ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၃၊ ဇွန် ၂၄ ရက်မှာ စတင်မယ့်အပတ်အတွင်းမှာ သုံးသပ်မှာဖြစ်တယ်။ လေ့လာသုံးသပ်တဲ့အပတ်ရဲ့ ရက်စွဲတွေကို ဖော်ပြထားတာက ပတ်စဉ်သင်တန်း အစီအစဉ်အတွက် ပြင်ဆင်တဲ့အခါ ရှာဖွေလေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
၁။ “မောရှေသည် တောအရပ်တွင် မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်” လို့ ယောဟန် ၃:၁၄၊ ၁၅ မှာ ယေရှုပြောထားတဲ့စကားက ဘာကိုဆိုလိုတာလဲ။ [မေ ၆၊ က၀၄ ၈/၁ စ. ၂၅-၂၆ ပိုဒ်. ၆၊ it-1 စ. ၅၀၅]
၂။ ခရစ်တော်ရဲ့နောက်လိုက်တွေဟာ သူတို့ဆီမှာ အသက်ရှိခြင်းအဖြစ် ဒါမှမဟုတ် အသက်တာ အပြည့်အဝခံစားခွင့်ကို ဘယ်အချိန်မှာ ရရှိကြသလဲ။ (ယော. ၆:၅၃) [မေ ၁၃၊ က၀၃ ၉/၁၅ စ. ၃၁ ပိုဒ်. ၃]
၃။ မစုံလင်တဲ့လူသားတွေကို ခမည်းတော်အကြောင်း ယေရှုဖော်ပြခဲ့ပုံကို ဥပမာပေးပါ။ (ယော. ၈:၂၈) [မေ ၂၀၊ က၁၁ ၄/၁ စ. ၇ ပိုဒ်. ၃]
၄။ မိတ်ဆွေ လာဇရု သေဆုံးသွားတဲ့အခါ ယေရှု “မျက်ရည်ကျ” ခဲ့တာကို ကြည့်ခြင်းအားဖြင့် ဘယ်အချက်ကို သိရှိနိုင်သလဲ။ (ယော. ၁၁:၃၅) [မေ ၂၀၊ က၀၈ ၅/၁ စ. ၂၄ ပိုဒ်. ၃-၅]
၅။ တပည့်တွေရဲ့ ခြေကို ယေရှု ဆေးပေးခြင်းအားဖြင့် ဘယ်လိုထိရောက်တဲ့ သင်ခန်းစာကို ကိုယ်တော် သင်ပေးခဲ့သလဲ။ (ယော. ၁၃:၄၊ ၅) [မေ ၂၇၊ က၉၉ ၃/၁ စ. ၃၁ ပိုဒ်. ၁]
၆။ ဘုရားသခင်ရဲ့ စွမ်းအားတော်က ကျွန်ုပ်တို့အတွက် သေချာတဲ့လမ်းညွှန်အဖြစ် ဘယ်လိုလုပ်ဆောင်သလဲ။ (ယော. ၁၄:၂၆) [မေ ၂၇၊ က၁၁ ၁၂/၁၅ စ. ၁၄-၁၅ ပိုဒ်. ၉]
၇။ ယောဟန် ၂၁:၁၅ မှာပါတဲ့ “ဤအရာများ” ဆိုတဲ့ စကားက ဘာကို ရည်ညွှန်းသလဲ။ ဘာသင်ခန်းစာ သင်ယူနိုင်သလဲ။ [ဇွန် ၃၊ က၀၈ ၄/၁၅ စ. ၃၂ ပိုဒ်. ၁၁]
၈။ တမန်တော် ၂:၄၄-၄၇ နဲ့ တမန်တော် ၄:၃၄၊ ၃၅ အရ ဘယ်လိုစိတ်သဘောထားကို ခရစ်ယာန်တွေ တုပသင့်သလဲ။ [ဇွန် ၁၀၊ က၀၈ ၅/၁၅ စ. ၃၀ ပိုဒ်. ၅]
၉။ တမန်တော် ၇:၅၉ မှာတွေ့ရတဲ့ မှတ်တမ်းအရ သတေဖန်ဟာ ယေရှုဆီ ဆုတောင်းခဲ့သလား။ [ဇွန် ၁၇၊ က၀၈ ၅/၁၅ စ. ၃၁ ပိုဒ်. ၂]
၁၀။ ဗာနဗရဲ့ စံနမူနာကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။ အဲဒီလိုတုပခြင်းကနေ ဘာအကျိုးတွေ ရနိုင်သလဲ။ (တ. ၉:၂၆၊ ၂၇) [ဇွန် ၂၄၊ bt စ. ၆၅ ပိုဒ်. ၁၉]