နမူနာတင်ဆက်နည်းများ
နိုဝင်ဘာလရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစဖို့ ဒီလိုပြောနိုင်တယ်
“ဒီနေ့ နေရာတကာမှာ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ပျံ့နှံ့နေတယ်။ ဒီဆောင်းပါးမှာပါတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းကို ပြပါ။ [နိုဝင်ဘာ ၁ ရက်ထုတ်၊ ကင်းမျှော်စင် စာမျက်နှာ ၁၂ မှာပါတဲ့ ခေါင်းစဉ်ကို ဖတ်ပြပါ။] ဒီမေးခွန်းရဲ့ ဆိုလိုရင်းကို နားလည်ပါသလား။ [အိမ်ရှင်နဲ့ ဆွေးနွေးပါ။] ကျမ်းစာမှာ ဒီလို ပြောထားပါတယ်။ [၁ ကောရိန္သု ၆:၁၈ ကိုဖတ်ပြပါ။] နောက်တစ်ခေါက်ပြန်လာတဲ့အခါ ဒီအကြောင်းကို ပြန်ဆွေးနွေးကြရအောင်။”
ကင်းမျှော်စင် နိုဝင်ဘာ ၁
“ဒီကမ္ဘာမှာ တော်တော်ဆိုးရွားတဲ့ မကောင်းမှုတွေ ဘာကြောင့် ဒီလောက်တောင် ဖြစ်နေရတာလဲလို့ မိတ်ဆွေစဉ်းစားဖူးသလား။ [အဖြေကို စောင့်ပါ။] အကြောင်းရင်းကို ကျမ်းစာမှာ ဖော်ပြပေးထားတယ်။ [ဗျာဒိတ် ၁၂:၉ ကိုဖတ်ပါ။] ဒါပေမဲ့ ကျွန်တော်တို့ ဘာမျှော်လင့်နိုင်သလဲ။ [ဗျာဒိတ် ၁၂:၁၂ ကိုဖတ်ပါ။] မကြာခင်မှာ စာတန်မာရ်နတ်ရဲ့ ကြိုးကိုင်ခြယ်လှယ်မှုက ကုန်ဆုံးပါတော့မယ်။ စာတန်မာရ်နတ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကနေ အခုအချိန်မှာ ဘယ်လိုကာကွယ်နိုင်မလဲ၊ အနာဂတ်မှာ သူဘာဖြစ်သွားမလဲ စတဲ့အကြောင်းအရာတွေကို ‘စာတန်မာရ်နတ်ကို ကြောက်ဖို့လိုသလား’ ဆိုတဲ့ ဒီဆောင်းပါးမှာ ဖော်ပြပေးထားတယ်။ မိတ်ဆွေကို ဒီစာစောင်လေး လက်ဆောင်ပေးခဲ့ချင်တယ်။”
နိုလော့ နိုဝင်ဘာ
“လူတိုင်းက ပျော်ရွှင်ချင်ကြတယ်။ ဒါပေမဲ့ ဒီနေ့အချိန်မှာ အများစုကတော့ မပျော်နိုင်ကြဘူး။ စစ်မှန်တဲ့ပျော်ရွှင်မှုကို လိုချင်ရင် ဘာလုပ်ရမယ်လို့ မိတ်ဆွေထင်သလဲ။ [အဖြေကိုစောင့်ပါ။] ပျော်ရွှင်တဲ့ဘဝကို ရရှိနိုင်ဖို့ ကျမ်းစာအကြံပြုချက်ကို ပြချင်တယ်။ [ဟေဗြဲ ၁၃:၅ ကိုဖတ်ပါ။] စစ်မှန်တဲ့ ပျော်ရွှင်မှုရနိုင်တဲ့ အချက် ၄ ချက်ကို ဒီမဂ္ဂဇင်းမှာ ဖော်ပြပေးထားပါတယ်။”