မာတိကာ
ဧပြီ ၁၅၊ ၂၀၁၄
© 2014 Watch Tower Bible and Tract Society of Pennsylvania
လေ့လာရန်ဆောင်းပါးများ
ဇွန် ၂–၈၊ ၂၀၁၄
မောရှေရဲ့ယုံကြည်ခြင်းကို တုပပါ
စာမျက်နှာ ၃ • သီချင်း– ၃၃၊ ၁၃၃
ဇွန် ၉–၁၅၊ ၂၀၁၄
မမြင်ရတဲ့အရှင်ကို သင် မြင်ရသလား
စာမျက်နှာ ၉ • သီချင်း– ၈၁၊ ၁၃၂
ဇွန် ၁၆–၂၂၊ ၂၀၁၄
မည်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်
စာမျက်နှာ ၁၅ • သီချင်း– ၆၂၊ ၁၀၆
ဇွန် ၂၃–၂၉၊ ၂၀၁၄
ရဲစွမ်းသတ္တိရှိပါ—ယေဟောဝါဟာ သင့်ကို ကူညီမစတဲ့အရှင်ဖြစ်တယ်
စာမျက်နှာ ၂၁ • သီချင်း– ၂၂၊ ၉၅
ဇွန် ၃၀၊ ၂၀၁၄–ဇူလိုင် ၆၊ ၂၀၁၄
ယေဟောဝါရဲ့ဂရုစိုက်မှုကို သင်လေးမြတ်သလား
စာမျက်နှာ ၂၇ • သီချင်း– ၆၉၊ ၁၂၀
လေ့လာရန်ဆောင်းပါးများ
▪ မောရှေရဲ့ယုံကြည်ခြင်းကို တုပပါ
▪ မမြင်ရတဲ့အရှင်ကို သင် မြင်ရသလား
မောရှေရဲ့ယုံကြည်ခြင်းဟာ အလွန်ခိုင်ခံ့တယ်၊ အဲဒါကြောင့် ယေဟောဝါကို မြင်ရသလိုဖြစ်ခဲ့တယ်။ ကျွန်ုပ်တို့လည်း မောရှေလို ယုံကြည်ခြင်းမျိုးရှိဖို့နဲ့ “မမြင်ရသောအရှင်ကို မြင်ရသကဲ့သို့ တည်ကြည်လျက်နေ” ဖို့ ဘယ်လိုလုပ်နိုင်တယ်ဆိုတာ ဒီဆောင်းပါးတွေမှာ ဆွေးနွေးထားတယ်။—ဟေဗြဲ ၁၁:၂၇။
▪ မည်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်
▪ ရဲစွမ်းသတ္တိရှိပါ—ယေဟောဝါဟာ သင့်ကို ကူညီမစတဲ့အရှင်ဖြစ်တယ်
ကမ္ဘာတစ်ဝန်းကလူတွေဟာ အလုပ်လုပ်ဖို့အတွက် အိမ်နဲ့ဝေးတဲ့နေရာတွေကို ထွက်သွားကြတယ်။ သူတို့ရဲ့အိမ်ထောင်ဖက် ဒါမှမဟုတ် သားသမီးတွေကို ထားခဲ့ကြတယ်။ ယေဟောဝါက အိမ်ထောင်ဦးစီးတွေကို သူတို့ရဲ့မိသားစုကို ဘယ်လိုစောင့်ရှောက်စေချင်သလဲ၊ သူတို့ကို ကိုယ်တော် ဘယ်လိုကူညီပေးသလဲ ဆိုတဲ့အကြောင်းတွေကို ဒီဆောင်းပါးတွေမှာ ရှင်းပြထားတယ်။
▪ ယေဟောဝါရဲ့ဂရုစိုက်မှုကို သင်လေးမြတ်သလား
“ယေဟောဝါရဲ့မျက်စိက နေရာတိုင်းကို ကြည့်နေတယ်” လို့ ကျမ်းစာက ပြောတယ်။ ကိုယ်တော့်ပညတ်တွေကို ကျွန်ုပ်တို့ ချိုးဖောက်နေသလားဆိုတာ သိဖို့အတွက်ပဲ ယေဟောဝါစောင့်ကြည့်နေတယ်ဆိုပြီး ကြောက်ရွံ့နေဖို့လိုသလား။ (သု. ၁၅:၃၊ ကဘ) ယေဟောဝါရဲ့မေတ္တာပါ စောင့်ရှောက်မှုကနေ ကျွန်ုပ်တို့ အကျိုးရရှိနိုင်တဲ့နည်းလမ်းငါးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
အဖုံး– အစ္စတန်ဘူမြို့မှာ ညီအစ်ကိုတစ်ယောက်က သူ့ကိုဆံပင်ညှပ်ပေးတဲ့သူကို သက်သေခံပြီး သတင်းကောင်း ဘရိုရှာကို ဝေငှနေ
တူရကီ
လူဦးရေ
၇၅,၆၂၇,၃၈၄
ကြေညာသူ
၂,၃၁၂
ကျမ်းစာသင်အံမှု
၁,၆၃၂
အချိုး
သက်သေခံ ၁ ယောက်က လူဦးရေ ၃၂,၇၁၁ နဲ့ညီ
၂၀၀၄ ခုနှစ်ကစပြီး တူရကီမှာ မှန်မှန်ရှေ့ဆောင်အရေအတွက် တိုးတက်နှုန်း– ၁၆၅%