ဩဂုတ် ၂၆ အပတ်အတွက်ဇယား
ဩဂုတ် ၂၆ မှာစမယ့်အပတ်
သီချင်း ၆၃ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
jr အခန်း ၁၃ အပိုဒ် ၁၄-၁၉ (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ရောမ ၁၃-၁၆ (၁၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း (၂၀ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– “လရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစဖို့ အလေးပေးလုပ်ဆောင်ပါ။” ဟောပြောပါ။ ပြီးတဲ့နောက် စက်တင်ဘာလရဲ့ ပထမဆုံးစနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုတစ်ခု ဘယ်လိုစတင်နိုင်သလဲဆိုတာ သရုပ်ပြပါ။ (သင်တို့ရဲ့ အသင်းတော်မှာ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် မရောက်သေးဘူးဆိုရင် ဇူလိုင်လထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုက ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင်ရဲ့ သင်အံမှုစဖို့ နမူနာတင်ဆက်နည်းကို အစားထိုး အသုံးပြုနိုင်ပါတယ်။) အားလုံးကို ပါဝင်ဖို့ အားပေးပါ။
၁၀ မိ– သတင်းကောင်း ဟောပြောခြင်း နည်းလမ်းများ—အုပ်စုပိုင်ရပ်ကွက်နဲ့ ကိုယ်ပိုင်ရပ်ကွက်။ ဖွဲ့စည်းထားခြင်းစာအုပ် စာမျက်နှာ ၁၀၂၊ အပိုဒ် ၃ ကနေ စာမျက်နှာ ၁၀၄၊ အပိုဒ် ၁ အထိကို အခြေခံပြီး ဆွေးနွေးပါ။ ရပ်ကွက်တောင်းဆိုခြင်းနဲ့ အမှုဆောင်ခြင်းအတွက် အစီအစဉ်ရေးဆွဲရာတွေနဲ့ပတ်သက်ပြီး ရပ်ကွက်အမှုထမ်းကို လူတွေ့ မေးမြန်းပါ။
၁၀ မိ– ကျွန်ုပ်တို့ဟာ ပရောဖက်အတုအယောင်တွေ မဟုတ်ရတဲ့အကြောင်းရင်း။ ကျိုးကြောင်းဆင်ခြင်စာအုပ်ရဲ့ စာမျက်နှာ ၂၂၅၊ အပိုဒ် ၂ ကနေ စာမျက်နှာ ၂၂၇ အပိုဒ် ၁အထိ ဆွေးနွေးပါ။ စာမျက်နှာ ၂၂၆ အပိုဒ် ၂ ကနေ စာမျက်နှာ ၂၂၇ အပိုဒ် ၁ မှာပါတဲ့ တင်ဆက်နည်းတွေကို မှတ်ချက်ပေးဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။
သီချင်း ၁၁၆ နဲ့ ဆုတောင်းချက်