အောက်တိုဘာ ၁၃ အပတ်အတွက်ဇယား
အောက်တိုဘာ ၁၃ မှာစမယ့်အပတ်
သီချင်း ၈ နဲ့ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၁၄၊ အပိုဒ် ၁၀-၁၅ (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– တရားဟောရာ ၄-၆ (၁၀ မိ.)
နံပါတ် ၁– တရားဟောရာ ၄:၂၉-၄၃ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ဘုရားသခင့်နှစ်သက်လက်ခံမှုရချင်ရင် မဖြစ်မနေလုပ်ရမယ့် ပြောင်းလဲမှုများ—rs စ. ၃၀၆ အပိုဒ် ၃-စ. ၃၀၇ အပိုဒ် ၁ (၅ မိ.)
နံပါတ် ၃– ယေရှု၏ လူ့အသက်ကို ‘အားလုံးအတွက်ရွေးနုတ်ဖိုး’ အဖြစ်ပေးခဲ့—td ၂၉က (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
၅ မိ– အရေးတကြီးသဘောထားနဲ့ ဟောရမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ၂ တိမောသေ ၄:၂ မှာပါတဲ့အချက်ကို အလေးပေးဟောပါ။ ၂၀၁၂၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၆-၁၇၊ အပိုဒ် ၇-၉ မှာပါတဲ့ အချက်တွေကို အသုံးပြုပါ။
၁၀ မိ– ဟောပြောခြင်းလုပ်ငန်း ဘာကြောင့် အရေးကြီးတာလဲ။ ၂၀၁၂၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၅-၁၆၊ အပိုဒ် ၃-၆နဲ့ စာမျက်နှာ ၁၈၊ အပိုဒ် ၁၄-၁၈ ကိုအခြေခံပြီး အကြီးအကဲတစ်ယောက် ဟောပြောပါ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါ “အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း” ဆောင်းပါးတွဲတွေမှာပါတဲ့ အကြံပြုချက်တွေကို လက်တွေ့ကျင့်သုံးခြင်းက အရေးတကြီးသဘောထားနဲ့ ဘယ်လိုဟောပြောနိုင်မလဲဆိုတာ အလေးပေးဖော်ပြပါ။
၁၅ မိ– “နိုင်ငံတော်သတင်းတရား ပျံ့နှံ့စေဖို့ အခွင့်အရေးတွေကို အသုံးချပါ။” မေးဖြေဆွေးနွေးပါ။ အပိုဒ် ၃ ကို လေ့လာတဲ့အခါ အလွတ်သဘောသက်သေခံခြင်းကနေ ရရှိတဲ့ တွေ့ကြုံမှုကောင်းတွေကို ပြောပြဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။ ဒီလရဲ့ အဓိကအကြောင်းအရာနဲ့ ဆက်စပ်မှုကို ဖော်ပြပြီး နိဂုံးချုပ်ပါ။ လာမယ့်အပတ်ရဲ့ လုပ်ငန်းတော်စည်းဝေးမှာ ဆွေးနွေးမယ့် “အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း” ဆောင်းပါးတွဲနှစ်ခုကို ကြိုတင်ဖတ်လာဖို့ ပရိသတ်ကို အားပေးပါ။
သီချင်း ၉၇ နဲ့ ဆုတောင်းချက်