ဩဂုတ် ၅ အပတ်အတွက်ဇယား
ဩဂုတ် ၅ မှာစမယ့်အပတ်
သီချင်း ၇၇ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
jr အခန်း ၁၂ အပိုဒ် ၂၀-၂၅၊ စာမျက်နှာ ၁၅၁ မှလေးထောင့်ကွက် (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ရောမ ၁-၄ (၁၀ မိ.)
နံပါတ် ၁– ရောမ ၃:၂၁-၄:၈ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ခရစ်ယာန်စစ်တွေက မိမိတို့ဟာ ဒီလောကအလယ်မှာ “တိုင်းတစ်ပါးဧည့်သည်များ” ဖြစ်တယ်လို့ ဘာကြောင့်ယူမှတ်ကြ—၁ ပေ. ၂:၁၁; ၁ ယော. ၂:၁၅-၁၇ (၅ မိ.)
နံပါတ် ၃– ကြီးစွာသောဒုက္ခအတွင်း ခရစ်ယာန်စစ်တွေ ဘယ်ကာကွယ်မှုကို ရကြမလဲ—rs စ. ၄၀၄ အပိုဒ် ၁-၅ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– ဩဂုတ်လမှာ ဝေငှမယ့် မဂ္ဂဇင်းတွေအတွက် အကြံပြုချက်များ။ ဆွေးနွေးပါ။ (သင်တို့ရဲ့ အသင်းတော်မှာ ဩဂုတ်လထုတ် မဂ္ဂဇင်းတွေ မရောက်သေးဘူးဆိုရင် ဇွန်လထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုက ဇူလိုင်လထုတ် မဂ္ဂဇင်းတင်ဆက်နည်းများကို အစားထိုးအသုံးပြုနိုင်ပါတယ်။) ဒီမဂ္ဂဇင်းတွေကို သင့်ရပ်ကွက်ကလူတွေ ဘာကြောင့် စိတ်ဝင်စားနိုင်တယ်ဆိုတာ စက္ကန့် ၃၀ ကနေ စက္ကန့် ၆၀ လောက် အချိန်ယူပြောပြပါ။ အဲဒီနောက် ကင်းမျှော်စင် မျက်နှာဖုံးဆောင်းပါးတွဲတွေကို အသုံးပြုပြီး ရပ်ကွက်ကလူတွေ စိတ်ဝင်စားနိုင်တဲ့ မေးခွန်းတစ်ခုနဲ့ ဘယ်ကျမ်းချက်ကို အသုံးပြုမယ်ဆိုတာ အကြံပြုချက်တွေပေးကြဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။ နိုးလော့! မဂ္ဂဇင်းရဲ့ ဆောင်းပါးတွဲတွေကိုလည်း အဲဒီအတိုင်း ပြုလုပ်ပါ။ အချိန်ရမယ်ဆိုရင် မဂ္ဂဇင်းတစ်စောင်စောင်ရဲ့ တခြားဆောင်းပါးတစ်ပုဒ်ကိုလည်း အလားတူ လုပ်ဆောင်ပါ။ မဂ္ဂဇင်းတစ်စောင်ချင်းစီရဲ့ ဝေငှပုံကို သရုပ်ပြပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
၁၀ မိ– ဘာသင်ယူသိရှိရသလဲ။ ဆွေးနွေးပါ။ လုကာ ၅:၂၇-၃၂ ကိုဖတ်ပါ။ ဒီမှတ်တမ်းက အမှုဆောင်လုပ်ငန်းမှာ ဘယ်လိုကူညီပေးနိုင်သလဲဆိုတာကို သုံးသပ်ပါ။
သီချင်း ၁၁၉ နဲ့ ဆုတောင်းချက်