ဒီဇင်ဘာ ၂ အပတ်အတွက်ဇယား
ဒီဇင်ဘာ ၂ မှာစမယ့်အပတ်
သီချင်း ၁၂၃ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
jl အခန်း ၁၄-၁၆ (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ၁ ပေတရု ၁-၂ ပေတရု ၃ (၁၀ မိ.)
နံပါတ် ၁– ၁ ပေတရု ၂:၁၈-၃:၇ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– မှန်တဲ့ဘာသာက ကျမ်းစာပေါ်အခြေပြုပြီး ဘုရားသခင့်နာမတော်ကို သိရှိစေ—rs စ. ၁၉၀ အပိုဒ် ၅-စ. ၁၉၁ အပိုဒ် ၁ (၅ မိ.)
နံပါတ် ၃– ယေရှုက မေရှိယဖြစ်ကြောင်း ကျွန်ုပ်တို့ ဘာကြောင့် ယုံကြည်စိတ်ချ—လု. ၂၄:၄၄; ဂလ. ၄:၄ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၅ မိ– လရဲ့ ပထမဆုံးအပတ် စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှု စတင်နိုင်ပုံကို သရုပ်ပြပါ။ ဟောပြောပါ။ (တကယ်လို့ သင်တို့ရဲ့ အသင်းတော်မှာ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် မရောက်သေးဘူးဆိုရင် အောက်တိုဘာလထုတ် ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုက နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်နမူနာတင်ဆက်နည်းကို အစားထိုးပြီး အသုံးပြုနိုင်ပါတယ်။) ဒီဇင်ဘာလရဲ့ ပထမဆုံးစနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစနိုင်ဖို့ အားလုံးကို အားပေးပါ။ ကင်းမျှော်စင်ရဲ့ စာမျက်နှာ ၁၁ ကိုသုံးပြီး သင်အံမှုစနိုင်ပုံကို အတိုချုပ် သရုပ်ပြပါ။
၁၅ မိ– သင် စမ်းကြည့်ပြီးပြီလား။ ဆွေးနွေးပါ။ မကြာသေးခင်ကဆွေးနွေးခဲ့တဲ့ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှာပါတဲ့ “ကျွန်ုပ်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်– ကျွန်ုပ်တို့ကိုယ်တိုင်နဲ့ တခြားသူတွေအကျိုးအတွက်ဖြစ်” (km ၁၂/၁၂)၊ “သွန်သင်ခြင်းလုပ်ငန်းမှာ အဖွဲ့အစည်းထုတ် ဗီဒီယိုတွေကို အသုံးပြုပါ၊” “ဒီမဂ္ဂဇင်းကို ဘယ်သူတွေ စိတ်ဝင်စားမှာလဲ” (km ၅/၁၃) ဆောင်းပါးတွေပါ အချက်အလက်တွေကို ဟောပြောချက်ပုံစံနဲ့ အတိုချုပ် ပြန်သုံးသပ်ပါ။ အဲဒီဆောင်းပါးတွေမှာပါတဲ့ အကြံပြုချက်တွေကို လိုက်ခဲ့တဲ့အတွက် ဘာအကျိုးကျေးဇူးတွေ ရရှိခဲ့သလဲဆိုတာ မှတ်ချက်ပေးဖို့ ပရိတ်သတ်ကို ဖိတ်ခေါ်ပါ။
၁၀ မိ– “ဘုရားသခင်ကို ဂုဏ်တင်တဲ့ အမူအကျင့်။” မေးဖြေဆွေးနွေးပါ။ “၂၀၁၄ အထူးစည်းဝေးကြီးအတွက် သတိပေးချက်များ” ထဲက သက်ဆိုင်တဲ့ အချက်တွေကိုလည်း ဆွေးနွေးပါ။
သီချင်း ၁၂၁ နဲ့ ဆုတောင်းချက်