ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၃၊ ဧပြီ ၂၉ ရက်မှာ စတင်မယ့် အပတ်အတွင်းမှာ သုံးသပ်မှာဖြစ်တယ်။ လေ့လာသုံးသပ်တဲ့ အပတ်ရဲ့ ရက်စွဲတွေကို ဖော်ပြထားတာက ပတ်စဉ်သင်တန်း အစီအစဉ်အတွက် ပြင်ဆင်တဲ့အခါ ရှာဖွေလေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
၁။ မာကု ၁၀:၆-၉ မှာမှတ်တမ်းတင်ထားတဲ့အတိုင်း ယေရှုဟာ အိမ်ထောင်နဲ့ပတ်သက်ပြီး ဘယ်အရေးကြီးတဲ့အချက်ကို သတိပေးခဲ့သလဲ။ [မတ် ၄၊ က၀၈ ၂/၁၅ စာ. ၃၀ ပိုဒ်. ၈]
၂။ ယေဟောဝါကို စိုးလ်အကြွင်းမဲ့ အမှုဆောင်ခြင်းဆိုတာ ဘာလဲ။ (မာကု ၁၂:၃၀) [မတ် ၄၊ က၉၇ ၁၀/၁၅ စာ. ၁၃ ပိုဒ်. ၄]
၃။ မာကု ၁၃:၈ မှာ ဖော်ပြထားတဲ့ “ဆင်းရဲဒုက္ခ” ဆိုတာ ဘာလဲ။ [မတ် ၁၁၊ က၀၈ ၃/၁၅ စာ. ၁၂ ပိုဒ်. ၂]
၄။ လုကာက သူ့ရဲ့ ခရစ်ဝင်ကျမ်းကို ရေးသားရာမှာ ဘယ်စာပေတွေကို ကိုးကားခဲ့သလဲ။ (လုကာ ၁:၃) [မတ် ၁၈၊ က၀၉ ၃/၁၅ စာ. ၃၂ ပိုဒ်. ၄]
၅။ ကျွန်ုပ်တို့ရဲ့ သမာဓိကို စမ်းသပ်ဖို့ စာတန်က “အခွင့်အခါကောင်း” ကိုစောင့်ကြည့်နေတယ် ဆိုတဲ့အချက်က ကျွန်ုပ်တို့ကို ဘာလုပ်ဖို့ လှုံ့ဆော်ပေးသလဲ။ (လုကာ ၄:၁၃) [မတ် ၂၅၊ က၁၁ ၁/၁၅ စာ. ၂၃ ပိုဒ်. ၁၀]
၆။ လုကာ ၆:၂၇၊ ၂၈ မှာမှတ်တမ်းတင်ထားတဲ့ စကားတွေကို ကျွန်ုပ်တို့ ဘယ်လိုကျင့်သုံးနိုင်သလဲ။ [မတ် ၂၅၊ က၀၈ ၅/၁၅ စာ. ၈ ပိုဒ်. ၄]
၇။ ယေရှုဟာ ရွေးနုတ်ဖိုးအတွက် အသေမခံခင်မှာ အမျိုးသမီးတစ်ဦးရဲ့ အပြစ်တွေကို ဘာကြောင့် ခွင့်လွှတ်ပေးနိုင်ခဲ့တာလဲ။ (လုကာ ၇:၃၇၊ ၄၈) [ဧပြီ ၁၊ က၁၀ ၈/၁၅ စာ. ၆-၇]
၈။ ခရစ်တော်ရဲ့ နောက်လိုက်တွေဟာ ဘယ်လိုနည်းနဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေကို “မုန်း” ရမလဲ။ (လုကာ ၁၄:၂၆) [ဧပြီ ၁၅၊ က၀၈ ၃/၁၅ စာ. ၃၂ ပိုဒ်. ၁; က၉၂ ၇/၁၅ စာ. ၉ ပိုဒ်. ၃-၅]
၉။ ‘နေ၊ လ၊ ကြယ်နက္ခတ်များရဲ့ နိမိတ်လက္ခဏာများ’ က လူသားတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မလဲ။ (လုကာ ၂၁:၂၅) [ဧပြီ ၂၂၊ က၉၇ ၄/၁ စာ. ၁၅ ပိုဒ်.၈-၉]
၁၀။ ပြင်းထန်တဲ့ စမ်းသပ်မှုတွေကို ကျွန်ုပ်တို့ ကြုံရတဲ့အခါ ယေရှုရဲ့ ဆုတောင်းပုံကို ဘယ်လိုတုပနိုင်သလဲ။ (လုကာ ၂၂:၄၄) [ဧပြီ ၂၉၊ က၁၂ ၄/၁၅ စာ. ၁၇ ပိုဒ်. ၁၇]