ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb17 စာ. ၄၈-၅၃
  • အာဖရိက

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာဖရိက
  • ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • နားမကြားသူကို ရှာတွေ့ဖို့ သူဆုတောင်းခဲ့
  • “ဒီဟောပြောချက်က ကျွန်တော့်အတွက်ပဲ”
  • “ကျွန်မ တိတ္ထိ မဟုတ်ဘူး”
  • လူတွေ အများကြီး လာကြ
  • ဘရိုရှာက သူ့အိမ်ထောင်ရေးကို ကူညီပေးခဲ့
  • ဘရိုရှာကို သူ ဘာသာပြန်ခဲ့
၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb17 စာ. ၄၈-၅၃
ဆီရာလီယွန်က လူတွေ ခရစ္စတယ်ကို နားမကြားတွေရှိတဲ့ရပ်ကွက်ဆီ လမ်းညွှန်ပေး

ဆီရာလီယွန်– ခရစ္စတယ် အကူအညီရခဲ့

ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့ သွန်သင်ခြင်း

အာဖရိက

  • နယ်မြေပေါင်း ၅၈

  • လူဦးရေ ၁,၁၀၉,၅၁၁,၄၃၁

  • ကြေညာသူ ၁,၅၃၈,၈၉၇

  • ကျမ်းစာသင်အံမှု ၄,၀၈၉,၁၁၀

နားမကြားသူကို ရှာတွေ့ဖို့ သူဆုတောင်းခဲ့

ဆီရာလီယွန်နိုင်ငံ၊ လက်သင်္ကေတပြလယ်ကွင်းမှာ သာသနာပြုအဖြစ် အမှုဆောင်နေတဲ့ ခရစ္စတယ်ဟာ နားမကြားသူတွေကို ရှာတွေ့ဖို့ ဆုတောင်းခြင်းနဲ့ တစ်နေ့တာကို အစပြုတယ်။ တစ်မနက်မှာ ပြန်လည်ပတ်မှုတစ်ခုကို ရှာဖို့ သွားနေကျ မဟုတ်တဲ့ လမ်းကနေ သွားခဲ့တယ်။ ဒီနားမှာ နားမကြားသူ ရှိလားလို့ အဲဒီအနားက လူတွေကို မေးတဲ့အခါ အိမ်တစ်အိမ်ကို ညွှန်ပြကြတယ်။ အဲဒီအိမ်မှာ သတင်းကောင်းကို ကောင်းကောင်း နားထောင်ပြီး လက်သင်္ကေတပြ အစည်းအဝေး တက်ဖို့ စိတ်ဝင်စားတဲ့၊ ဖော်ရွေတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ အဲဒီရွာသားတွေက နားမကြားသူ နောက်တစ်ယောက်နဲ့ တွေ့ချင်သေးလားလို့ ခရစ္စတယ်ကို ထပ်မေးတယ်။ ဒါနဲ့ အမှန်တရား ရှာနေတဲ့ စိတ်နှိမ့်ချသူ နောက်တစ်ယောက်ကို တွေ့ပြန်တယ်။ အဲဒီလမ်းမှာ သူ တစ်ကြိမ်ထက်မက အမှုဆောင်သွားခဲ့ပေမဲ့ အဲဒီမနက်မှာ တွေ့ရတဲ့သူ နှစ်ယောက်ကို တစ်ခါမှ မတွေ့ဖူးဘူး။ ယေဟောဝါရဲ့ အကူအညီမပါရင် ဒီစိတ်ဝင်စားသူနှစ်ယောက်ကို တွေ့မှာမဟုတ်ဘူးဆိုတာ ခရစ္စတယ် တထစ်ချ ယုံကြည်ခဲ့တယ်။

“ဒီဟောပြောချက်က ကျွန်တော့်အတွက်ပဲ”

လိုင်ဘေးရီးယားနိုင်ငံက အီမန်နျူအယ်ဟာ သီတင်းပတ်ကုန်ပိုင်း အစည်းအဝေး တက်ဖို့ နိုင်ငံတော်ခန်းမကို ကားမောင်းသွားနေတယ်။ သပ်သပ်ရပ်ရပ် ဝတ်စားထားပြီး လမ်းဘေးမှာ ရပ်နေတဲ့ လူငယ်လေးတစ်ယောက် တော်တော်လေး စိတ်ဒုက္ခရောက်နေပုံရတယ်။ သူ့ရဲ့ ပုံပန်းသဏ္ဌာန်ကြောင့် အီမန်နျူအယ် စိတ်ဝင်စားသွားပြီး ကူညီပေးဖို့ ကားကို ရပ်လိုက်တယ်။ သူ့နာမည် မိုးဇက်မှန်း သိရတယ်။ မနေ့ညက ပိုက်ဆံအားလုံး အခိုးခံရလို့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ စဉ်းစားနေတာ။ မိုးဇက် ပြောတာတွေကို အီမန်နျူအယ် နားထောင်ပေးပြီး “ကျွန်တော်နဲ့အတူ နိုင်ငံတော်ခန်းမကို လိုက်ခဲ့ပါလား” လို့ပြောလိုက်တယ်။ သူတို့နှစ်ယောက် ခန်းမကို ရောက်သွားတယ်။ ကြားရတဲ့အရာတွေကြောင့် မိုးဇက် မျက်ရည်ကျခဲ့တယ်။ လူထုဟောပြောချက်ကို နားထောင်ပြီးနောက်မှာ “ဒီဟောပြောချက်က ကျွန်တော့်အတွက်ပဲ။ ယေဟောဝါသက်သေတွေဟာ တကယ်ထူးခြားတယ်” လို့ မိုးဇက် ပြောတယ်။ အစည်းအဝေးပြီးတဲ့နောက်မှာ မိုးဇက် ကျမ်းစာသင်ဖို့ လက်ခံလိုက်ပြီး အခုဆိုရင် အသင်းတော် အစည်းအဝေးတွေ မှန်မှန်တက်နေပြီ။

“ကျွန်မ တိတ္ထိ မဟုတ်ဘူး”

အာမီနာတာဟာ ဂီနီ-ဘစ်ဆောနိုင်ငံက ၁၅ နှစ်အရွယ် ကျောင်းသူလေးဖြစ်တယ်။ သူ့အသက် ၁၃ နှစ်တုန်းက အနုပညာဆရာက ကာနီဗယ်ပွဲနဲ့သက်ဆိုင်တဲ့ မျက်နှာဖုံးနဲ့ တခြားပစ္စည်းတွေကို ပန်းချီဆွဲခိုင်းတယ်။ အဲဒီအစား အာမီနာတာက တိရစ္ဆာန်တွေ၊ အပင်တွေပါတဲ့ ရှုခင်းပုံတစ်ပုံ ဆွဲပြီး “ပရဒိသု” လို့ နာမည်ပေးလိုက်တယ်။ ဆရာက ပုံတွေကို စုလိုက်တဲ့အခါ အာမီနာတာရဲ့ပုံက ခေါင်းစဉ်နဲ့ မကိုက်ညီလို့ သုညပေးလိုက်တယ်။ အတန်းပြီးတဲ့အခါ အာမီနာတာက ဆရာဆီ သွားပြီး “ကာနီဗယ်ပွဲကို ဘယ်သူတွေ ကျင်းပတာလဲ” လို့ မေးလိုက်တယ်။

ဆရာက “တိတ္ထိတွေ” လို့ဖြေတယ်။

ဂီနီ-ဘစ်ဆောနိုင်ငံက ၁၅ နှစ်အရွယ် ကျောင်းသူ အမီနာတာ ပရဒိသုပုံ ဆွဲ

ဂီနီ-ဘစ်ဆော– အာမီနာတာ “ပရဒိသု” ပုံဆွဲနေ

ဒါနဲ့ အာမီနာတာက “ကျွန်မ တိတ္ထိ မဟုတ်ဘူး။ ဒါကြောင့် ဒီပွဲမျိုးမှာ မပါဝင်နိုင်ဘူး။ မကြာခင် ဘုရားက ကမ္ဘာမြေကို ပရဒိသုအဖြစ် ပြောင်းလဲပေးတော့မယ်လို့ ကျွန်မယုံကြည်တယ်။ အဲဒါကြောင့် ဒီပုံကို ဆွဲတာပါ” လို့ပြန်ပြောလိုက်တယ်။ မေးခွန်းလွှာကို သုံးပြီး စာမေးပွဲ ပြန်စစ်မယ်လို့ ဆရာ ပြောတယ်။ ဘာရလဒ် ရခဲ့သလဲ။ အမှတ် ၂၀ ပေးတာ ၁၈ မှတ်ရခဲ့တယ်။

လူတွေ အများကြီး လာကြ

မာလာဝီနိုင်ငံမှာရှိတဲ့ ရွာငယ်လေးတစ်ရွာက သီးခြားအုပ်စုမှာ ကြေညာသူ ၇ ယောက် ရှိတယ်။ သူတို့က ဝါးတိုင်၊ မြက်ခြောက်၊ ကျူဖျာနဲ့ ဆောက်ထားတဲ့ နေရာမှာ စည်းဝေးကြတယ်။ တိုက်နယ်ကြီးကြပ်မှူးရဲ့ အားပေးမှုကြောင့် ခရစ်တော်ရဲ့ သေခြင်းအောက်မေ့ရာပွဲအတွက် လူတွေကို ဖိတ်ခေါ်ဖို့ ညီအစ်ကို/မတွေ တော်တော် ထက်သန်ခဲ့ကြတယ်။ ချိတ်ဆွဲထားတဲ့ အောက်လင်းမီးရဲ့ အလင်းရောင်အောက်မှာ ဟောပြောသူက အောက်မေ့ရာပွဲ ဟောပြောချက် ပေးခဲ့တယ်။ ဒါပေမဲ့ သူ့ပတ်ပတ်လည်မှာ စိတ်ဝင်စားသူတွေ ဝိုင်းနေလို့ သိပ်လှုပ်ရှားလို့ မရဘူး။ ကြေညာသူ ၇ ယောက်ဟာ တက်ရောက်သူ ၁၂၀ ကြောင့် ဘယ်လောက်တောင် ပျော်ခဲ့ကြမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။

မာလာဝီနိုင်ငံက သီးခြားအုပ်စု သတိရအောက်မေ့ပွဲကို ၁၂၀ တက်ရောက်ခဲ့

မာလာဝီ– တက်ရောက်သူ ၁၂၀

ဘရိုရှာက သူ့အိမ်ထောင်ရေးကို ကူညီပေးခဲ့

လူစည်ကားတဲ့နေရာမှာ လူထုရှေ့သက်သေခံခြင်းရဲ့ အကျိုးရလဒ်ကို ချက်ချင်းလက်ငင်း မမြင်ရတဲ့အခါလည်း ရှိတယ်။ တိုဂိုနိုင်ငံရဲ့ မြို့တော် လိုမီးမှာ အမျိုးသမီးတစ်ယောက်ဟာ စာအုပ်စင်နားကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ ချဉ်းကပ်လာပြီး ပျော်ရွှင်တဲ့ မိသားစုဘဝကို ဘယ်လို ပိုင်ဆိုင်နိုင်မလဲ ဘရိုရှာကို ယူလိုက်တယ်။ ဧဖက် ၅:၃ ကိုအတိုချုပ် ဆွေးနွေးခဲ့ကြတယ်။ အမျိုးသမီးနဲ့ သက်သေခံတွေ အပြန်အလှန် ဖုန်းနံပါတ် ပေးကြတယ်။ နှစ်ပတ်အကြာမှာ အမျိုးသမီးက ဖုန်းဆက်ပြီး ခုလိုပြောတယ်– “တကယ်တော့ ယေဟောဝါသက်သေတွေကို ကျွန်မ သဘောမကျဘူး။ ဒါပေမဲ့ ဘရိုရှာကို ဖတ်လိုက်တယ်။ တကယ်ကောင်းတာပဲ။ ဒီစာအုပ်က ကျွန်မရဲ့ အိမ်ထောင်ရေး ပြဿနာတချို့ကို ဖြေရှင်းဖို့ ကူညီပေးခဲ့တယ်။ တခြား စုံတွဲနှစ်တွဲကိုလည်း ကျွန်မ ကူညီပေးခဲ့တယ်။ ယေဟောဝါသက်သေတွေအပေါ် ကျွန်မရဲ့အမြင် မှားခဲ့တယ်။ ကျွန်မဆီ လာပြီး ကျမ်းစာသင်ပေးပါ။” အဲဒီအမျိုးသမီးအပြင် သူကူညီပေးခဲ့တဲ့ တခြား စုံတွဲတစ်တွဲလည်း ကျမ်းစာ စလေ့လာခဲ့တယ်။

ဘရိုရှာကို သူ ဘာသာပြန်ခဲ့

ဂါနာနိုင်ငံက အန်ကာစီယာမြို့ဟာ မြို့ငယ်လေးဖြစ်တယ်။ ကုန်သည်အနည်းငယ်ဟာ ကုန်စည်တွေကို လမ်းမပေါ်မှာ ချရောင်းကြတယ်။ တနင်္လာနေ့တိုင်း စာအုပ်စင်နဲ့ လူထုရှေ့ သက်သေခံတယ်။ စာအုပ်စင်အနားမှာ ညီအစ်ကို စမ်မြူယယ် သက်သေခံပြီးတဲ့အခါ အိနော့က ဘုရားသခင့်စကား နားထောင်ပါ ဘရိုရှာကို လက်ခံလိုက်ပြီး ကူဆားလ် ဘာသာစကားနဲ့ စာပေတွေ ရှိလားလို့ မေးခဲ့တယ်။

ဂါနာနိုင်ငံ၊ အန်ကာဆီယာမြို့မှာ လူထုရှေ့ သက်သေခံကြ
အိနော့က စမ်မြူယယ်ကို ကူဆားလ်စကားနဲ့ ဘာသာပြန်ထားတဲ့ ဘရိုရှာ ပေး

ဂါနာ– ဘရိုရှာကို ကူဆားလ်ဘာသာစကားနဲ့ ဘာသာပြန်ခဲ့

စမ်မြူယယ်က “ဆောရီးပဲ၊ မရှိဘူး။ ဖရာဖရာ ဘာသာစကားနဲ့တော့ ရှိတယ်” လို့ပြောလိုက်တယ်။ ဒါနဲ့ အိနော့ဟာ ဆွေမျိုးတွေကို ပေးဖို့ စာပေတွေ တောင်းသွားပြီး မြောက်ဘက်ပိုင်းမှာရှိတဲ့ သူ့အိမ်ကို ပြန်သွားခဲ့တယ်။

အန်ကာစီယာမြို့ကို ပြန်ရောက်လာတဲ့အခါ စမ်မြူယယ်ကို စာရွက်စာတမ်းတချို့ ပေးတယ်။ အိနော့ဟာ ဘုရားသခင့်စကား နားထောင်ပါ ဘရိုရှာကို ကူဆားလ်စကားနဲ့ ဘာသာပြန်ခဲ့တယ်။ သူ အစည်းအဝေးတွေ တက်ပြီး ကျမ်းစာ မှန်မှန် လေ့လာနေတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ