ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ထွက်မြောက်ရာ ၃၁-၃၂
ရုပ်တုကိုးကွယ်ခြင်းကို ရှောင်ပါ
ရုပ်တုကိုးကွယ်ခြင်းနဲ့ ပတ်သက်တဲ့ အစ္စရေးတွေရဲ့ အမြင်ကို အီဂျစ်တွေရဲ့ အတွေးအခေါ် လွှမ်းမိုးတာ ဖြစ်နိုင်တယ်။ အခုချိန်မှာ ရုပ်တုကိုးကွယ်မှုပုံစံ အမျိုးမျိုး ရှိနေတယ်။ တချို့တွေကို လွယ်လွယ်နဲ့ မသိနိုင်ဘူး။ ကျွန်တော်တို့က ရုပ်တုတွေကိုတော့ ကိုးကွယ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်ကျိုးရှာစိတ်ကြောင့် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ မကိုးကွယ်တော့ဘူးဆိုရင် ရုပ်တုကိုးကွယ်တာ ဖြစ်သွားနိုင်တယ်။
နေ့စဉ်အသက်တာမှာ ယေဟောဝါကို ဝတ်ပြုခြင်းကနေ အာရုံလွဲသွားစေနိုင်တဲ့အရာတွေက ဘာတွေလဲ။ အဲဒါတွေရဲ့ ထိန်းချုပ်မှု မခံရအောင် ငါ ဘယ်လို လုပ်နိုင်သလဲ။