ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwhf ဆောင်းပါး ၁၄
  • နေ့ကလေးထိန်းကျောင်းနဲ့ပတ်သက်ပြီး မိဘတွေ သိသင့်ရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နေ့ကလေးထိန်းကျောင်းနဲ့ပတ်သက်ပြီး မိဘတွေ သိသင့်ရာ
  • မိသားစုအတွက် အကူအညီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေးသင့်တဲ့ မေးခွန်းများ
  • လုပ်ဆောင်နိုင်ရာ
  • သင့်သားသမီးများအား ကာကွယ်ပေးနိုင်ပုံ
    နိုးလော့!—၂၀၀၇
  • သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကလေးများကို နို့စို့အရွယ်မှ စလေ့ကျင့်ပေးခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • သက်ကြီးမိဘတွေကို ပြုစုစောင့်ရှောက်ခြင်းအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
မိသားစုအတွက် အကူအညီ
ijwhf ဆောင်းပါး ၁၄
နေ့ကလေးထိန်းကျောင်းမှာ ဆော့နေတဲ့ ကလေးများ

မိသားစုအတွက် အကူအညီ | သားသမီး ပြုစုပျိုးထောင်ခြင်း

နေ့ကလေးထိန်းကျောင်းနဲ့ပတ်သက်ပြီး မိဘတွေ သိသင့်ရာ

အချိန်ပြည့် အလုပ်လုပ်နေရတဲ့ မိဘတွေဟာ ကျောင်းနေအရွယ် မရောက်သေးတဲ့ ကလေးတွေကို နေ့ကလေးထိန်းကျောင်း ပို့တတ်ကြတယ်။ သားသမီးတွေကို နေ့ကလေးထိန်းကျောင်းမှာ ထားသင့်သလား။

  • မေးသင့်တဲ့ မေးခွန်းများ

  • လုပ်ဆောင်နိုင်ရာ

မေးသင့်တဲ့ မေးခွန်းများ

နေ့ကလေးထိန်းကျောင်းတွေက မိဘနဲ့ သားသမီးကြား သံယောဇဉ်နှောင်ကြိုးကို ထိခိုက်နိုင်သလား။ ထိခိုက်နိုင်ပါတယ်။ ငယ်ရွယ်နုနယ်တဲ့ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ကို သူနဲ့ထိတွေ့ဆက်ဆံသူတွေက မြန်မြန် တိုးတက်ဖွံ့ဖြိုးစေတယ်။ ဒါကြောင့် အဲဒီအချိန်မှာ သားသမီးတွေကို အချိန်များနိုင်သမျှ များများပေးဖို့ ကြိုးစားပါ။—တရားဟောရာ ၆:၆၊၇။

  • နေ့ကလေးထိန်းကျောင်း ပို့ဖို့ စဉ်းစားနေရင် ကလေးတွေနဲ့ ဆက်ရင်းနှီးနေအောင် ဘာလုပ်ဆောင်နိုင်သလဲဆိုတာ စဉ်းစားသင့်တယ်။

နေ့ကလေးထိန်းကျောင်းက ကလေးအပေါ် မိဘရဲ့ ဩဇာသက်ရောက်မှု လျော့နည်းစေသလား။ လျော့နည်းစေပါတယ်။ ကလေးအချင်းချင်း ပိုပေါင်းလေ ရွယ်တူတွေရဲ့ ဩဇာလွှမ်းမိုးမှု ပိုသက်ရောက်လေပဲ” လို့ ကလေးတွေအကြောင်း စာအုပ်တစ်အုပ်က ဆိုတယ်။

  • နေ့ကလေးထိန်းကျောင်း ပို့မယ်ဆိုရင် ကိုယ်က ကလေးကို အဓိက ဩဇာလွှမ်းမိုးသူ ဆက်ဖြစ်နိုင်ပါ့မလားဆိုပြီး မိဘတွေ စဉ်းစားသင့်တယ်။

နေ့ကလေးထိန်းကျောင်းက ကလေးရဲ့ သင်ယူနိုင်စွမ်းကို ပိုကောင်းစေမလား။ ပိုကောင်းစေတယ်လို့ တချို့ ပြောမယ်။ တချို့ကတော့ သားသမီးတွေရဲ့ သင်ယူနိုင်စွမ်းအပေါ် ဘာသက်ရောက်မှုမှ မရှိဘူးလို့ ပြောကြတယ်။ ဘာပဲဖြစ်ဖြစ် ကလေးစိတ်ပညာရှင် ပယ်နလု ဒီလို ရေးတယ်- ဘဝမှာ အောင်မြင်ဖို့ ‘ပညာရေး’ သာ အဓိက၊ စောစော ပညာဆည်းပူးလေ ကောင်းလေပဲဆိုပြီး ပြောတာကို မယုံကြပါနဲ့။ မွေးကတည်းကစပြီး ကိုယ်သင်ပေးနေတဲ့ အရာတွေကို လျှော့မတွက်ပါနဲ့။”

  • နေ့ကလေးထိန်းကျောင်းက ကလေးအတွက် အကျိုးရှိသလား၊ အဲဒီမှာထားဖို့ တကယ် လိုအပ်ရဲ့လားဆိုတာ မိဘတွေ သုံးသပ်သင့်တယ်။

ကိုယ်ဖြစ်ဖြစ်၊ ကိုယ့်အိမ်ထောင်ဖက်ဖြစ်ဖြစ် အိမ်မှာ ကလေးနဲ့အတူ အချိန်ပြည့်နေဖို့ ဖြစ်နိုင်သလား။ မိဘနှစ်ပါးစလုံး အချိန်ပြည့် အလုပ်လုပ်တာက ပိုအဆင်ပြေပြေ နေချင်လို့လည်း ဖြစ်နိုင်တယ်။ အဲဒီလို လုပ်ရကျိုးနပ်သလား။

  • မိဘတစ်ယောက် အိမ်မှာ နေနိုင်ဖို့ အသုံးစရိတ်တွေ လျှော့ချလို့ရမလားဆိုပြီး စဉ်းစားသင့်တယ်။

ကောင်းကျိုး၊ ဆိုးကျိုးတွေကို အသေအချာ စဉ်းစားသုံးသပ်ပြီးမှ ကလေးကို နေ့ကလေးထိန်းကျောင်းမှာ ထားသင့်၊ မထားသင့် ဆုံးဖြတ်ပါ။ နေ့ကလေးထိန်းကျောင်းမှာ ထားတာက ပိုကောင်းတယ်လို့ ဆုံးဖြတ်ရင်ကော။

လုပ်ဆောင်နိုင်ရာ

“အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၁၄:၁၅) ဒီအခြေခံမူကို မှတ်ထားပြီး ကလေးကို နေ့ကလေးထိန်းကျောင်း ပို့ဖို့ မဆုံးဖြတ်ခင် အသေအချာ စဉ်းစားဆင်ခြင်ပါ။

လေ့လာပြီးမှ ရွေးချယ်ပါ

  • မိဘတချို့က ကလေးထိန်း တစ်ယောက်၊ နှစ်ယောက်လောက်နဲ့ ကလေးအနည်းငယ်ကို ထိန်းပေးတဲ့ အိမ်မျိုးကို ရွေးချယ်ကြတယ်။

  • တချို့မိဘတွေကျတော့ ကလေးကို ကြည့်ပေးဖို့ ဆွေမျိုး ဒါမှမဟုတ် အိမ်မှာနေပြီး ကလေးကို ကြည့်ပေးမယ့်သူ၊ ကလေးထိန်းကို ငှားကြတယ်။

ဘာကိုပဲ ရွေးရွေး ကောင်းကျိုးနဲ့ ဆိုးကျိုး ဒွန်တွဲနေပါတယ်။ ကလေးကို နေ့ကလေးထိန်းကျောင်းမှာ ထားဖူးတဲ့ မိဘတွေနဲ့ စကားပြောကြည့်ရင်ကော။ “အကြံဉာဏ် တောင်းခံသူတွေဆီမှာတော့ ဉာဏ်ပညာရှိတယ်” လို့ ကျမ်းစာမှာ ဆိုတယ်။—ပညာအလိမ္မာ ၁၃:၁၀။

နေ့ကလေးထိန်းကျောင်း ပို့ဖို့ ဆုံးဖြတ်ရင် . . .

ကျောင်းနဲ့ပတ်သက်ပြီး လေ့လာပါ။

  • လိုင်စင်ရထားတဲ့ ကျောင်းလား။ ဥပဒေတောင်းဆိုချက်တွေအတိုင်း လိုက်နာနေသလား။ နာမည်ကောင်း ရထားတဲ့ ကျောင်းလား။

  • ကျောင်းဟာ သန့်ရှင်းပြီး ဘေးကင်းသလား။

  • ကလေးတွေအတွက် ဘာလုပ်ဆောင်မှုတွေ ရှိသလဲ။a

ကလေးထိန်းတွေအကြောင်း လေ့လာပါ

  • ဘာသင်တန်းတွေ တက်ထားသလဲ။ ကလေးငယ် သင်ကြားမှု သင်တန်း၊ ရှေးဦးသူနာပြုစုနည်း၊ အရေးပေါ် အသက်ကယ်နည်း (CPR) တို့ကို သင်ထားပြီးပြီလား။

  • ကိုယ့်သားသမီးတွေကို စောင့်ရှောက်သူတွေမှာ ပြစ်မှုမှတ်တမ်း ရှိ၊ မရှိ စစ်ဆေးပါ။

  • ကလေးထိန်း အပြောင်းအလဲ မကြာခဏ ရှိတတ်သလား။ ရှိတယ်ဆိုရင် ကလေးဟာ ကလေးထိန်းအသစ်တွေနဲ့ ရင်းနှီးဖို့ အချိန်ယူရလိမ့်မယ်။

  • ကလေးထိန်းတစ်ယောက်က ကလေး ဘယ်နှယောက်ကို စောင့်ရှောက်နေသလဲ။ ကလေးထိန်းတစ်ယောက်က ကလေးအများကြီးကို ကြည့်ရှုနေရရင် ကိုယ့်ကလေး လိုအပ်တဲ့ ဂရုစိုက်မှုကို မပေးနိုင်ဘူး။ ကလေးရဲ့ အသက်အရွယ်၊ လုပ်ဆောင်နိုင်စွမ်းအပေါ် မူတည်ပြီး လိုအပ်တဲ့ ဂရုစိုက်ပေးမှု မတူနိုင်ပါဘူး။

  • ကလေးထိန်းတွေက သူတို့ လုပ်ချင်ရာတွေကိုပဲ ပြောနေကြ၊ လုပ်နေကြသလား။ မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း လိုလိုလားလား ဆက်သွယ်ပြောဆိုချင်ကြသလား။

a ဥပမာ၊ တစ်ချိန်လုံး တီဗီပြနေသလား။ ဉာဏ်ရည်ထက်မြက်စေပြီး ကိုယ်လက်လှုပ်ရှားစေတဲ့ အစီအစဉ်တွေ ရှိသလား။

ပြန်လည်သုံးသပ်ခြင်း- နေ့ကလေးထိန်းကျောင်းနဲ့ပတ်သက်ပြီး သိထားသင့်ရာ

  • လေ့လာပြီးမှ ဆုံးဖြတ်ပါ။ နေ့ကလေးထိန်းကျောင်း မဟုတ်ဘဲ ကလေးထိန်းအိမ်မျိုးကို မိဘတချို့ ရွေးချယ်ကြတယ်။ တချို့ကျတော့ ကလေးထိန်းဖို့ ဆွေမျိုးကို အိမ်ခေါ်ထားကြတယ်။ ရွေးချယ်မှုတိုင်းမှာ ကောင်းကျိုး၊ ဆိုးကျိုး ရှိလို့ အသေအချာ စဉ်းစားသင့်တယ်။

နေ့ကလေးထိန်းကျောင်း ပို့ဖို့ ဆုံးဖြတ်ရင် . . .

  • ကျောင်းနဲ့ပတ်သက်ပြီး လေ့လာပါ။ သန့်ရှင်းသလား။ ဘေးကင်းသလား။ လိုင်စင်ရကျောင်းလား။ ဘာလုပ်ဆောင်မှုတွေ ရှိသလဲ။

  • ကလေးထိန်းတွေအကြောင်း လေ့လာပါ။ အရည်အချင်း ပြည့်မီကြသလား။ မိဘတွေနဲ့ ကောင်းကောင်း ဆက်သွယ်ပြောဆိုကြသလား။ ကလေးတွေအတွက် ကလေးထိန်း အလုံအလောက် ရှိသလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ