မေ ၄ အပတ်အတွက်ဇယား
မေ ၄ မှာစမယ့်အပတ်
သီချင်း ၆၈ နဲ့ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၂၄၊ အပိုဒ် ၁-၁၀ (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ၂ ဓမ္မရာဇဝင် ၁-၃ (၈ မိ.)
နံပါတ် ၁– ၂ ဓမ္မရာဇဝင် ၂:၂၄-၃၂ (၃ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– စကြဝဠာကိုပြုလုပ်ရာ၌ အသုံးပြုသော ကုန်ကြမ်းသည် အဘယ်ကလာသနည်း—rs စ. ၁၇၄ အပိုဒ် ၃-၄ (၅ မိ.)
နံပါတ် ၃– မကြာခင်ပြည့်စုံလာမယ့် သမ္မာကျမ်းစာကတိတော်များ—igw စ. ၁၆ အပိုဒ် ၄-စ. ၁၇ အပိုဒ် ၁ (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
ဒီလအတွက် အဓိကအကြောင်းအရာ– ပညာရှိတစ်ဦးလို အချိန်ကို အကျိုးရှိရှိအသုံးပြုပါ။ —ဧ. ၅:၁၅၊ ၁၆။
၁၀ မိ– ဒေသလိုအပ်များ။ မဂ္ဂဇင်းတင်ဆက်နည်းတွေကို သရုပ်ပြပါ။ (တကယ်လို့ အသင်းတော်မှာ မေလထုတ် မဂ္ဂဇင်းတွေမရောက်သေးဘူးဆိုရင် ဧပြီလထုတ် မဂ္ဂဇင်းတွေကို အစားထိုးတင်ဆက်ပါ။ တင်ဆက်နည်းတွေကို မတ်လထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှာ ကြည့်ပါ။)
၅ မိ– မေနဲ့ဇွန်လမှာ ဝေငှမယ့်စာပေများ။ ဆွေးနွေးပါ။ ဝေငှမယ့်စာပေတွေကို သုံးသပ်ပါ။ သရုပ်ပြတစ်ခု တင်ဆက်ပါ။
၁၅ မိ– တစ်ခါတလေမှသွားတဲ့ ရပ်ကွက်မှာ ဟောပြောခြင်း—အချိန်ကို အကျိုးရှိရှိအသုံးပြုပါ။ တစ်ခါတလေမှသွားတဲ့ ရပ်ကွက်မှာ ဟောပြောဖူးတဲ့ အကြီးအကဲက ဆွေးနွေးပါ။ သီးခြားရပ်ကွက်မှာ သက်သေခံခြင်း—ဩစတြေးလျ [အင်္ဂလိပ်] ဗီဒီယိုကို ဖွင့်ပြပါ။ (jw.org ကဒီခေါင်းစဉ်အောက်မှာကြည့်ပါ– ကျွန်ုပ်တို့အကြောင်း > လုပ်ဆောင်ချက်များ။) တစ်ခါတလေမှသွားတဲ့ ရပ်ကွက်မှာ ဟောပြောခြင်းကြောင့် ဗီဒီယိုမှာပါတဲ့ မိသားစု ရရှိတဲ့အကျိုးကျေးဇူးတွေကို ဆွေးနွေးပါ။ တစ်ခါတလေမှသွားတဲ့ရပ်ကွက်မှာ အမှုဆောင်ထွက်ခဲ့တဲ့သူကို လူတွေ့မေးမြန်းပါ။ မိသားစုမှာ၊ အမှုဆောင်လုပ်ငန်းမှာ၊ ဘုရားနဲ့ဆက်ဆံရေးမှာ ဘယ်လိုအကျိုးကျေးဇူးတွေ ရခဲ့သလဲ။ ဘယ်လိုစီစဉ်ခဲ့သလဲ။ တစ်ခါတလေမှသွားတဲ့ရပ်ကွက်မှာ အမှုဆောင်ချင်တဲ့သူကို အကြီးအကဲတွေက ကူညီပေးချင်ကြပါတယ်။ တစ်ခါတလေမှသွားတဲ့ရပ်ကွက်မှာ အမှုဆောင်ထွက်တာက အချိန်ကို အကျိုးရှိရှိအသုံးပြုတဲ့ နည်းလမ်းကောင်းဖြစ်တယ်ဆိုတာ အလေးပေးပြောပါ။ တကယ်လို့ ဒီဗီဒီယိုကို မရရှိနိုင်ဘူးဆိုရင် ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေဆောင်ရွက်နေသလဲ ဘရိုရှာ၊ အခန်း ၁၂၊ ကျွန်ုပ်တို့ရဲ့ နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းကို ဘယ်လို စီစဉ်ဆောင်ရွက်နေသလဲ ခေါင်းစဉ်အောက်ကအကြောင်းတွေကို အစားထိုးဆွေးနွေးပါ။
“အခိုင်အမာရပ်တည်ဖို့ သင်ပေးပါ” သီချင်းအသစ်နဲ့ ဆုတောင်းချက်
ဂရုပြုရန်– သီချင်းအသစ်ရဲ့တေးသံကို တစ်ခေါက်ဖွင့်ပြပါ။ ပြီးမှ အသင်းတော်လိုက် သီဆိုပါ။