ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb20 အောက်တိုဘာ စာ. ၃
  • ယေဟောဝါနဲ့ သင့်ဆက်ဆံရေးကို တန်ဖိုးထားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါနဲ့ သင့်ဆက်ဆံရေးကို တန်ဖိုးထားပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါနဲ့ သင့်ဆက်ဆံရေး ဘယ်လောက်ခိုင်မြဲသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယေဟောဝါအား ချစ်မြတ်နိုးတတ်ရန် အခြားသူများကို သင်ပေးပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်နည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • အဘယ်အရာများမှ ကျွန်ုပ်တို့ ထွက်ပြေးရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
mwb20 အောက်တိုဘာ စာ. ၃
ရုပ်ပုံများ– လူတစ်ယောက် ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် လုပ်ဆောင်နေစဉ်– ၁။ ဆုတောင်းနေစဉ်။ မြားပုံက အပေါ်ဘက်ကို ပြနေ။ ၂။ ကျမ်းစာဖတ်နေစဉ်။ မြားပုံက အောက်ဘက်ကို ပြနေ။

ခရစ်ယာန်အသက်တာလမ်းစဉ်

ယေဟောဝါနဲ့ သင့်ဆက်ဆံရေးကို တန်ဖိုးထားပါ

ယေဟောဝါသက်သေတွေမှာ အခွင့်ထူးတစ်ခု ရှိတယ်။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တွေအနေနဲ့ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါနဲ့ နှစ်ကိုယ်ကြား ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ရှိအောင် လုပ်နိုင်ကြတယ်။ ဘုရားသခင်ဟာ သားတော်ကတစ်ဆင့် ကျွန်တော်တို့ကို ဆွဲဆောင်ခဲ့တယ်။ (ယဟ ၆:၄၄) ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို နားထောင်တယ်။—ဆ ၃၄:၁၅။

ဘုရားနဲ့ ကိုယ်နဲ့ကြားမှာ ရှိတဲ့ အဖိုးတန် ဆက်ဆံရေးကို ဘယ်လို ကာကွယ်နိုင်သလဲ။ တစ်နည်းကတော့ အစ္စရေးတွေ လိုက်ခဲ့တဲ့ အပြစ်လမ်းစဉ်ကို ရှောင်ခြင်း ဖြစ်တယ်။ သူတို့ဟာ ယေဟောဝါနဲ့ ပဋိညာဉ်ဖွဲ့ပြီး သိပ်မကြာခင်မှာပဲ ရွှေနွားရုပ် လုပ်ပြီး ကိုးကွယ်ခဲ့ကြတယ်။ (ထွ ၃၂:၇၊ ၈။ ၁က ၁၀:၇၊ ၁၁၊ ၁၄) ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးနိုင်တယ်– ‘သွေးဆောင်မှု ခံရတဲ့အခါ ငါ ဘယ်လို တုံ့ပြန်သလဲ။ ငါ့ရဲ့ တုံ့ပြန်ပုံက ယေဟောဝါနဲ့ ငါ့ရဲ့ ဆက်ဆံရေးကို တန်ဖိုးထားကြောင်း ဖော်ပြသလား။’ ကောင်းကင်ဘုံစံဖခင်ကို တကယ် ချစ်တယ်ဆိုရင် ဘုရား မကြိုက်တာတွေကို မလုပ်ဖို့ ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။—ဆ ၉၇:၁၀။

ယေဟောဝါနဲ့ သင့်ဆက်ဆံရေးကို ကာကွယ်ပါ (ကော ၃:၅) ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • လောဘကြီးခြင်း၊ ငမ်းငမ်းတက် လိုချင်ခြင်းဆိုတာ ဘာလဲ။

  • လောဘကြီးခြင်းနဲ့ ရုပ်တုကိုးကွယ်ခြင်းကို ကျွန်တော်တို့ ဘာကြောင့် ရှောင်သင့်သလဲ။

  • ရုပ်တုကိုးကွယ်ခြင်းနဲ့ အိမ်ထောင်ရေး ဖောက်ပြန်ခြင်း ဘယ်လို ဆက်စပ်နေသလဲ။

  • အမှုဆောင်လုပ်ငန်းမှာ တာဝန်ရထားသူတွေဟာ အထူးသဖြင့် ကိုယ့်အိမ်ထောင်ဖက်ကို ဘာကြောင့် ဂရုစိုက်ရမလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ