပန်းတိုင်ချပါ။ ဥပမာ၊ ‘ငါ ဒီနေ့ တောင်းပန်မယ်။’ သင့်တော်တဲ့အချိန်ကို သတ်မှတ်ပြီး အဲဒီအတိုင်း လုပ်ပါ။

    ကျမ်းစာအခြေခံမူ– “ပြေလည်အောင် ချက်ချင်း လုပ်ပါ။”—မဿဲ ၅:၂၅။

  • စိတ်ရင်းနဲ့ တောင်းပန်ပါ။ “ခင်ဗျား အဲဒီလို ခံစားနေရလို့ ကျွန်တော် စိတ်မကောင်းပါဘူး” လို့ ပြောတာက တောင်းပန်တာ မဟုတ်ဘူး။ “ကိုယ်လုပ်လိုက်တဲ့ အမှားအတွက် တာဝန်အပြည့်ယူတာကို တစ်ဖက်လူ မြင်တဲ့အခါ သင့်ကို လေးစားလာလေ့ရှိတယ်” လို့ ဂျန်နယ်လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် ပြောတယ်။

    အကြံပြုချက်– ကန့်သတ်ချက်နဲ့ မတောင်းပန်ပါနဲ့။ “ခင်ဗျား တောင်းပန်မှ ကျွန်တော် တောင်းပန်မယ်” လို့ မပြောပါနဲ့။

    ကျမ်းစာအခြေခံမူ– ‘ငြိမ်သက်ခြင်းရှိစေတဲ့ အရာတွေကို လုပ်ဆောင်ဖို့ အစွမ်းကုန် ကြိုးစားကြစို့။’—ရောမ ၁၄:၁၉။

ရွယ်တူတွေ အဆို

ဗယ်လရီ။

“ကျွန်မ လုံးဝ မမှားဘူးလို့ ထင်တဲ့အခါမျိုးမှာ တောင်းပန်ဖို့ နှိမ့်ချမှု လိုတယ်။ တောင်းပန်တဲ့အခါ ကျွန်မရဲ့စကားလုံးတွေကို အပြုသဘောရှိပြီး အားပေးမှုဖြစ်စေချင်တယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်က ပြဿနာကို ဖြေရှင်းဖို့ ဖြစ်တယ်။ ပိုကြီးထွားစေဖို့ မဟုတ်ဘူး။”—ဗယ်လရီ။

ဖိလစ်။

“တောင်းပန်ဖို့ ဆန္ဒရှိတာက ကိုယ့်ကိုယ်ကိုယ်ထက် တခြားသူကို ပိုထောက်ထားတယ်ဆိုတာ ဖော်ပြတယ်။ တောင်းပန်ရတာ ကသိကအောက် ဖြစ်ပေမဲ့ အဲဒါက သင့်ကို ပိုကောင်းတဲ့သူငယ်ချင်း ဖြစ်စေတယ်၊ ပိုရင်းနှီးသွားစေတယ်။”—ဖိလစ်။

ကဲန်ဒယ်။

“တစ်ခါတလေ ဘာမဟုတ်တာလေးနဲ့ လွန်လွန်ကဲကဲ တုံ့ပြန်တတ်သူ ရှိတယ်။ အဲဒါက ကိုယ်က မှန်ပြီး သူမှားတယ်လို့ မဆိုလိုဘူး။ သူ့ကို ဘယ်လို ထိခိုက်သွားသလဲဆိုတာ စဉ်းစားတာ ပိုကောင်းတယ်။ ကျွန်မ ပြောမိ၊ လုပ်မိတဲ့အရာ တစ်ခုခုကြောင့် တစ်ယောက်ယောက် ထိခိုက်သွားတယ်ဆိုရင် ကျွန်မ တောင်းပန်ဖို့လိုတယ်။”—ကဲန်ဒယ်။

ပြန်လည်သုံးသပ်ချက်– ဘာကြောင့် တောင်းပန်သင့်သလဲ

  • တောင်းပန်တာက ရင့်ကျက်ကြောင်း ဖော်ပြတယ်။

  • တောင်းပန်တာက တခြားသူတွေနဲ့ သင့်မြတ်စေတယ်။

  • တောင်းပန်လိုက်ရင် စိတ်သက်သာရာ ရသွားတယ်။

ဘယ်လို လုပ်မလဲ

  • ဖြစ်နိုင်မယ်ဆိုရင် လူချင်းတွေ့ပြီး တောင်းပန်ပါ။

  • ချက်ချင်း တောင်းပန်ပါ။

  • စိတ်ရင်းနဲ့ တောင်းပန်ပါ။

a တစ်ယောက်ယောက်ရဲ့ ပစ္စည်းကို ဖျောက်လိုက်ရင်၊ ပျက်စီးအောင် လုပ်မိရင် တောင်းပန်ပြီး ပြန်ပြင်ပေး၊ အစားလျော်ပေးတာက ပညာရှိရာရောက်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ