ဒီဇင်ဘာ ၇ မှာစမယ့်အပတ်အတွက်ဇယား
ဒီဇင်ဘာ ၇ မှာစမယ့်အပတ်
သီချင်း ၈၆ နဲ့ ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
ia အခန်း ၄၊ အပိုဒ် ၁-၁၅၊ စာမျက်နှာ ၃၉ မှလေးထောင့်ကွက် (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ၂ ရာဇဝင်ချုပ် ၁၀-၁၄ (၈ မိ.)
နံပါတ် ၁– ၂ ရာဇဝင်ချုပ် ၁၃:၁၃-၂၂ (၃ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုသူများသည် နှုတ်ကပါဌ်တော်နှင့် ဖီလာဆန့်ကျင်သော ထုံးတမ်းများကိုရှောင်၏—rs စ. ၃၃၃ အပိုဒ် ၄-၆ (၅ မိ.)
နံပါတ် ၃– ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကိုသိရန်၊ သုံးရန် အဘယ်ကြောင့်အရေးကြီးသနည်း—rs စ. ၂၅၀ အပိုဒ် ၁-စ. ၂၅၁ အပိုဒ် ၇ (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
ဒီလအတွက် အဓိကအကြောင်းအရာ– “ငါတို့သည် ဆင်းရဲဒုက္ခများစွာခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ကြရမည်။”—တမန်တော် ၁၄:၂၂။
၁၀ မိ– “ငါတို့သည် ဆင်းရဲဒုက္ခများစွာခံ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ကြရမည်။” ဒီလအတွက် အဓိကအကြောင်းအရာကို အခြေခံပြီးဟောပြောပါ။ တမန်တော် ၁၄:၂၁၊ ၂၂၊ ၁ ပေတရု ၄:၁၂-၁၄ တို့ကို ဖတ်ပြီး ဆွေးနွေးပါ။ (၂၀၁၄၊ စက်တင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၀၊ အပိုဒ် ၃-၆ ကိုကြည့်ပါ။) ဒီလရဲ့ လုပ်ငန်းတော်စည်းဝေး အပိုင်းတချို့ကိုဖော်ပြပြီး ဒီလအတွက်အဓိကအကြောင်းအရာနဲ့ ဘယ်လိုဆက်စပ်နေသလဲဆိုတာ ဆွေးနွေးပါ။ နောက်တစ်ပတ် လုပ်ငန်းတော်စည်းဝေးအတွက် ကြိုတင်ပြင်ဆင်တဲ့အခါ ‘အမြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းနေလော့’ ဗီဒီယိုကိုကြည့်ဖို့ ပရိသတ်ကို အားပေးပါ။
၁၀ မိ– သင် ဘယ်လိုပြန်ပြောမလဲ။ (ကော. ၄:၆) ဓမ္မအမှုကျောင်းစာအုပ်၊ စာမျက်နှာ ၆၉၊ အပိုဒ် ၁-၃ ကို အခြေခံပြီး ဟောပြောပါ။ မတူညီတဲ့ သရုပ်ပြနှစ်ခုပြပါ။ ပထမသရုပ်ပြမှာ အိမ်ရှင် ရိုင်းရိုင်းစိုင်းစိုင်းပြောတာကို ကြေညာသူက ကြွပ်ဆတ်ဆတ်၊ မာကျောကျောပြန်ပြောလို့ အိမ်ရှင်က အပျက်သဘောနဲ့တုံ့ပြန်ပုံကို ပြပါ။ ဒုတိယမှာတော့ အိမ်ရှင် ရိုင်းရိုင်းစိုင်းစိုင်းပြောပေမဲ့ ကြေညာသူက ခဏလေး စိတ်ငြိမ်အောင်နေပြီး နူးညံ့သိမ်မွေ့စွာ ပြောဆိုတာကြောင့် အိမ်ရှင်ဖြစ်သူ ကောင်းကောင်းတုံ့ ပြန်လာပုံကို ပြပါ။
၁၀ မိ– “ပရောဖက်တို့ကို တုပပါ—ဟဗက္ကုတ်။” မေးဖြေဆွေးနွေးပါ။
သီချင်း ၇၄ နဲ့ဆုတောင်းချက်