ခရစ်ယာန်အသက်တာလမ်းစဉ်
စစ်မှန်တဲ့ဝတ်ပြုရေးအတွက် သုံးတဲ့အဆောက်အဦတွေကို ဆောက်လုပ်၊ ပြုပြင်ထိန်းသိမ်းရတာက အခွင့်ထူးဖြစ်
ဗိမာန်တော်ဆောက်ဖို့ ငွေအင်အား၊ လူအင်အား အများကြီးလိုအပ်တယ်။ ဒါပေမဲ့ အစ္စရေးလူမျိုးဟာ ဒီလုပ်ငန်းကို စိတ်အားထက်သန်စွာ ထောက်မပေးခဲ့ကြတယ်။ (၅ ရာ. ၂၉:၂-၉; ၆ ရာ. ၆:၇၊ ၈) ဆောက်လုပ်ပြီးစီးသွားတဲ့ ဗိမာန်တော်ကို အစ္စရေးလူတွေ ပြုပြင်ထိန်းသိမ်းပုံက သူတို့ရဲ့ဘုရားရေးရာစိတ်ဓာတ် အတိမ်အနက်ကို ထင်ဟပ်ပြတယ်။ (၄ ရာ. ၂၂:၃-၆; ၆ ရာ. ၂၈:၂၄; ၂၉:၃) ဒီနေ့ခေတ် ခရစ်ယာန်တွေဟာ နိုင်ငံတော်ခန်းမနဲ့ စည်းဝေးခန်းမ ဆောက်လုပ်ရေး၊ သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေးမှာ အင်တိုက်အားတိုက် အချိန်ပေးလုပ်ဆောင်နေကြတယ်။ ဒီလိုနည်းနဲ့ ယေဟောဝါဘုရားအတွက် ပေးဆပ်ခွင့်ရတာဟာ မဟာအခွင့်ထူးဖြစ်ပြီး မြင့်မြတ်တဲ့ဝတ်ပြုရေးရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။—ဆာ. ၁၂၇:၁; ဗျာ. ၇:၁၅။
ကျွန်ုပ်တို့ ပါဝင်လုပ်ဆောင်နိုင်ပုံ
စည်းဝေးပြီးတိုင်း သန့်ရှင်းရေးပြုလုပ်ခြင်း။ အခြေအနေအမျိုးမျိုးကြောင့် သန့်ရှင်းရေးမှာ မပါဝင်နိုင်ရင် ကျေးဇူးပြု၍ သင့်ထိုင်ခုံနားက အမှိုက်ကိုကောက်ပေးပါ။
နိုင်ငံတော်ခန်းမ ပုံမှန်သန့်ရှင်းရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးမှာ ပါဝင်ခြင်း။ တက်ညီလက်ညီဝိုင်းလုပ်တဲ့အခါ ပျော်စရာကောင်းပြီး အလုပ်လည်း များများပြီးပါတယ်။—lv ၉၂-၉၃ အပိုဒ် ၁၈။
ငွေကြေးထည့်ဝင်လှူဒါန်းခြင်း။ ‘အလွန်တန်ဖိုးနည်းသော ဒင်္ဂါးနှစ်ပြား’ ဖြစ်ပေမဲ့ စေတနာမှန်နဲ့ပေးလှူလို့ ယေဟောဝါဘုရား စိတ်ကျေနပ်တယ်။—မာ. ၁၂:၄၁-၄၄။
ဝတ်ပြုရေးနဲ့သက်ဆိုင်တဲ့ အဆောက်အဦတွေ တည်ဆောက်၊ ပြုပြင်မွမ်းမံရေးမှာ ဖြစ်နိုင်တဲ့အခါတိုင်း စေတနာ့ဝန်ထမ်းခြင်း။ အဲဒီလိုလုပ်နိုင်ဖို့ ဆောက်လုပ်ရေးအတွေ့အကြုံရှိစရာ မလိုပါဘူး။