ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၈၆
  • ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘာလုပ်ရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘာလုပ်ရမလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကူညီတဲ့ အကြံပြုချက်များ
  • ဆုံးဖြတ်ချက် ချပြီးမှ ပြန်ပြင်သင့်သလား
  • ပြင်လို့ မရတဲ့ ဆုံးဖြတ်ချက်အမှား ချမိရင်ကော
  • ကိုယ်စခဲ့တဲ့ အလုပ်ကို ပြီးစီးအောင်လုပ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ယေဟောဝါ နှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ဆုံးဖြတ်ချက် ကောင်းများချနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • သက်ဝင်ယုံကြည်ပါ၊ ပညာရှိစွာ ဆုံးဖြတ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၈၆
လူတစ်ဦး စားပွဲပေါ်က ကျမ်းစာနဲ့ တခြားစာအုပ်တွေကို အာရုံစိုက်ပြီး ကြည့်နေစဉ်။

ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘာလုပ်ရမလဲ

ကျမ်းစာအဖြေ

ကျမ်းစာမှာ ဆုံးဖြတ်ချက် ချနိုင်ဖို့ ကူညီပေးတဲ့ အကောင်းဆုံး လမ်းညွှန်ချက်တွေ ပါတယ်။ ကျမ်းစာက ‘ဉာဏ်ပညာနဲ့ သိနားလည်နိုင်စွမ်းကို ဆည်းပူးဖို့’ ကူညီပေးနိုင်တယ်။ (ပညာအလိမ္မာ ၄:၅) တချို့ကိစ္စမှာ ဘာက အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုတာ ကျမ်းစာ ဖော်ပြပေမဲ့ တချို့ကိစ္စမှာတော့ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကူညီတဲ့ အကြံဉာဏ်တွေကို ဖော်ပြပေးတယ်။

ဒီဆောင်းပါးမှာ

  • ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကူညီတဲ့ အကြံပြုချက်များ

  • ဆုံးဖြတ်ချက် ချပြီးမှ ပြန်ပြင်သင့်သလား

  • ပြင်လို့ မရတဲ့ ဆုံးဖြတ်ချက်အမှား ချမိရင်ကော

ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကူညီတဲ့ အကြံပြုချက်များ

  • အလျင်စလို မဆုံးဖြတ်ပါနဲ့။ “အမြော်အမြင် ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (ပညာအလိမ္မာ ၁၄:၁၅) အလျင်စလို ဆုံးဖြတ်လိုက်ရင် အရေးကြီးတာတွေကို ကျော်သွားနိုင်တယ်။ ဒါကြောင့် တခြားရွေးချယ်စရာ ဘာတွေ ရှိသေးလဲဆိုတာ အချိန်ယူ စဉ်းစားပါ။—၁ သက်သာလောနိတ် ၅:၂၁။

  • စိတ်ခံစားချက်ကိုပဲ အခြေခံပြီး မဆုံးဖြတ်ပါနဲ့။ ကိုယ့်စိတ်နှလုံးကို ယုံကြည်ကိုးစားလို့ မရဘူးဆိုပြီး ကျမ်းစာ သတိပေးတယ်။ (ပညာအလိမ္မာ ၂၈:၂၆။ ယေရမိ ၁၇:၉) ဥပမာ၊ ဒေါသထွက်နေချိန်၊ စိတ်ဓာတ်ကျနေချိန်၊ စိတ်ပျက်နေချိန်၊ စိတ်တိုနေချိန်၊ ပင်ပန်းနွမ်းလျနေချိန်မှာ ဆုံးဖြတ်ချက်အမှား ချမိနိုင်တယ်။—ပညာအလိမ္မာ ၂၄:၁၀။ ၂၉:၂၂။

  • ဉာဏ်ပညာ ရှိဖို့ ဆုတောင်းပါ။ (ယာကုပ် ၁:၅) အဲဒီဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်တယ်။ ဘုရားသခင်ဟာ မေတ္တာပြည့်ဝတဲ့ ဖခင် ဖြစ်လို့ မိမိရဲ့ သားသမီးတွေကို ဒုက္ခတွေ မကြုံစေချင်ဘူး။ “ယေဟောဝါက ဉာဏ်ပညာကို ပေးတယ်။ နှုတ်တော်ထွက်စကားဟာ အသိပညာနဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို ပေးတယ်။”a (ပညာအလိမ္မာ ၂:၆) ဉာဏ်ပညာကို အဓိကအားဖြင့် ကျမ်းစာကတစ်ဆင့် ပေးတယ်။—၂ တိမောသေ ၃:၁၆၊ ၁၇။

  • လူတစ်ဦး လက်ပတော့မှာ ရှာဖွေလေ့လာနေစဉ်။ စားပွဲပေါ်မှာ မှတ်စုနဲ့ စာအုပ်တွေ ရှိနေ။

    ရှာဖွေလေ့လာပါ။ စိတ်ချရတဲ့ သတင်းအချက်အလက်တွေ သိထားမှ ဆုံးဖြတ်ချက်ကောင်း ချနိုင်မယ်။ “ဉာဏ်ပညာ ရှိသူဟာ နားထောင်တဲ့အတွက် ပိုပြီး တတ်သိနားလည်လာတယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (ပညာအလိမ္မာ ၁:၅) အထောက်အကူပြုပြီး စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ။

    အရင်ဆုံး၊ ကိုယ်သိချင်တဲ့အကြောင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဘာပြောသလဲ ရှာဖွေပါ။ ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင်က ကျွန်တော်တို့ရဲ့ အကောင်းဆုံး အကျိုးကို လိုလားတဲ့အတွက် ကျမ်းစာမှာ လမ်းညွှန်ချက်တွေ ပေးထားတယ်။ (ဆာလံ ၂၅:၁၂) တချို့ကိစ္စမှာ ဘာလုပ်ရမယ်ဆိုတာကို ပညတ်ချက်တွေကတစ်ဆင့် ရှင်းရှင်းလင်းလင်း လမ်းညွှန်ထားတယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) တချို့ကိစ္စမှာတော့ ဘာလုပ်ရမယ်ဆိုတာ အတိအကျ မဖော်ပြဘဲ ကျမ်းစာအခြေခံမူတွေကတစ်ဆင့် လမ်းညွှန်ပေးတယ်။ ကျမ်းစာအခြေခံမူတွေက အကြိုက်ချင်း မတူတဲ့အခါမျိုးမှာတောင် ဆုံးဖြတ်ချက်ကောင်း ချဖို့ ကူညီပေးနိုင်တယ်။ သက်ဆိုင်တဲ့ ကျမ်းပိုဒ်တွေကို ရှာတွေ့ဖို့ ဒီဝက်ဘ်ဆိုက်ပေါ် အခမဲ့ ရနိုင်တဲ့ ကျမ်းစာအခြေပြု စာပေတွေ၊ ဆောင်းပါးတွေမှာ ရှာဖွေလေ့လာပါ။b

    တချို့ကိစ္စတွေကို ဆုံးဖြတ်နိုင်ဖို့ စိတ်ချရတဲ့ တခြားနေရာမှာ သတင်းအချက်အလက်တွေကို လေ့လာစစ်ဆေးဖို့ လိုနိုင်တယ်။ ဥပမာ၊ စျေးကြီးတဲ့ ပစ္စည်းတစ်ခုကို ဝယ်ချင်ရင် ပစ္စည်းနဲ့ ထုတ်လုပ်သူအကြောင်း၊ အာမခံချက် ရှိမရှိ၊ ပြန်အမ်းလို့ ရမရဆိုတာတွေကို စစ်ဆေးသင့်တယ်။ အဲဒီပစ္စည်းဟာ ကိုယ်လိုချင်နေတဲ့ပစ္စည်း ဟုတ်မဟုတ် အသေအချာ စစ်ဆေးဖို့လည်း လိုတယ်။

    “တိုင်ပင်ဆွေးနွေးတာ မရှိရင် အစီအစဉ်တွေ ပျက်တတ်တယ်” ဆိုပြီး ကျမ်းစာ ဆိုတယ်။ (ပညာအလိမ္မာ ၁၅:၂၂) ဒါကြောင့် ယုံကြည်စိတ်ချရသူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။ ဥပမာ၊ ကျန်းမာရေးနဲ့ပတ်သက်ရင် သမားတော်ကို တိုင်ပင်ဆွေးနွေးဖို့ လိုတယ်။ (မဿဲ ၉:၁၂) တစ်ခါတလေ ကိုယ့်အခြေအနေမျိုး ကြုံဖူးသူတွေနဲ့ တိုင်ပင်နိုင်တယ်။ ဒါပေမဲ့ ဆုံးဖြတ်ရမယ့် တာဝန်က ကိုယ့်တာဝန် ဖြစ်ပြီး ကြုံလာမယ့် အကျိုးဆက်ကို ကိုယ်ပဲ ခံရမယ်ဆိုတာကို မမေ့ပါနဲ့။—ဂလာတိ ၆:၄၊ ၅။

  • လူတစ်ဦး မှတ်စု မှတ်နေစဉ်။

    အချက်အလက်အားလုံးကို ထည့်တွက်စဉ်းစားပါ။ ရထားတဲ့ သတင်းအချက်အလက်တွေအပေါ် မူတည်ပြီး တခြားရွေးချယ်နိုင်စရာတွေ၊ ကောင်းကျိုးဆိုးကျိုးတွေကိုပါ စာရင်းပြုစုပါ။ ပြီးတဲ့နောက် ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်ကို စဉ်းစားပါ။ (တရားဟောရာ ၃၂:၂၉) ဥပမာ၊ ကိုယ့်ဆုံးဖြတ်ချက်ကြောင့် ကိုယ်တိုင်၊ ကိုယ့်မိသားစု၊ တခြားသူတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲ စဉ်းစားပါ။ (ပညာအလိမ္မာ ၂၂:၃။ ရောမ ၁၄:၁၉) ကျမ်းစာမူကို အခြေခံပြီး ဒီမေးခွန်းတွေကို ဖြေဆိုမယ်ဆိုရင် ပညာရှိတဲ့၊ မေတ္တာပါတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပါလိမ့်မယ်။

  • ဆုံးဖြတ်လိုက်ပါ။ မသေမချာ ဖြစ်နေလို့ ဆုံးဖြတ်ဖို့ ချီတုံချတုံ ဖြစ်တဲ့အခါလည်း ရှိနိုင်တယ်။ မဆုံးဖြတ်ဘဲ ထားတာက အခွင့်ကောင်းကို ဆုံးရှုံးစေနိုင်တယ်၊ အခက်တွေ့သွားစေနိုင်တယ်။ တစ်နည်းပြောရင် မပြတ်မသား ဖြစ်နေတာက ဆုံးဖြတ်ချက်အမှား ချမိတာနဲ့ တူနိုင်တယ်။ ကျမ်းစာမှာ ဒါကို စိုက်ပျိုးရေးအလုပ်နဲ့ ခိုင်းနှိုင်းပြီး အခုလို ဖော်ပြတယ်– “မိုးလေဝသ ကောင်းမွန်လာချိန်ကိုသာ စောင့်ဆိုင်းနေတတ်သူသည် အဘယ်အခါ၌မျှ အသီးအနှံများကို စိုက်ပျိုးရိတ်သိမ်းရလိမ့်မည် မဟုတ်။”—ဒေသနာ ၁၁:၄၊ ခေတ်သုံးကျမ်းစာ။

အကောင်းဆုံး ဆုံးဖြတ်လိုက်တာတောင် ပြီးပြည့်စုံတဲ့ ဆုံးဖြတ်ချက် ဟုတ်ချင်မှ ဟုတ်မယ်။ တစ်ခုခုကို ရွေးချယ်ဆုံးဖြတ်တဲ့အခါ စွန့်လွှတ်ရတာတွေလည်း ရှိတယ်။ အဲဒီအပြင် မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်တယ်။ (ဒေသနာ ၉:၁၁) ဒါကြောင့် အကောင်းဆုံး အချက်အလက်တွေကို သုံးပြီး အောင်မြင်နိုင်မယ့် ဆုံးဖြတ်ချက်ကို ရွေးချယ်ပါ။

ဆုံးဖြတ်ချက် ချပြီးမှ ပြန်ပြင်သင့်သလား

ဆုံးဖြတ်ချက်တိုင်းက အပြီးသတ် ဟုတ်ချင်မှ ဟုတ်မယ်။ ကိုယ့်အခြေအနေ ပြောင်းသွားတာမျိုး၊ အရင်ဆုံးဖြတ်ချက်ကြောင့် မထင်မှတ်တဲ့ အကျိုးဆက် ပေါ်လာတာမျိုး ကြုံရနိုင်တယ်။ ဒါကြောင့် အခြေအနေကို ပြန်သုံးသပ်ပြီး ရလဒ်ကောင်း ရနိုင်မယ့် တခြားတစ်ခုကို ရွေးချယ်ဆုံးဖြတ်နိုင်တယ်။

ဒါပေမဲ့ မပြင်သင့်တဲ့ ဆုံးဖြတ်ချက်တချို့တော့ ရှိတယ်။ (ဆာလံ ၁၅:၄) ဥပမာ၊ အိမ်ထောင်သည်တွေက အိမ်ထောင်ရေး ကတိသစ္စာကို စောင့်ထိန်းရမယ်လို့ ဘုရား မိန့်မှာတယ်။c (မာလခိ ၂:၁၆။ မဿဲ ၁၉:၆) အိမ်ထောင်ရေး ပြဿနာ ပေါ်လာရင် အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းပြီး ဆက်ပေါင်းသင်းရမယ်။

ပြင်လို့ မရတဲ့ ဆုံးဖြတ်ချက်အမှား ချမိရင်ကော

ကျွန်တော်တို့အားလုံး တစ်ချိန်မဟုတ် တစ်ချိန် မှားတတ်ကြတယ်။ (ယာကုပ် ၃:၂) ဝမ်းနည်းတာ၊ ငါ့အပြစ်ပဲလို့ ခံစားရတာက သဘာဝပါပဲ။ (ဆာလံ ၆၉:၅) ဒါက နောက်နောင် ဒီလိုအမှား ထပ်မလုပ်မိအောင် တားဆီးပေးနိုင်တယ်။ (ပညာအလိမ္မာ ၁၄:၉) ဒါပေမဲ့ ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေတာကိုတော့ ကျမ်းစာက အားမပေးဘူး။ စိတ်ဓာတ်ကျတာ၊ မှန်မှန်ကန်ကန် မစဉ်းစားနိုင်တာတွေ ဖြစ်လာနိုင်လို့ပါ။ (၂ ကောရိန္သု ၂:၇)d “ယေဟောဝါဟာ ကရုဏာရှိပြီး သနားစာနာတတ်တယ်” လို့ ကျမ်းစာ ဆိုတယ်။ (ဆာလံ ၁၀၃:၈-၁၃) ဒါကြောင့် ပြင်လို့ မရတော့တဲ့ ဆုံးဖြတ်ချက်အမှားကနေ သင်ခန်းစာယူပြီး အတတ်နိုင်ဆုံး အခြေအနေ ပြေလည်အောင် ကြိုးစားပါ။

a ယေဟောဝါဆိုတာ ကျမ်းစာမှာ ပါတဲ့ ဘုရားသခင်ရဲ့ နာမည် ဖြစ်ပါတယ်။—ဆာလံ ၈၃:၁၈။

b သင့်ဆုံးဖြတ်ချက်နဲ့ဆိုင်တဲ့ စကားလုံး၊ စကားစုကို jw.org မှာ ရိုက်ထည့်ပြီး ရှာဖွေလေ့လာနိုင်တယ်။ ဒီဝက်ဘ်ဆိုက်မှာ အကြောင်းအရာ အတော်များများအတွက် ကျမ်းစာအကြံဉာဏ်တွေ ပါတယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းထဲက “ကျမ်းစာစကားလုံးများ အညွှန်း” မှာလည်း ရှာနိုင်တယ်။

c ဘုရားသခင်က လက်ထပ်ထားတဲ့ မောင်နှံကို သေတစ်ပန်သက်ဆုံး ပေါင်းစေချင်တယ်။ လိင်အကျင့်ယိုယွင်းမှပဲ ကွာရှင်းခွင့်၊ ပြန်အိမ်ထောင်ပြုခွင့် ပေးထားတယ်။ (မဿဲ ၁၉:၉) အိမ်ထောင်ရေး အဆင်မပြေရင် မေတ္တာပါပါ၊ ဉာဏ်ပညာရှိရှိ ဖြေရှင်းနိုင်ဖို့ ကျမ်းစာ ကူညီပေးနိုင်ပါတယ်။

d ထပ်သိနိုင်ဖို့ “အပြစ်ရှိတယ်လို့ ခံစားရခြင်းကို သက်သာအောင် ကျမ်းစာ ကူညီပေးနိုင်သလား” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ