ကြော်ငြာသင်ပုန်းကို သင် မှန်မှန် ကြည့်ရှုပါသလား
အသင်းတော်တာဝန်တွေရရှိထားကြတဲ့ အကြီးအကဲတွေ၊ အမှုထမ်းတွေနဲ့ တခြားသူတွေဟာ ဘယ်အချိန်မှာ တာဝန်ကျတယ်ဆိုတာကို သိနိုင်ဖို့ ကြော်ငြာသင်ပုန်းကို မှန်မှန်ကြည့်ရှုကြပါတယ်။ ဒါ့အပြင် အသင်းတော်မှာရှိတဲ့သူအားလုံးအတွက် အရေးကြီးတဲ့ အချက်အလက်တွေကိုလည်း ကြော်ငြာသင်ပုန်းမှာ တွေ့ရပါလိမ့်မယ်။ ခန်းမသန့်ရှင်းရေးအတွက် ကိုယ့်အလှည့်က ဘယ်တော့လဲဆိုတာ သိပါသလား။ တိုက်နယ်ကြီးကြပ်မှူး ဒါမှမဟုတ် ဌာနခွဲရုံးကနေ အရေးကြီးတဲ့စာ ပို့ထားတာများ ရှိသလား။ ကိုယ့်ရဲ့ကျမ်းစာသင်သားကို အစည်းအဝေးဖိတ်ဖို့ လူထုဟောပြောချက်ခေါင်းစဉ်ကို သိပါသလား။ အစည်းအဝေးအစီအစဉ် ဒါမှမဟုတ် သင့်လယ်ကွင်းအုပ်စုမှာ ပြုပြင်ပြောင်းလဲထားတာများ ရှိသလား။ ဒီအချက်တွေကို အစည်းအဝေးတွေမှာ မကြေညာပေးပါဘူး။ အကြီးအကဲတွေကလည်း ကြေညာသူတစ်ယောက်ချင်းစီကို ပြောပြဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကြော်ငြာသင်ပုန်းကို မှန်မှန်ကြည့်ရှုသင့်ပါတယ်။ အဲဒီလိုလုပ်ကြောင်း သေချာစေမယ်ဆိုရင် အရာအားလုံးကို “တင့်တယ်လျောက်ပတ်စွာ စည်းစနစ်တကျ” ဖြစ်စေနိုင်မှာဖြစ်တယ်။—၁ ကော. ၁၄:၄၀။