မာတိကာ
မေ ၁၅၊ ၂၀၁၅
© 2015 Watch Tower Bible and Tract Society of Pennsylvania
လေ့လာရန်ဆောင်းပါးများ
ဇွန် ၂၉၊ ၂၀၁၅–ဇူလိုင် ၅၊ ၂၀၁၅
နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်
စာမျက်နှာ ၃ • သီချင်း– ၅၄၊ ၄၃
ဇူလိုင် ၆–၁၂၊ ၂၀၁၅
စာတန်ကို သင် တိုက်ခိုက်အောင်မြင်နိုင်
စာမျက်နှာ ၉ • သီချင်း– ၆၀၊ ၁၀၀
ဇူလိုင် ၁၃–၁၉၊ ၂၀၁၅
ကတိထားရာတွေကို သူတို့ “မြင်” ခဲ့ကြ
စာမျက်နှာ ၁၅ • သီချင်း– ၈၁၊ ၁၃၄
ဇူလိုင် ၂၀–၂၆၊ ၂၀၁၅
ထာဝရအသက်ကတိပေးထားတဲ့ ဘုရားသခင်ကို တုပပါ
စာမျက်နှာ ၂၁ • သီချင်း– ၁၂၊ ၆၉
လေ့လာရန်ဆောင်းပါးများ
▪ နိုးကြားနေပါ—သင့်ကို စာတန် ဝါးမျိုချင်
▪ စာတန်ကို သင် တိုက်ခိုက်အောင်မြင်နိုင်
စာတန်ဟာ သားကောင်တွေကို မနားတမ်းဝါးမျိုချင်နေတဲ့ ဟိန်းဟောက်နေတဲ့ခြင်္သေ့နဲ့ တူတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ သူက တန်ခိုးရှိတယ်၊ ရက်စက်တယ်၊ လှည့်စားတတ်တယ်။ အန္တရာယ်ရှိတဲ့ ဒီရန်သူကို ဘာကြောင့် တိုက်ခိုက်ရမယ်ဆိုတာ နားလည်အောင် ဒီဆောင်းပါးတွေက ကူညီပေးပါလိမ့်မယ်။ သူ့ထောင်ချောက်ထဲ မကျအောင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်နိုင်တယ်ဆိုတာကိုလည်း ဖော်ပြပါလိမ့်မယ်။
▪ ကတိထားရာတွေကို သူတို့ “မြင်” ခဲ့ကြ
▪ ထာဝရအသက်ကတိပေးထားတဲ့ ဘုရားသခင်ကို တုပပါ
ကိုယ်တစ်ခါမှ မမြင်ဖူးတာတွေအကြောင်း စိတ်ကူးကြည့်နိုင်တဲ့စွမ်းရည်ကို ယေဟောဝါပေးထားတယ်။ ကျွန်တော်တို့က ဒီစွမ်းရည်ကို အကောင်းဘက်မှာရော အဆိုးဘက်မှာပါ အသုံးပြုနိုင်တယ်။ ဒီဆောင်းပါးနှစ်ခုမှာ ကျမ်းစာခေတ်က လူတချို့အကြောင်း ဆွေးနွေးပါမယ်။ ကိုယ့်ရဲ့စိတ်ကူးနိုင်စွမ်းကို သုံးပြီး ယုံကြည်ခြင်းတိုးများလာအောင် ဘယ်လိုလုပ်ဆောင်နိုင်တဲ့အကြောင်း သူတို့ရဲ့ ပုံနမူနာကနေ သိလာပါလိမ့်မယ်။ ယေဟောဝါရဲ့မေတ္တာ၊ ကြင်နာမှု၊ ဉာဏ်ပညာ၊ ပျော်ရွှင်မှုတွေကို တုပနိုင်အောင် စိတ်ကူးနိုင်စွမ်းက ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာကိုလည်း သိရှိလာပါလိမ့်မယ်။
အဖုံး– ညီအစ်ကိုနှစ်ယောက် အိမ်နီးချင်း တစ်ယောက်နဲ့ ကျမ်းစာလေ့လာနေ
အာမေးနီးယား
လူဦးရေ
၃,၀၂၆,၉၀၀
ကြေညာသူ
၁၁,၁၄၃
မှန်မှန်ရှေ့ဆောင်
၂,၂၀၅
၂၃,၈၄၄
၂၀၁၄၊ ဧပြီ ၁၄ မှာ အောက်မေ့ရာပွဲကို ကြေညာသူအရေအတွက်ရဲ့ နှစ်ဆကျော် တက်ရောက်ခဲ့တယ်