ခရစ်ယာန်အသက်တာလမ်းစဉ်
ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ခရစ်ယာန်ချင်းတွေအတွက် ဆုတောင်းဖို့ သတိရပါ
စာတန်က ကျွန်တော်တို့ကို ညှဉ်းပန်းနှိပ်စက်ပြီး ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်လိမ့်မယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ (ယော. ၁၅:၂၀။ ဗျာ. ၁၂:၁၇) တခြားနိုင်ငံတွေမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ခရစ်ယာန်ချင်းတွေကို ကျွန်တော်တို့ ဘယ်လိုကူညီပေးနိုင်မလဲ။ သူတို့အတွက် ဆုတောင်းပေးနိုင်ပါတယ်။ “ဖြောင့်မတ်သောသူ၏ တိုးလျှိုးအသနားခံချက်သည် အလွန်တန်ခိုးပါ၍ အကျိုးသက်ရောက်မှုရှိ၏။”—ယာ. ၅:၁၆။
ဘာအတွက် ဆုတောင်းပေးနိုင်သလဲ။ သူတို့တွေ မကြောက်မရွံ့ဘဲ ရဲစွမ်းသတ္တိရှိအောင် ကူညီပေးပါဆိုပြီး ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ (ဟေရှာ. ၄၁:၁၀–၁၃) ဟောပြောခြင်းလုပ်ငန်းကို မပိတ်ပင်ဘဲ အာဏာပိုင်တွေ ခွင့်ပြုပေးဖို့လည်း ဆုတောင်းနိုင်တယ်။ ဒါမှ ကျွန်တော်တို့ “ငြိမ်ဝပ်အေးချမ်းစွာ အသက်ရှင်နိုင်” မှာဖြစ်တယ်။—၁ တိ. ၂:၁၊ ၂။
ပေါလုနဲ့ ပေတရုတို့ ညှဉ်းပန်းနှိပ်စက်ခံရတုန်းက ပထမရာစုမှာရှိတဲ့ ခရစ်ယာန်တွေဟာ သူတို့အတွက် နာမည်နဲ့တကွ ဆုတောင်းပေးခဲ့ကြတယ်။ (တ. ၁၂:၅။ ရော. ၁၅:၃၀၊ ၃၁) ဒီနေ့အချိန်မှာလည်း ညှဉ်းပန်းနှိပ်စက်ခံနေရသူ အားလုံးရဲ့ နာမည်ကို မသိရင်တောင် သူတို့ရဲ့ အသင်းတော်၊ နိုင်ငံ၊ ဒေသရဲ့ နာမည်ထည့်ပြီး ဆုတောင်းပေးနိုင်မလား။