လယ်ကွင်းလုပ်ငန်း ပေါ်လွင်ချက်များ
မြန်မာနိုင်ငံမှာ တိုင်းရင်းသားနဲ့ ဘာသာခြားစကားပြောအုပ်စုတွေ စတင်ဖွဲ့စည်းနေပါပြီ။ ကမာရွတ်အသင်းတော်မှာ ကချင်၊ ဗိုလ်တထောင်အသင်းတော်မှာ တမီးလ်၊ နံ့သာကုန်းအသင်းတော်မှာ စကောကရင်၊ လွိုင်ကော်အသင်းတော်မှာ ကယန်း၊ စီတာပူအသင်းတော်မှာ ကချင်၊ မန္တလေးအသင်းတော်မှာ တရုတ်နဲ့ လက်သင်္ကေတပြအုပ်စု၊ တာချီလိတ်အသင်းတော်မှာ အခါစတဲ့ အုပ်စုအသီးသီးကို ဖွဲ့စည်းနိုင်ခဲ့ပါပြီ။