ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၉/၁၅ စာ. ၁-၂
  • မာတိကာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မာတိကာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • လေ့လာရန်ဆောင်းပါးများ
  • လေ့လာရန်ဆောင်းပါးများ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၉/၁၅ စာ. ၁-၂

မာတိကာ

စက်တင်ဘာ ၁၅၊ ၂၀၁၄

© 2014 Watch Tower Bible and Tract Society of Pennsylvania

လေ့လာရန်ဆောင်းပါးများ

အောက်တိုဘာ ၂၇၊ ၂၀၁၄–နိုဝင်ဘာ ၂၊ ၂၀၁၄

သင့်မှာ အမှန်တရားရှိတယ် ဆိုတာ ယုံသလား၊ ဘာကြောင့်လဲ

စာမျက်နှာ ၃ • သီချင်း– ၂၈၊ ၁၀၇

နိုဝင်ဘာ ၃–၉၊ ၂၀၁၄

“ဆင်းရဲဒုက္ခများစွာခံ” ရတဲ့ကြားမှာ ဘုရားသခင်ကို သစ္စာရှိရှိ အမှုဆောင်ပါ

စာမျက်နှာ ၉ • သီချင်း– ၁၃၅၊ ၁၃၃

နိုဝင်ဘာ ၁၀–၁၆၊ ၂၀၁၄

မိဘတို့—သားသမီးတွေကို ထိန်းကျောင်းပါ

စာမျက်နှာ ၁၅ • သီချင်း– ၈၈၊ ၂၄

နိုဝင်ဘာ ၁၇–၂၃၊ ၂၀၁၄

နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးရှုံးခြင်းသို့ ရောက်ရ

စာမျက်နှာ ၂၁ • သီချင်း– ၁၁၁၊ ၁၀၉

နိုဝင်ဘာ ၂၄–၃၀၊ ၂၀၁၄

အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတွေကို သတိရပါ

စာမျက်နှာ ၂၇ • သီချင်း– ၉၅၊ ၁၀၀

လေ့လာရန်ဆောင်းပါးများ

▪ သင့်မှာ အမှန်တရားရှိတယ်ဆိုတာ ယုံသလား၊ ဘာကြောင့်လဲ

ယေဟောဝါသက်သေတွေမှာ အမှန်တရားရှိတယ်လို့ လူတွေ ဘာကြောင့်ပြောသလဲ၊ ယေဟောဝါသက်သေတွေက သူတို့မှာ အမှန်တရားရှိတယ်လို့ ဘာကြောင့် ယုံကြည်သလဲဆိုတဲ့ အကြောင်းရင်းတချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါလိမ့်မယ်။

▪ “ဆင်းရဲဒုက္ခများစွာခံ” ရတဲ့ကြားမှာ ဘုရားသခင်ကို သစ္စာရှိရှိ အမှုဆောင်ပါ

စာတန့်လောကမှာ အသက်ရှင်နေရလို့ ကျွန်ုပ်တို့အားလုံးဟာ ဆင်းရဲဒုက္ခတွေ ခံစားရနိုင်ပါတယ်။ တချို့အခက်အခဲတွေက ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို တိုက်ရိုက်တိုက်ခိုက်တယ်။ တချို့အခက်အခဲတွေက သွယ်ဝိုက်တိုက်ခိုက်တယ်။ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း အားနည်းသွားစေဖို့ စာတန် ဘယ်လိုကြိုးစားတယ်၊ သူ့ရဲ့တိုက်ခိုက်မှုကို ကာကွယ်ဖို့ ဘယ်လို ပြင်ဆင်နိုင်တယ်ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါလိမ့်မယ်။

▪ မိဘတို့—သားသမီးတွေကို ထိန်းကျောင်းပါ

မိဘတွေဟာ သားသမီးတွေကို အမှန်တရားနဲ့အညီ ပြုစုစောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ (ဧ. ၆:၄) မိဘတွေက သားသမီးတွေကို ဘယ်လိုထိန်းကျောင်းရမယ်၊ ယေဟောဝါကို ချစ်မြတ်နိုးလာဖို့ သူတို့ကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာနဲ့ ပတ်သက်တဲ့ နည်းလမ်းသုံးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးပါလိမ့်မယ်။

▪ နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးရှုံးခြင်းသို့ ရောက်ရ

သေခြင်းက ဆိုးရွားတဲ့ဒုက္ခတွေကို ဖြစ်ပေါ်စေတယ်။ လူတွေ ဘာကြောင့် သေသလဲ။ ‘နောက်ဆုံးရန်သူ သေခြင်း’ ဟာ ဘယ်လိုနည်းနဲ့ ဆုံးရှုံးခြင်းသို့ ရောက်မလဲ။ (၁ ကော. ၁၅:၂၆) ဒီမေးခွန်းတွေရဲ့အဖြေမှာ ယေဟောဝါရဲ့ တရားမျှတခြင်း၊ ဉာဏ်ပညာနဲ့ အထူးသဖြင့် မေတ္တာ ဘယ်လို ထင်ရှားသလဲ ဆိုတာ လေ့လာကြည့်ပါ။

▪ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတွေကို သတိရပါ

ပထမရာစုနဲ့ လက်ရှိအချိန်မှာ ယေဟောဝါကိုဝတ်ပြုသူများစွာဟာ အချိန်ပြည့်လုပ်ငန်းမှာ ကြိုးစားပါဝင်ခဲ့ကြတယ်။ သူတို့ရဲ့ “ယုံကြည်ခြင်းလုပ်ရပ်” နဲ့ “မေတ္တာပါသောကြိုးစားအားထုတ်မှု” ကို ကျွန်ုပ်တို့ ဘယ်လိုသတိရနိုင်သလဲ။—၁ သက်. ၁:၃။

အဖုံး– သီရိလင်္ကာနိုင်ငံရဲ့ အနောက်ဘက် ကမ်းခြေမှာရှိတဲ့ နိဂွန်ဘိုဒေသက တံငါသည် တစ်ယောက်ကို ညီအစ်ကိုနှစ်ယောက်က ကျမ်းစာသတင်းကောင်း ပြောပြနေ

သီရိလင်္ကာ

လူဦးရေ

၂၀,၈၆၀,၀၀၀

ကြေညာသူ

၅,၆၀၀

မှန်မှန်ရှေ့ဆောင်

၆၄၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ