ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၁၃ စာ. ၃
  • မေ ၂၇ အပတ်အတွက်ဇယား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေ ၂၇ အပတ်အတွက်ဇယား
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
နဓ ၅/၁၃ စာ. ၃

မေ ၂၇ အပတ်အတွက်ဇယား

မေ ၂၇ မှာစမယ့်အပတ်

သီချင်း ၆ နဲ့ ဆုတောင်းချက်

□ အသင်းတော်ကျမ်းစာလေ့လာမှု–

jr အခန်း ၁၀ အပိုဒ် ၁-၇ (၃၀ မိ.)

□ ဟောပြောသွန်သင်ခြင်းသင်တန်း–

ကျမ်းစာဖတ်ရှုခြင်း– ယောဟန် ၁၂-၁၆ (၁၀ မိ.)

နံပါတ် ၁– ယောဟန် ၁၂:၂၀-၃၆ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)

နံပါတ် ၂– ယေရှုရဲ့ယဇ်ကျေးဇူးကို ဘယ်သူတွေအပေါ် ဦးဆုံး အသုံးပြုသလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲ—rs စ. ၂၈၀ အပိုဒ် ၃-စ. ၂၈၁ အပိုဒ် ၁ (၅ မိ.)

နံပါတ် ၃– “ငြိမ်သက်ခြင်းကို ပေးသနားတော်မူသော ဘုရားသခင်” လို့ ယေဟောဝါကို ခေါ်ဆိုတာက ဘာကြောင့် လျောက်ပတ်ပါသလဲ—ရော. ၁၅:၃၃ (၅ မိ.)

□ လုပ်ငန်းတော်စည်းဝေး–

သီချင်း ၉၈

၅ မိ– ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုတစ်ခု စတင်ပါ။ ဟောပြောပါ။ ကင်းမျှော်စင် နောက်ကျောဖုံးကို အသုံးပြုပြီး ဇွန်လရဲ့ ပထမဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ သင်အံမှုတစ်ခု စတင်နိုင်ပုံကို သရုပ်ပြပါ။ (တကယ်လို့ သင်တို့ရဲ့အသင်းတော်မှာ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင် မရောက်သေးဘူးဆိုရင် ဧပြီလ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုက မေ ၁ ရက်ထုတ် ကင်းမျှော်စင်မဂ္ဂဇင်းရဲ့ သင်အံမှုစဖို့ နမူနာတင်ဆက်နည်းကို အစားထိုး အသုံးပြုနိုင်ပါတယ်။) ကျမ်းစာသင်အံမှုကမ်းလှမ်းတဲ့ အစီအစဉ်မှာ ပါဝင်ကြဖို့ အားလုံးကို အားပေးပါ။

၁၅ မိ– ကိုယ်စိုက်ထားတဲ့ မျိုးစေ့ကို ရေလောင်းပါ။ (၁ ကော. ၃:၆–၉) ဒီမေးခွန်းတွေကို အခြေခံပြီး ဆွေးနွေးပါ– (၁) ပြန်လည်ပတ်မှုသွားတာကို ဘာဖြစ်လို့ နှစ်သက်တာလဲ။ (၂) ပြန်လည်ပတ်မှုသွားတဲ့အခါ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရသလဲ။ (၃) ဒီအခက်အခဲတွေကို ဘယ်လိုအောင်မြင်နိုင်သလဲ။ (၄) ပြန်လည်ပတ်မှုသွားဖို့ အခက်အခဲရှိမယ်ဆိုရင် အကူအညီတွေကို ဘယ်လိုရရှိနိုင်သလဲ။ (၅) စိတ်ဝင်စားတဲ့သူတွေ၊ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ၊ သူ့ကိုပေးထားတဲ့ စာပေတွေနဲ့ တခြားအချက်အလက်တွေကို ဘယ်လိုမှတ်တမ်းပြုစုမလဲ။ (၆) ပြန်လည်ပတ်မှုသွားဖို့ ဘယ်လိုပြင်ဆင်မလဲ။ (၇) အပတ်စဉ် ပြန်လည်ပတ်မှုသွားဖို့ အချိန်ဇယားဆွဲတာက ဘာကြောင့် ကောင်းတာလဲ။

၁၀ မိ– “သွန်သင်ခြင်းလုပ်ငန်းမှာ အဖွဲ့စည်းထုတ် ဗီဒီယိုတွေကို အသုံးပြုပါ။” ဆွေးနွေးပါ။ သက်သေခံမဖြစ်ခင်က အဖွဲ့အစည်းထုတ် ဗီဒီယိုတွေကို ကြည့်ရှုတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူး ရရှိခဲ့တယ်ဆိုတာ ပြောပြဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။

သီချင်း ၁၀၁ နဲ့ ဆုတောင်းချက်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ