နိုဝင်ဘာ ၃ အပတ်အတွက်ဇယား
နိုဝင်ဘာ ၃ မှာစမယ့်အပတ်
သီချင်း ၇၉ နဲ့ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၁၅၊ အပိုဒ် ၁၁-၁၉ (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– တရားဟောရာ ၁၄-၁၈ (၁၀ မိ.)
နံပါတ် ၁– တရားဟောရာ ၁၅:၁၆-၁၆:၈ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– အပြစ်နဲ့ ပတ်သက်ပြီး ကျမ်းစာမှာပါတဲ့ အမှန်တရားကို အသိအမှတ်ပြုဖို့လို—rs စ. ၃၈၅ အပိုဒ် ၄-စ. ၃၈၆ အပိုဒ် ၄ (၅ မိ.)
နံပါတ် ၃– ကောင်းကင် သို့မဟုတ် မြေကြီးပေါ် အသက်တာသို့ ရှင်ပြန်ထမြောက်ကြမည်—td ၃၀ခ (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– ဟောပြောခြင်းလုပ်ငန်းမှာ ကလေးတွေကို ကူညီပေးခြင်း။ ဆွေးနွေးပါ။ ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ပါ—အမှုဆောင်သွားကြစို့ ဗီဒီယိုကို ပြပါ။ (ဒီခေါင်းစဉ်အောက်မှာ ကြည့်ပါ– jw.org/mya သမ္မာကျမ်းစာသွန်သင်ချက်များ > ကလေးများ) ပြီးနောက် ကလေးတွေကို ဒီလို မေးပါ– အမှုဆောင်လွယ်အိတ်ရှိတဲ့ကလေး ဘယ်နှစ်ယောက်ရှိသလဲ။ လွယ်အိတ်ထဲမှာ ဘာတွေထည့်ထားကြသလဲ။ ရွှေစင်က သူ့လွယ်အိတ်ထဲကို အရင်ဆုံး ဘာထည့်သလဲ။ နောက်ထပ် ဘာတွေ ထည့်ဖို့ လိုသလဲ။ လွယ်အိတ်ထဲ လိုအပ်တာတွေ ထည့်ပြီးတဲ့နောက် သူ့အမေနဲ့အတူ အရေးကြီးတဲ့ ဘယ်အလုပ်ကို လုပ်ရအုံးမလဲ။ မဂ္ဂဇင်းတင်ဆက်နည်းကို ကလေးတစ်ယောက် သရုပ်ပြပါ။ ဗီဒီယိုမရှိဘူးဆိုရင် ဖွဲ့စည်းထားခြင်း စာအုပ်ရဲ့ စာမျက်နှာ ၈၂ မှာပါတဲ့ “လူငယ်များကို ကူညီပေးခြင်း” အကြောင်းအရာကို ပရိသတ်နဲ့ ဆွေးနွေးပါ။
၁၀ မိ– ဟောပြောခြင်းလုပ်ငန်းမှာ အရေးတကြီးသဘောထား တင်ပြနိုင်ပုံ။ အမှုဆောင်ခြင်းမှာ ပိုပါဝင်နိုင်ဖို့၊ ရှေ့ဆောင်လုပ်နိုင်ဖို့ အချိန်ဇယားကို ပြုပြင်ပြောင်းလဲခဲ့ကြတဲ့ ကြေညာသူနှစ်ယောက်၊ သုံးယောက်ကို အကြီးအကဲက လူတွေ့မေးမြန်းပါ။ အသင်းတော်ရဲ့ လယ်ကွင်းလုပ်ငန်းအစီအစဉ်တွေကို ပြန်သုံးသပ်ပြီး အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်နိုင်အောင် အချိန်ဇယားတွေကို ပြုပြင်ဖို့ အားပေးရင်း နိဂုံးချုပ်ပါ။
၁၀ မိ– အမှုဆောင်လုပ်ငန်းမှာ ဘယ်လို တိုးတက်နိုင်မလဲ။ လုပ်ငန်းတော်ကြီးကြပ်မှူး ဆွေးနွေးပါ။ “အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း” ဆောင်းပါးတွေကနေ အမှုဆောင်လုပ်ငန်းနဲ့ ပတ်သက်တဲ့ကဏ္ဍတွေမှာ ဘယ်လိုတိုးတက်မှုတွေ ရခဲ့သလဲဆိုတာကို မှတ်ချက်ပေးဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။ အဲဒီဆောင်းပါးတွေမှာပါတဲ့ အကြံပြုချက်တွေကို လက်တွေ့ကျင့်သုံးပြီး အရေးတကြီးသဘောထားနဲ့ ဆက်ဟောပြောနေဖို့ ပရိသတ်ကို အားပေးရင်း နိဂုံးချုပ်ပါ။
သီချင်း ၁၀၀ နဲ့ဆုတောင်းချက်