ခရစ်ယာန်အသက်တာလမ်းစဉ်
အတွေ့အကြုံရှိတဲ့ ခရစ်ယာန်တွေဆီကနေ ဘာ သင်ယူနိုင်သလဲ
ယေဟောဝါရဲ့အမှုတော်မှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့တဲ့ ညီအစ်ကို/မတွေကို အသင်းတော်တွေမှာ တွေ့ရတယ်။ ယေဟောဝါကို သူတို့ အခိုင်အမာ ယုံကြည်အားကိုးမှုကနေ ကျွန်တော်တို့ သင်ယူနိုင်ပါတယ်။ ယေဟောဝါအဖွဲ့အစည်းရဲ့ သမိုင်းကြောင်း၊ သူတို့ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ ယေဟောဝါအကူအညီနဲ့ အောင်မြင်ကျော်လွှားခဲ့ပုံတွေကို မေးကြည့်နိုင်တယ်။ မိသားစုဝတ်ပြုမှုညချမ်းမှာ တစ်ယောက်ကို ဖိတ်ခေါ်ပြီး မေးကြည့်နိုင်တယ်။
သင်ဟာ အတွေ့အကြုံရှိတဲ့ ခရစ်ယာန်ဖြစ်တယ်ဆိုရင် လူငယ်တွေကို သင့်ယုံကြည်ခြင်းအကြောင်း ပြောပြပါ။ ယာကုပ်နဲ့ ယောသပ်ဟာ သားမြေးတွေကို သူတို့ရဲ့ အတွေ့အကြုံတွေ ပြောပြခဲ့တယ်။ (က ၄၈:၂၁၊ ၂၂။ ၅၀:၂၄၊ ၂၅) နောက်ပိုင်း၊ ယေဟောဝါက မိမိရဲ့တန်ခိုးကြီးတဲ့ လုပ်ရပ်တွေအကြောင်း သားမြေးတွေကို ပြောပြဖို့ အိမ်ထောင်ဦးစီးတွေကို မိန့်မှာခဲ့တယ်။ (တရ ၄:၉၊ ၁၀။ ဆ ၇၈:၄-၇) အခုအချိန်မှာလည်း မိဘတွေနဲ့ အသင်းတော်မှာရှိတဲ့ တခြားသူတွေဟာ အဖွဲ့အစည်းမှာ ယေဟောဝါ လုပ်ဆောင်ခဲ့တဲ့ အံ့ဖွယ်အမှုတွေအကြောင်း လူငယ်တွေကို ပြောပြနိုင်တယ်။
ပိတ်ပင်မှုအောက် စည်းလုံးမှုကို ထိန်းသိမ်းခြင်း ဗီဒီယိုကို ကြည့်ပြီး အောက်ပါမေးခွန်းတွေကို ဖြေပါ–
ဩစတြီးယား ဌာနခွဲဟာ ပိတ်ပင်ခံရတဲ့ နိုင်ငံတချို့က ညီအစ်ကိုတွေကို ဘယ်လို ကူညီပေးခဲ့သလဲ။
အဲဒီနိုင်ငံမှာရှိတဲ့ ညီအစ်ကိုတွေ ယုံကြည်ခြင်းခိုင်ခံ့ဖို့ ဘယ်လို လုပ်ဆောင်ခဲ့ကြသလဲ။
ရိုမေးနီးယားက ညီအစ်ကိုတွေ ယေဟောဝါရဲ့ အဖွဲ့အစည်းကနေ ဘာကြောင့် ခွဲထွက်သွားကြသလဲ။ ဘယ်လိုနည်းနဲ့ ပြန်ပူးပေါင်းခဲ့ကြသလဲ။
ဒီတွေ့ကြုံမှုတွေက သင့်ယုံကြည်ခြင်းကို ဘယ်လို ခိုင်ခံ့စေသလဲ။
ယုံကြည်ခြင်း ခိုင်ခံ့လာစေဖို့ အတွေ့အကြုံရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေဆီကနေ သင်ယူပါ