ဇူလိုင် ၁၅ အပတ်အတွက်ဇယား
ဇူလိုင် ၁၅ မှာစမယ့်အပတ်
သီချင်း ၄၈ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
jr အခန်း ၁၂ အပိုဒ် ၁-၇ (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– တမန်တော် ၁၈-၂၁ (၁၀ မိ.)
နံပါတ် ၁– တမန်တော် ၂၀:၁၇-၃၈ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ခရစ်တော်ဟာ မိုးတိမ်မှာ ပေါ်ထွန်းပြီး လောကသားတွေရဲ့ မျက်စိရှေ့မှာ သစ္စာရှိခရစ်ယာန်တွေကို ဆောင်ယူသွားမှာလား—rs စ. ၄၀၁ အပိုဒ် ၂-စ. ၄၀၂ အပိုဒ် ၂ (၅ မိ.)
နံပါတ် ၃– စွမ်းအားတော်နဲ့စပ်ဆိုင်ရာများကို စိတ်စွဲလမ်းကြောင်း ဘယ်လိုတင်ပြနိုင်သလဲ—ရော. ၈:၆ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– သင်သားရဲ့ စိတ်နှလုံးထဲထိ ရောက်အောင် သင်ပေးပါ။ (လု. ၂၄:၃၂) အောက်ပါမေးခွန်းများအပေါ် အခြေခံပြီး ဆွေးနွေးပါ– (၁) ကျမ်းစာသင်အံမှုလုပ်တဲ့အခါ အောက်ပါအချက်တွေကို အလေးပေးဖော်ပြဖို့ ဘာကြောင့် အရေးကြီးတာလဲ။ (က) ယေဟောဝါဘုရားသခင်ရဲ့ မေတ္တာနဲ့ ဉာဏ်ပညာ။ (ခ) သမ္မာကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးခြင်းရဲ့ အကျိုးရှိပုံ။ (ဂ) ဆုံးဖြတ်ချက်မချခင် ယေဟောဝါဘုရားရဲ့ လမ်းညွှန်ချက်ကို အမြဲရှာဖွေဖို့ လိုအပ်ပုံ။ (၂) သင်သားရဲ့ စိတ်နှလုံးထဲ ရောက်မရောက်သိနိုင်ဖို့ အောက်ပါမေးခွန်းတွေက ဘယ်လိုကူညီပေးနိုင်သလဲ။ (က) ဒီအကြောင်းက သင့်အတွက် ယုတ္တိရှိသလား။ (ခ) ဒီအချက်က ဘုရားသခင်ရဲ့ မေတ္တာနဲ့ ကိုက်ညီတယ်လို့ သင် ထင်သလား။ (ဂ) ဒီအကြံပေးချက်ကို လက်တွေ့ကျင့်သုံးမယ်ဆိုရင် ဘာအကျိုးရနိုင်မလဲ။
၂၀ မိ– “လူငယ်ညီအစ်ကိုများ၊ ရှေ့ကို တက်လှမ်းနေကြသလား။” မေးဖြေဆွေးနွေးပါ။ အသက်ငယ်ပေမယ့် အကြီးအကဲ ဒါမှမဟုတ် ဓမ္မအမှုထမ်းအဖြစ် တက်လှမ်းခဲ့တဲ့ ညီအစ်ကိုတစ်ဦးကို အတိုချုပ် လူတွေ့မေးမြန်းပါ။ ဒီညီအစ်ကို ဓမ္မအမှုထမ်းမဖြစ်ခင် ဘာတာဝန်တွေနဲ့ ဘယ်လိုလေ့ကျင့်မှုတွေ ရခဲ့သလဲ။ ဘုရားရေးရာမှာ သူ တိုးတက်နိုင်ဖို့ အသင်းတော်မှာရှိတဲ့ တခြားသူတွေ ဘယ်လိုကူညီပေးခဲ့သလဲ။ အခုလို သူ ကြိုးစားတက်လှမ်းနေတဲ့အတွက် ဘာကောင်းချီးတွေ ခံစားရသလဲ။
သီချင်း ၈၅ နဲ့ ဆုတောင်းချက်