ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb16 စာ. ၁၂၆-စာ. ၁၂၇ ပိုဒ်. ၃
  • စာရာရဲ့သမီးရင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရာရဲ့သမီးရင်း
  • ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချစ်မြတ်နိုးကြောင်း ထုတ်ဖော်ပြောဆိုပါ
    တွေ့ကြုံမှုများ
  • ဘုရားသခင်က “မင်းသမီး” လို့ နာမည်ပေးခဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ‘မင်းဟာ မိန်းမချောပဲ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb16 စာ. ၁၂၆-စာ. ၁၂၇ ပိုဒ်. ၃

အင်ဒိုနီးရှားနိုင်ငံ

စာရာရဲ့သမီးရင်း

တီတီ ကူတင်

  • မွေးဖွားတဲ့နှစ် ၁၉၂၈

  • နှစ်ခြင်းခံတဲ့နှစ် ၁၉၅၇

  • ကိုယ်ရေးမှတ်တမ်းအကျဉ်း အတိုက်အခံလုပ်တဲ့ခင်ပွန်း အမှန်တရားသိလာအောင် လိမ္မာပါးနပ်မှုရှိရှိ ကူညီပေးခဲ့တဲ့ ညီအစ်မဖြစ်တယ်။—သူ့သား မာရို ကူတင် ပြောပြတယ်။

တီတီ ကူတင်

အမေက ကျမ်းစာကိုမြတ်နိုးပြီး ကြင်နာဖော်ရွေတတ်သူပါ။ မြောက်ပိုင်းဆူလာဝေစီ၊ မာနာဒိုမြို့မှာ သာသနာပြုညီအစ်မ ဂါထရု အော့တ်နဲ့ တွေ့တဲ့အခါ ကျမ်းစာလေ့လာဖို့လက်ခံပြီး အမှန်တရားကို သိလာတာ။ ကျွန်တော့်အဖေ အာရ်ဝင်ကတော့ အထင်ကရဘဏ်လုပ်ငန်းရှင်ဖြစ်ပြီး နောက်ပိုင်း ဂျကာတာ စတော့ရှယ်ယာစျေးကွက်မှာ ဥက္ကဋ္ဌဖြစ်လာတယ်။ အဖေက အမေရဲ့ယုံကြည်ခြင်းအသစ်ကို အကြီးအကျယ်အတိုက်အခံလုပ်တယ်။

တစ်ရက်မှာတော့ အမေ့ကို

“မင်းရဲ့ဘာသာကို ရွေးမလား၊ ငါ့ကို ရွေးမလား။ တစ်ခုခုတော့ ရွေးကိုရွေးရမယ်” လို့ ဒေါသတကြီး ရာဇသံပေးလိုက်တယ်။

အမေက အကြာကြီးစဉ်းစားပြီး “နှစ်ခုစလုံးလိုချင်တယ်။ ရှင့်ကိုရော၊ ယေဟောဝါဘုရားကိုရော” ဆိုပြီး နူးနူးညံ့ညံ့လေး ပြန်ပြောလိုက်တယ်။

အဖေလည်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားပြီး ဒေါသတွေ အရည်ပျော်သွားတော့တယ်။

နောက်ပိုင်းမှာ အမေ့ကို ပိုသည်းခံလာတယ်။ အဖေက အမေ့ကို သိပ်ချစ်တာကိုး။ အမေ အမြော်အမြင်ရှိတာကိုလည်း သိပ်တန်ဖိုးထားတယ်။

ဒါပေမဲ့ အမေက အဖေ့ကို စစ်မှန်တဲ့ဘုရားအကြောင်း သိစေချင်တယ်။ အဲဒါနဲ့ပတ်သက်ပြီး ထက်ထက်သန်သန် ဆုတောင်းတယ်။ ဘာသာစကားသင်ယူတာကို အဖေစိတ်ဝင်စားမှန်းသိတော့ အင်္ဂလိပ်လိုရေးထားတဲ့ ကျမ်းချက်တွေကို အိမ်ထဲမှာ လိုက်ကပ်ထားပြီး “ကျွန်မ အင်္ဂလိပ်စာ တိုးတက်အောင် ကြိုးစားနေတယ်” လို့ပြောတယ်။ လူထုရှေ့စကားပြောတာကို အဖေအထင်ကြီးမှန်းသိတော့ ဟောပြောသွန်သင်ခြင်းသင်တန်းမှာ တာဝန်ကျလို့ ကူညီပေးနိုင်မလား ဆိုပြီးမေးတယ်။ အဖေလည်း ကူညီပေးတယ်။ ဒါ့အပြင် အဖေဧည့်ဝတ်ကျေပွန်တတ်မှန်းသိတော့ တိုက်နယ်ကြီးကြပ်မှူးကို အိမ်မှာတည်းခိုင်းလို့ရမလား ဆိုပြီးမေးတယ်။ အဖေလည်း ခွင့်ပြုတယ်။ မိသားစုကို အဖေသိပ်ချစ်မှန်းသိတော့ စည်းဝေးကြီးမှာ မိသားစုနဲ့အတူမထိုင်ချင်ဘူးလားလို့ နူးနူးညံ့ညံ့လေးမေးတယ်။ ဒီလိုနဲ့ စည်းဝေးကြီးလည်း တက်ဖြစ်သွားတယ်။

အမေ့ရဲ့ စိတ်ရှည်သည်းခံမှုနဲ့ လိမ္မာပါးနပ်မှုက အဖေ့နှလုံးသားကို တဖြည်းဖြည်း ပျော့ပျောင်းသွားစေခဲ့တာ။ နောက်ပိုင်း၊ ကျွန်တော်တို့မိသားစု အင်္ဂလန်မှာနေတဲ့အခါ အဖေက စည်းဝေးတွေ လိုက်တက်တယ်။ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကိုဂျွန်ဘားရ်နဲ့ ရင်းနှီးလာတယ်။ အဲဒီနှစ်မှာ အဖေနှစ်ခြင်းခံတဲ့အခါ အမေပျော်လိုက်တာ ပြောမနေပါနဲ့တော့။ နောက်ပိုင်းနှစ်တွေတစ်လျှောက် အဖေဟာ အမေ့ကို မေတ္တာနဲ့လွှမ်းခြုံထားခဲ့တယ်။

အမေဟာ ရိုးသားဖြူစင်တဲ့၊ လေးစားထိုက်တဲ့၊ ဘုရားနဲ့ဆက်ဆံရေးကောင်းရှိတဲ့ အမျိုးသမီးပဲလို့ ရင်းနှီးသူတွေ ပြောကြတယ်

မိတ်ဆွေတချို့က အမေ့ကို ပထမရာစုတုန်းက ဧည့်ဝတ်ကျေပွန်တဲ့အမျိုးသမီး လုဒိနဲ့တူတယ်လို့ ပြောကြတယ်။ (တ. ၁၆:၁၄၊ ၁၅) ကျွန်တော်ကတော့ အာဗြဟံကို လိုလိုလားလားလက်အောက်ခံတဲ့ စာရာနဲ့တူတယ်လို့ ထင်မိတယ်။ (၁ ပေ. ၃:၄-၆) အမေဟာ ရိုးသားဖြူစင်တဲ့၊ လေးစားထိုက်တဲ့၊ ဘုရားနဲ့ဆက်ဆံရေးကောင်းရှိတဲ့ အမျိုးသမီးပဲလို့ ရင်းနှီးသူတွေ ပြောကြတယ်။ သူ့ပုံသက်သေက အဖေ့ကို အမှန်တရားသိလာအောင် ကူညီပေးခဲ့တာ။ ကျွန်တော့်အတွက်တော့ အမေဟာ စာရာရဲ့သမီးရင်းပါပဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ