ဇွန် ၃ အပတ်အတွက်ဇယား
ဇွန် ၃ မှာစမယ့်အပတ်
သီချင်း ၆၈ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
jr အခန်း ၁၀ အပိုဒ် ၈-၁၃ (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ယောဟန် ၁၇-၂၁ (၁၀ မိ.)
နံပါတ် ၁– ယောဟန် ၂၁:၁၅-၂၅ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– “လူများနောက်” ကို ကျွန်ုပ်တို့ ဘာကြောင့် မလိုက်သင့်တာလဲ—ထွက်. ၂၃:၂; သု. ၁:၁၀ (၅ မိ.)
နံပါတ် ၃– ဘိသိက်ခံခရစ်ယာန်တွေအပြင် ဘယ်သူတွေလည်း ယေရှုရဲ့ယဇ်ကျေးဇူးကို ခံစားနေကြသလဲ—rs စ. ၂၈၁ အပိုဒ် ၂-၄ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– ဇွန်လမှာ ဝေငှမယ့် မဂ္ဂဇင်းတွေအတွက် အကြံပြုချက်များ။ ဆွေးနွေးပါ။ (တကယ်လို့ သင်တို့ရဲ့အသင်းတော်မှာ ဇွန်လထုတ်မဂ္ဂဇင်းတွေ မရောက်သေးဘူးဆိုရင် ဧပြီလ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှာပါတဲ့ မေလထုတ် မဂ္ဂဇင်းတင်ဆက်နည်းတွေကို အစားထိုး အသုံးပြုနိုင်ပါတယ်။) ဒီမဂ္ဂဇင်းတွေကို သင့်ရပ်ကွက်က လူတွေ ဘာကြောင့် စိတ်ဝင်စားမှုရှိနိုင်သလဲဆိုတာ စက္ကန့် ၃၀-၆၀ လောက်အချိန်ယူ ပြောပြပါ။ ကင်းမျှော်စင် မျက်နှာဖုံးဆောင်းပါးတွေကို အသုံးပြုပြီး စိတ်ဝင်စားစေတဲ့ မေးခွန်းတစ်ခုကို အကြံပြုဖို့၊ ပြီးတော့ ဖတ်ပြမယ့် ကျမ်းချက်တစ်ချက်ကို အကြံပြုဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။ နိုးလော့!ကိုလည်း အဲဒီအတိုင်း ပြုလုပ်ပါ။ အချိန်ရမယ်ဆိုရင် မဂ္ဂဇင်းတစ်စောင်ချင်းစီရဲ့ တခြားဆောင်းပါးတွေအတွက်လည်း အကြံပြုစေပါ။ မဂ္ဂဇင်းတစ်စောင်ချင်းစီရဲ့ ဝေငှပုံကိုလည်း သရုပ်ပြပါ။
၁၀ မိ– လယ်ကွင်းမှတ်တမ်းသွင်းရတဲ့ အကြောင်းရင်း။ ဖွဲ့စည်းထားခြင်းစာအုပ်၊ စာမျက်နှာ ၈၈၊ အပိုဒ် ၁ ကနေ စာမျက်နှာ ၉၀၊ အပိုဒ် ၁ အထိကို အခြေခံပြီး အတွင်းရေးမှူးက ဟောပြောပါ။
၁၀ မိ– ဒေသလိုအပ်ရာများ။
သီချင်း ၁၀၇ နဲ့ ဆုတောင်းချက်