အကြောင်းအရာတစ်ခုကို တင်ဆက်ပြီး မဂ္ဂဇင်းနှစ်စောင်စလုံးကို ပေးလိုက်ပါ
မဂ္ဂဇင်းနှစ်စောင်စလုံးမှာ စိတ်ဝင်စားစရာအကြောင်းအရာ မျိုးစုံပါရှိပါတယ်။ အကြောင်းအရာ သုံးလေးမျိုးတင်ဆက်မယ့်အစား တစ်မျိုးတည်းကိုပဲ တင်ဆက်ခြင်းက ပိုအကျိုးရှိပါတယ်။ ကင်းမျှော်စင်၊ နိုးလော့! မဂ္ဂဇင်းမှာပါတဲ့ အကြောင်းအရာကို အသေအချာ သိထားပြီး ဝန်းကျင်ကို မျက်စိရှင်ရှင်ထားမယ်ဆိုရင် အိမ်ရှင် စိတ်ဝင်စားမယ့် ခေါင်းစဉ်ကို ရွေးချယ်တင်ဆက်နိုင်မှာဖြစ်တယ်။ ဥပမာ၊ အိမ်ဝန်းကျင်မှာ ကလေးကစားစရာတွေကို တွေ့မယ်ဆိုရင် မိသားစုဘဝနဲ့ဆိုင်တဲ့ ဆောင်းပါးကို အလေးပေးတင်ဆက်နိုင်တယ်။ အမျိုးသားတစ်ယောက်နဲ့ တွေ့မယ်ဆိုရင် အမျိုးသားတွေ စိတ်၀င်စားတတ်တဲ့ အစိုးရအကြောင်းအရာလိုမျိုး တစ်ခုခုကို ဆွေးနွေးနိုင်တယ်။ အကြောင်းအရာတစ်မျိုးကိုပဲ တင်ဆက်ပေမဲ့လည်း အိမ်ရှင်က စိတ်ဝင်စားမှုရှိမယ်ဆိုရင် မဂ္ဂဇင်းနှစ်စောင်စလုံးကို ပေးလိုက်ပါ။