နိုဝင်ဘာ ၂၅ အပတ်အတွက်ဇယား
နိုဝင်ဘာ ၂၅ မှာစမယ့်အပတ်
သီချင်း ၁၂၂ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
jl အခန်း ၁၁-၁၃ (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ယာကုပ် ၁-၅ (၁၀ မိ.)
နံပါတ် ၁– ယာကုပ် ၁:၂၂-၂:၁၃ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– မေတ္တာက ကြောက်ရွံ့ခြင်းကို အနိုင်ယူနိုင်ပုံ—၁ ယော. ၄:၁၆-၁၈ (၅ မိ.)
နံပါတ် ၃– ကျမ်းစာဖတ်ရုံနဲ့ ဘာကြောင့် မလုံလောက်—rs စ. ၁၉၀ အပိုဒ် ၃-၄ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– ဒီဇင်ဘာလမှာ ဝေငှမယ့် မဂ္ဂဇင်းတွေအတွက် အကြံပြုချက်များ။ ဆွေးနွေးပါ။ (သင်တို့ရဲ့ အသင်းတော်မှာ ဒီဇင်ဘာလထုတ် မဂ္ဂဇင်းတွေ မရောက်သေးဘူးဆိုရင် အောက်တိုဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုက နိုဝင်ဘာလထုတ် မဂ္ဂဇင်းတင်ဆက်နည်းတွေကို အစားထိုး အသုံးပြုနိုင်ပါတယ်။) ဒီမဂ္ဂဇင်းတွေကို သင့် ရပ်ကွက်ကလူတွေ ဘာကြောင့် စိတ်ဝင်စားနိုင်တယ်ဆိုတာ စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ လောက် အချိန်ယူပြောပြပါ။ အဲဒီနောက် ကင်းမျှော်စင် မျက်နှာဖုံးဆောင်းပါးတွဲတွေကို အသုံးပြုပြီး ရပ်ကွက်ကလူတွေ စိတ်ဝင်စားနိုင်တဲ့ မေးခွန်းတစ်ခုနဲ့ ဘယ်ကျမ်းချက်ကို အသုံးပြုမယ်ဆိုတာ အကြံပြုချက်တွေပေးကြဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။ နိုးလော့! မဂ္ဂဇင်းကိုလည်း အဲဒီအတိုင်း ပြုလုပ်ပါ။ အချိန်ရမယ်ဆိုရင် မဂ္ဂဇင်းတစ်စောင်စီရဲ့ တခြားဆောင်းပါးတွေအတွက်လည်း အကြံပြုစေပါ။ မဂ္ဂဇင်းတစ်စောင်ချင်းစီရဲ့ ဝေငှပုံကိုလည်း သရုပ်ပြပါ။
၁၀ မိ– “အကျိုးရှိတဲ့ ကင်ပိန်းအစီအစဉ်။” ဆွေးနွေးပါ။ ဖြစ်နိုင်မယ်ဆိုရင် ပရိသတ်အားလုံးကို ဖိတ်စာတစ်စောင်စီပေးပြီး ဆွေးနွေးပါ။ ကင်ပိန်းကို ဘယ်အချိန်မှာ စမယ်ဆိုတာနဲ့ ရပ်ကွက်ပြီးစီးဖို့ ဘာအစီအစဉ်တွေ လုပ်ထားသလဲဆိုတာ အသင်းတော်ကို အသိပေးပါ။ အတိုချုပ် သရုပ်ပြတစ်ခု တင်ဆက်ပါ။
၁၀ မိ– “အမှုဆောင်လုပ်ငန်းမှာ အသုံးတည့်တဲ့ ဆောင်းပါးတွဲ။” မေးဖြေဆွေးနွေးပါ။ ကင်းမျှော်စင်မှာ မကြာခင်က ဖော်ပြခဲ့တဲ့ “အိမ်ရှင်နဲ့ စကားစမြည်ပြောဆိုခြင်း” ဆောင်းပါးတစ်ခုထဲက အပိုင်းတစ်ပိုင်းကိုသုံးပြီး အပိုဒ် ၃ မှာပါတဲ့ အကြံပြုချက်အတိုင်း အတိုချုပ် သရုပ်ပြပါ။
သီချင်း ၄၅ နဲ့ ဆုတောင်းချက်