မာဂဒလမာရိဆိုတာ ဘယ်သူလဲ
ကျမ်းစာအဖြေ
မာဂဒလမာရိဆိုတာ ယေရှုခရစ်ရဲ့ သစ္စာရှိ နောက်လိုက် ဖြစ်တယ်။ ဂါလိလဲအိုင်အနီး (မာဂဒန်လည်း ဖြစ်နိုင်တဲ့) မာဂဒလမြို့မှာနေတဲ့အတွက် မာဂဒလမာရိလို့ ခေါ်ပုံရတယ်။ မာဂဒလဟာ မာရိရဲ့ နေရင်းမြို့ ဖြစ်မယ်။
ယေရှုနဲ့ တပည့်တွေ ခရီးလှည့်လည်ချိန် လိုက်ပါကူညီပေးတဲ့ အမျိုးသမီးတွေထဲမှာ မာဂဒလမာရိလည်း ပါတယ်။ (လုကာ ၈:၁-၃) ယေရှု ကွပ်မျက်ခံရတာကို မြင်တွေ့သူ၊ အသက်ပြန်ရှင်လာတဲ့ ယေရှုကို အရင်ဆုံး မြင်ခွင့်ရသူတွေထဲမှာ ပါတယ်။—မာကု ၁၅:၄၀။ ယောဟန် ၂၀:၁၁-၁၈။
မာဂဒလမာရိက ပြည့်တန်ဆာလား
ပြည့်တန်ဆာလို့ ကျမ်းစာမှာ မဖော်ပြဘူး။ သူ့ဆီကနေ ယေရှု နတ်ဆိုးခုနစ်ကောင် နှင်ထုတ်ပေးတယ်လို့ပဲ ဖော်ပြတယ်။—လုကာ ၈:၂။
မာဂဒလမာရိ ပြည့်တန်ဆာ ဖြစ်ခဲ့တယ်ဆိုတဲ့အယူအဆ ဘယ်က အရင်းခံသလဲ။ သူသေဆုံးပြီး ရာစုနှစ်ချီကြာပြီးနောက် တချို့က ယေရှုခြေရင်းနားမှာ ငို၊ မျက်ရည်စိုသွားတဲ့ ခြေထောက်ကို ဆံပင်နဲ့သုတ်ပေးတဲ့ အမည်မသိ (ပြည့်တန်ဆာ) ဟာ မာဂဒလမာရိပဲဆိုပြီး ယူဆလာကြတယ်။ (လုကာ ၇:၃၆-၃၈) ဒါပေမဲ့ ကျမ်းစာမှာတော့ အဲဒီလို မဖော်ပြဘူး။
မာဂဒလမာရိက “တမန်တော်တစ်ပါး” လား
မဟုတ်ပါဘူး။ ယေရှု အသက်ပြန်ရှင်ပြီဆိုတဲ့ သတင်းကို တမန်တော်တွေဆီ အရင်ဆုံး သွားပြောသူဖြစ်လို့ ကက်သလစ်ချာ့ချ်က မာရိကို “သူတော်စင် မာဂဒလမာရိ၊” “တမန်တော်တစ်ပါး” လို့ ခေါ်ကြတာပါ။ (ယောဟန် ၂၀:၁၈) ဒါပေမဲ့ ဒီအချက်ကြောင့် သူ တမန်တော် ဖြစ်မသွားပါဘူး။ ကျမ်းစာမှာ သူ့ကို တမန်တော်လို့ ခေါ်ထားတာ မရှိဘူး။—လုကာ ၆:၁၂-၁၆။
အေဒီ ပထမရာစုအကုန်မှာ ကျမ်းစာကို ရေးသားပြီးစီးတယ်။ ဒါပေမဲ့ ခြောက်ရာစုအထိ ချာ့ချ်အာဏာပိုင်တွေက မာဂဒလမာရိကို သူတော်စင်အဖြစ် အမွှမ်းတင်တာ မရှိသေးဘူး။ ဒုတိယနဲ့ တတိယရာစုက ကျမ်းရင်းဝင်မဟုတ်တဲ့ စာပေတွေမှာ မာရိကို ယေရှုရဲ့ တမန်တော်တချို့ မနာလိုဖြစ်ကြတယ်လို့ ဖော်ပြထားတယ်။ ဒီယုံတမ်းစကားတွေက ကျမ်းစာကို အခြေမခံဘူး။
မာဂဒလမာရိက ယေရှုခရစ်ရဲ့ ဇနီးလား
မဟုတ်ပါဘူး။ ယေရှုကို တစ်ကိုယ်ရေဆိုပြီး ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။a
a “ယေရှုက အိမ်ထောင်သည်လား၊ သူ့မှာ မောင်နှမတွေ ရှိသလား” ဆောင်းပါးကို ကြည့်ပါ။