မာတိကာ
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၅
© 2015 Watch Tower Bible and Tract Society of Pennsylvania
လေ့လာရန်ဆောင်းပါးများ
ဧပြီ ၆–၁၂၊ ၂၀၁၅
ယေရှုရဲ့ နှိမ့်ချမှုနဲ့ သနားစိတ်ကို တုပပါ
စာမျက်နှာ ၃ • သီချင်း– ၅၊ ၈၄
ဧပြီ ၁၃–၁၉၊ ၂၀၁၅
ယေရှုရဲ့ ရဲစွမ်းသတ္တိနဲ့ ပိုင်းခြားသိမြင်မှုကို တုပပါ
စာမျက်နှာ ၉ • သီချင်း– ၉၉၊ ၁၀၈
ဧပြီ ၂၀–၂၆၊ ၂၀၁၅
“ယေဟောဝါဘုရား၏ သွန်သင်တော်မူခြင်း” အတွက် လူမျိုးတွေကို အသင့်ပြင်ပေးခြင်း
စာမျက်နှာ ၁၅ • သီချင်း– ၉၈၊ ၁၀၄
ဧပြီ ၂၇၊ ၂၀၁၅–မေ ၃၊ ၂၀၁၅
ကမ္ဘာချီသွန်သင်ခြင်းလုပ်ငန်းကို ယေဟောဝါ လမ်းညွှန်နေ
စာမျက်နှာ ၂၁ • သီချင်း– ၁၀၃၊ ၆၆
လေ့လာရန်ဆောင်းပါးများ
▪ ယေရှုရဲ့ နှိမ့်ချမှုနဲ့ သနားစိတ်ကို တုပပါ
▪ ယေရှုရဲ့ ရဲစွမ်းသတ္တိနဲ့ ပိုင်းခြားသိမြင်မှုကို တုပပါ
ကျမ်းစာမှာ ယေရှုရဲ့စံနမူနာကို ထက်ကြပ်မကွာလိုက်လျှောက်ဖို့ အားပေးထားတယ်။ (၁ ပေ. ၂:၂၁) မစုံလင်တဲ့လူသားတွေအနေနဲ့ ကျွန်တော်တို့ဟာ ယေရှုရဲ့ စုံလင်တဲ့စံနမူနာကို တကယ်လိုက်လျှောက်နိုင်ပါ့မလား။ ပထမဆောင်းပါးမှာ ယေရှုရဲ့ နှိမ့်ချမှုနဲ့ သနားစိတ်ကို ဘယ်လိုတုပနိုင်တယ်ဆိုတဲ့အကြောင်း ဆွေးနွေးပါမယ်။ ဒုတိယဆောင်းပါးမှာ ယေရှုရဲ့ ရဲစွမ်းသတ္တိနဲ့ ပိုင်းခြားသိမြင်မှုကို ဘယ်လိုတုပနိုင်တယ်ဆိုတဲ့အကြောင်း ဆွေးနွေးပါမယ်။
▪ “ယေဟောဝါဘုရား၏ သွန်သင်တော်မူခြင်း” အတွက် လူမျိုးတွေကို အသင့်ပြင်ပေးခြင်း
▪ ကမ္ဘာချီသွန်သင်ခြင်းလုပ်ငန်းကို ယေဟောဝါ လမ်းညွှန်နေ
ပထမဆောင်းပါးမှာ ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်နိုင်ဖို့ ပထမရာစုမှာရှိတဲ့ ယေရှုရဲ့တပည့်တွေကို ယေဟောဝါ ဘယ်လိုကူညီခဲ့တယ်ဆိုတဲ့အကြောင်း ဖော်ပြထားတယ်။ ဒုတိယဆောင်းပါးမှာ ဘုရားသခင့်နိုင်ငံတော်အကြောင်း ကမ္ဘာချီသွန်သင်ပေးဖို့ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ကို ကူညီပေးနေတဲ့ အချက်တချို့ကို ဆွေးနွေးထားတယ်။
အဖုံး– နွေးထွေးပျူငှာတဲ့ အင်ဒိုနီးရှားလူမျိုးတွေ နေထိုင်တဲ့ ဘာလီကျွန်းမှာ တစ်အိမ်တက်ဆင်းဟောပြောရင်း နိုးလော့! မဂ္ဂဇင်း ဝေငှနေ
အင်ဒိုနီးရှား
လူဦးရေ
၂၃၇,၆၀၀,၀၀၀
ကြေညာသူ
၂၄,၅၂၁
မှန်မှန်ရှေ့ဆောင်
၂,၄၇၂
ကျွန်းပေါင်း ၂၈ ကျွန်းမှာ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေသူ ၃၆၉ ယောက်ရှိတယ်