ဇန်နဝါရီ ၆ အပတ်အတွက်ဇယား
ဇန်နဝါရီ ၆၊ ၂၀၁၄ မှာစမယ့်အပတ်
သီချင်း ၁၃၂ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
cl စ. ၃ နဲ့ အခန်း ၁၊ အပိုဒ် ၁-၉ (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ကမ္ဘာဦး ၁-၅ (၁၀ မိ.)
နံပါတ် ၁– ကမ္ဘာဦး ၄:၁-၁၆ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– စစ်မှန်တဲ့ဘာသာရဲ့ အသင်းသားတွေဟာ ဘုရားသခင့်နိုင်ငံတော်အကြောင်း တက်ကြွစွာ သက်သေခံကြ— rs စ. ၁၉၂ အပိုဒ် ၁ (၅ မိ.)
နံပါတ် ၃– နှစ်ခြင်း—ခရစ်ယာန် သတ်မှတ်ပြဋ္ဌာန်းချက်တစ်ရပ်—td ၁၅က (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– ဇန်နဝါရီလမှာ ဝေငှမယ့် မဂ္ဂဇင်းတွေအတွက် အကြံပြုချက်များ။ ဆွေးနွေးပါ။ (သင်တို့ရဲ့ အသင်းတော်မှာ ဇန်နဝါရီလထုတ် မဂ္ဂဇင်းတွေ မရောက်သေးဘူးဆိုရင် နိုဝင်ဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုက ဒီဇင်ဘာလထုတ် မဂ္ဂဇင်းတင်ဆက်နည်းတွေကို အစားထိုး အသုံးပြုနိုင်ပါတယ်။) ဒီမဂ္ဂဇင်းတွေကို သင့်ရပ်ကွက်ကလူတွေ ဘာကြောင့် စိတ်ဝင်စားနိုင်တယ်ဆိုတာ စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ လောက် အချိန်ယူပြောပြပါ။ အဲဒီနောက် ကင်းမျှော်စင် မျက်နှာဖုံးဆောင်းပါးတွဲတွေကို အသုံးပြုပြီး ရပ်ကွက်ကလူတွေ စိတ်ဝင်စားနိုင်တဲ့ မေးခွန်းတစ်ခုနဲ့ ဘယ်ကျမ်းချက်ကို အသုံးပြုမယ်ဆိုတာ အကြံပြုချက်တွေပေးကြဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။ နိုးလော့! မဂ္ဂဇင်းကိုလည်း အဲဒီအတိုင်း ပြုလုပ်ပါ။ အချိန်ရမယ်ဆိုရင် မဂ္ဂဇင်းတစ်စောင်စီရဲ့ တခြားဆောင်းပါးတွေအတွက်လည်း အကြံပြုစေပါ။ မဂ္ဂဇင်းတစ်စောင်ချင်းစီရဲ့ ဝေငှပုံကိုလည်း သရုပ်ပြပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၀ မိ– ဘာသင်ယူရရှိသလဲ။ ဆွေးနွေးပါ။ ၁ ကောရိန္သု ၉:၁၉-၂၃ ကိုဖတ်ပါ။ အဲဒီကျမ်းချက်တွေက အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်လိုကူညီပေးနိုင်သလဲဆိုတာ သုံးသပ်ပါ။
သီချင်း ၇ နဲ့ ဆုတောင်းချက်