ဒီမဂ္ဂဇင်းကို ဘယ်သူတွေ စိတ်ဝင်စားမှာလဲ
၁။ ကင်းမျှော်စင်နဲ့ နိုးလော့! ကိုဖတ်တဲ့အခါ ဘယ်အရာကို စဉ်းစားသင့်သလဲ။ ဘာကြောင့်လဲ။
၁ ကင်းမျှော်စင်နဲ့ နိုးလော့! မဂ္ဂဇင်းတွေကို ကမ္ဘာတစ်ဝန်းက လူတွေအတွက် ပြင်ဆင်ရေးသားထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအရာအမျိုးမျိုးပါတဲ့ ဆောင်းပါးတွေကို တွေ့ရှိရမှာဖြစ်တယ်။ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်တိုင်း ဒီဆောင်းပါးကို ဘယ်သူတွေ စိတ်ဝင်စားနိုင်မလဲဆိုတာ စဉ်းစားပြီး သူ့ကို ပေးဖြစ်အောင်ပေးပါ။
၂။ မဂ္ဂဇင်းမှာပါတဲ့ ဘယ်အကြောင်းတွေကို တခြားသူတွေ စိတ်ဝင်စားနိုင်သလဲ။
၂ အလုပ်ဖော်နဲ့ အရင်တုန်းက ဆွေးနွေးခဲ့ဖူးတဲ့ ကျမ်းစာအကြောင်းအရာတွေ လက်ရှိကင်းမျှော်စင်ထဲမှာ ပါသလား။ ဆွေမျိုးတစ်ဦးကို ကူညီပေးနိုင်မယ့် မိသားစုဘဝနဲ့ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ပါသလား။ သင့်မိတ်ဆွေတစ်ဦးက ခရီးထွက်ဖို့စီစဉ်နေတဲ့ နိုင်ငံအကြောင်းကို နိုးလော့! ထဲမှာ ဖော်ပြထားသလား။ သင့်ရပ်ကွက်ထဲက စီးပွားရေးကုမ္ပဏီတချို့ ဒါမှမဟုတ် လူမှုရေးအဖွဲ့အစည်းတချို့ စိတ်ဝင်စားမယ့် မဂ္ဂဇင်းတစ်စောင်များ ရှိမလား။ ဥပမာ၊ သက်ကြီးရွယ်အိုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်း ဖော်ပြထားတဲ့ မဂ္ဂဇင်းဆိုရင် ဘိုးဘွားရိပ်သာတွေက အထူးစိတ်ဝင်စားမှာဖြစ်တယ်။ ရဲစခန်းတွေက ရာဇဝတ်မှုအကြောင်းပါတဲ့ မဂ္ဂဇင်းတွေကို စိတ်ဝင်စားနိုင်တယ်။
၃။ စိတ်ဝင်စားမယ်လို့ ထင်ရတဲ့သူတွေဆီ မဂ္ဂဇင်းတွေ ဝေငှတဲ့အခါ အကျိုးကျေးဇူးရရှိခဲ့တဲ့ တွေ့ကြုံမှုကို ဖော်ပြပါ။
၃ အကျိုးကျေးဇူးများ– “တာဝန်သိတတ်တဲ့ကလေးတွေဖြစ်အောင် ပြုစုပျိုးထောင်ခြင်း” ဆောင်းပါးပါတဲ့ ၂၀၁၁၊ အောက်တိုဘာလထုတ် နိုးလော့! ကို တောင်အာဖရိကနိုင်ငံက ဇနီးမောင်နှံ ရရှိပြီးတဲ့နောက် အသင်းတော်ရပ်ကွက်က စာသင်ကျောင်း ၂၅ ကျောင်းကို ဖုန်းဆက်ပြီး ကမ်းလှမ်းခဲ့တယ်။ စာသင်ကျောင်း ၂၂ ကျောင်းက နိုးလော့! မဂ္ဂဇင်းတွေကို လက်ခံပြီး ကျောင်းသားတွေကို ဝေငှခဲ့တယ်။ အဲဒီနိုင်ငံက နောက်ဇနီးမောင်နှံလည်း သူတို့ရပ်ကွက်က ကျောင်းတွေကို နိုးလော့! မဂ္ဂဇင်းတွေ ဝေငှခဲ့တယ်။ ကျောင်းတစ်ကျောင်းက ဆရာဆရာမတွေဟာ ကျောင်းသင်ခန်းစာမှာ အဲဒီမဂ္ဂဇင်းကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီဇနီးမောင်နှံက တိုက်နယ်ကြီးကြပ်မှူးရောက်လာတဲ့အခါ သူတို့ရဲ့တွေ့ကြုံမှုတွေကို ပြောပြကြတယ်။ အဲဒီအခါ တိုက်နယ်ကြီးကြပ်မှူးဟာ ရပ်ကွက်မှာရှိတဲ့ ကျောင်းတွေဆီသွားပြီး ဝေငှဖို့အတွက် သူ့တိုက်နယ်အတွင်းက အသင်းတော်တွေကို အားပေးခဲ့တယ်။ အဲဒီမဂ္ဂဇင်းတွေ လိုချင်ကြောင်း တောင်းခံချက်တွေကို ဌာနခွဲရုံးက ရရှိတဲ့အခါ ပြန်ပုံနှိပ်ခဲ့ရတယ်။
၄။ ကျွန်ုပ်တို့ဟာ လူများနိုင်သမျှ များများကို မဂ္ဂဇင်းတွေ ဘာကြောင့် ဝေငှချင်ကြတာလဲ။
၄ ကျွန်ုပ်တို့ရဲ့ မဂ္ဂဇင်းတွေထဲမှာ လက်ရှိအဖြစ်အပျက်တွေရဲ့ နောက်ကွယ်က တကယ့်ဖြစ်ရပ်မှန်တွေကို ဖော်ပြထားပြီး သမ္မာကျမ်းစာနဲ့ ဘုရားသခင့်နိုင်ငံတော်ကို အာရုံစိုက်စေတယ်။ ကမ္ဘာပေါ်မှာ ဒီမဂ္ဂဇင်းတွေကသာ “ကယ်တင်ခြင်းအကြောင်းကို ကြွေးကြော်” တဲ့မဂ္ဂဇင်းတွေ ဖြစ်ပါတယ်။ (ဟေရှာ. ၅၂:၇၊ ကဘ) ဒါကြောင့် ကျွန်ုပ်တို့ဟာ လူများနိုင်သမျှများများကို ဒီမဂ္ဂဇင်း ဝေငှချင်ကြပါတယ်။ အဲဒီလိုလုပ်ဖို့ နည်းလမ်းကောင်းတစ်ခုက မဂ္ဂဇင်းဖတ်တိုင်း ‘ဒီမဂ္ဂဇင်းကို ဘယ်သူတွေ စိတ်ဝင်စားမှာလဲ’ ဆိုပြီး စဉ်းစားခြင်းဖြစ်တယ်။