ဇူလိုင် ၈ အပတ်အတွက်ဇယား
ဇူလိုင် ၈ မှာစမယ့်အပတ်
သီချင်း ၄၃ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
jr အခန်း ၁၁ အပိုဒ် ၁၅-၂၁ (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– တမန်တော် ၁၅-၁၇ (၁၀ မိ.)
နံပါတ် ၁– တမန်တော် ၁၆:၁၆-၃၄ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ခရစ်ယာန်တစ်ဦးဟာ နှိပ်စက်ညှဉ်းပန်းခံရတဲ့အခါ ဘာကြောင့်ပျော်ရွှင်နိုင်သလဲ—မ. ၅:၁၁၊ ၁၂ (၅ မိ.)
နံပါတ် ၃– ခရစ်ယာန်တွေဟာ သခင်နဲ့အတူနေဖို့ “ချီဆောင်” ခံရမယ်လို့ ပေါလုပြောချိန်တုန်းက ဘာအကြောင်းကို သူဆွေးနွေးနေတာလဲ—rs စ. ၄၀၀ အပိုဒ် ၅-စ. ၄၀၁ အပိုဒ် ၁ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– သတင်းကောင်းဟောပြောခြင်းနည်းလမ်းများ—စိတ်ဝင်စားသူတို့ကို ယေဟောဝါအဖွဲ့အစည်းသို့ လမ်းညွှန်ခြင်း။ ဖွဲ့စည်းထားခြင်းစာအုပ်ရဲ့ စာမျက်နှာ ၉၉၊ အပိုဒ် ၂ ကနေ စာမျက်နှာ ၁၀၀၊ အပိုဒ် ၁ ကို အခြေခံပြီး ဟောပြောပါ။ ယေဟောဝါအလိုတော် ဘရိုရှာကို အသုံးပြုပြီး ကျမ်းစာသင်သားတွေကို အဖွဲ့အစည်းဆီ ဘယ်လိုလမ်းညွှန်ခဲ့သလဲဆိုတာ မှတ်ချက်ပေးဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။
၁၀ မိ– ယေဟောဝါကို စမ်းသပ်ပြီး လိုလေသေးမရှိအောင် သွန်းလောင်းခံရမယ့် ကောင်းချီးတွေကို ရယူပါ။ (မာလ. ၃:၁၀) မှန်မှန်ရှေ့ဆောင် နှစ်ယောက်၊ သုံးယောက်ကို လူတွေ့မေးမြန်းပါ။ ရှေ့ဆောင်လုပ်တဲ့အခါ သူတို့အတွက် ဘာက အပျော်ရွှင်ဆုံးလဲ။ ရှေ့ဆောင်လုပ်ခြင်းက ယေဟောဝါနဲ့ ဘယ်လို ပိုရင်းနှီးလာစေသလဲ။ သူတို့ ကြုံတွေ့ခဲ့ရတဲ့ အမှတ်ရစရာ တွေ့ ကြုံမှုတွေကို ပြန်ပြောပြဖို့ ဖိတ်ခေါ်ပါ။ စက်တင်ဘာလကနေစပြီး မှန်မှန်ရှေ့ဆောင်လုပ်နိုင်မလားဆိုတာ သုံးသပ်ကြည့်ဖို့ ကြေညာသူတွေကို အားပေးရင်း နိဂုံးချုပ်ပါ။
၁၀ မိ– “ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ—ယောလ။” မေးဖြေဆွေးနွေးပါ။
သီချင်း ၅၄ နဲ့ ဆုတောင်းချက်