ဂျော်ဂျီယာ
ဂျော်ဂျီယာနိုင်ငံမှာ နိုင်ငံတော်သတင်းပျံ့နှံ့ပုံကို ယေရှုရဲ့ ပုံဥပမာထဲက မမြင်ရတဲ့ တဆေးနဲ့ တင်စားနိုင်ပါတယ်။ (မ. ၁၃:၃၃) တဆေးလိုပဲ သတင်းကောင်းပျံ့နှံ့ပုံကို အစပိုင်းမှာတော့ သိသိသာသာ မမြင်ရဘူး။ သိပ်မကြာခင်မှာပဲ နိုင်ငံတော်သတင်းဟာ ထိုးဖောက်ပျံ့နှံ့ပြီး လူများစွာရဲ့ အသက်တာကို ပြောင်းလဲပါတော့တယ်။
“အခြေအနေကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ” မေတ္တာ၊ ယုံကြည်ခြင်း၊ သစ္စာတည်ကြည်ခြင်း၊ အစပြုလုပ်ဆောင်ခြင်းနဲ့ ရဲစွမ်းသတ္တိပြသရာမှာ ဂျော်ဂျီယာနိုင်ငံက ဘုရားသခင့်ကျေးကျွန်တွေရဲ့ လှုံ့ဆော်မှုဖြစ်စေတဲ့ အကြောင်းအရာတွေကို ဖတ်ကြည့်ပါ။—၂ တိ. ၄:၂။