ဧပြီ ၁၅ အပတ်အတွက်ဇယား
ဧပြီ ၁၅ မှာစမယ့်အပတ်
သီချင်း ၆ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
jr အခန်း ၈ အပိုဒ် ၁-၇ (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– လုကာ ၁၃-၁၇ (၁၀ မိ.)
နံပါတ် ၁– လုကာ ၁၆:၁၆-၃၁ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ကျွန်ုပ်တို့ရဲ့မစုံလင်တဲ့ အခြေအနေကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်အတွက် တန်ဖိုးမရှိဘူးလို့ ဆိုလိုတာလား—ဆာ. ၁၀၃:၈၊ ၉၊ ၁၄; ဂလ. ၆:၉ (၅ မိ.)
နံပါတ် ၃– လူသားအားလုံး ဘုရားသခင့်သားသမီးတွေလား—rs စ. ၂၉၁ အပိုဒ် ၃-စ. ၂၉၂ အပိုဒ် ၁ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– ကြေညာသူများရဲ့မေးခွန်း။ ဆွေးနွေးပါ။
၁၀ မိ– သင့်ရဲ့ အမှုဆောင်ခြင်းလုပ်ငန်းကို တိုးချဲ့နိုင်တဲ့ နည်းလမ်းများ—အပိုင်း ၂။ ဖွဲ့စည်းထားခြင်းစာအုပ်၊ စာမျက်နှာ ၁၁၂၊ အပိုဒ် ၃ ကနေ စာမျက်နှာ ၁၁၄၊ အပိုဒ် ၁ အထိကို အခြေခံပြီး ဟောပြောပါ။ ရှေ့ဆောင်လုပ်နိုင်ဖို့အတွက် ပြုပြင်ချိန်ညှိခဲ့ရတာတွေနဲ့ပတ်သက်ပြီး ရှေ့ဆောင်တစ်ဦးနှစ်ဦးကို လူတွေ့မေးမြန်းပါ။
၁၀ မိ– သင့်ရဲ့လုပ်ငန်းခွင်မှာ သက်သေခံပါသလား။ ဖော်ပြထားတဲ့ မေးခွန်းတွေကို အခြေခံပြီး ဆွေးနွေးပါ။ (၁) သင်ဟာ ယေဟောဝါသက်သေတစ်ဦးဖြစ်တယ်ဆိုတာ သင့်ရဲ့အလုပ်ဖော်တွေကို အသိပေးတာက ဘာကြောင့် ကောင်းသလဲ။ (၂) သူတို့ကို ဘယ်လိုအသိပေးမလဲ။ (၃) ဘယ်လိုအခြေအနေတွေမှာ သက်သေခံဖို့ အခွင့်အရေးရရှိမလဲ။ (၄) ဖြစ်နိုင်မယ်ဆိုရင် လုပ်ငန်းခွင်မှာ ကျမ်းစာအုပ်နဲ့ တခြားစာပေတွေ ထားရှိတာက ဘာကြောင့် ကောင်းသလဲ။ (၅) သင့်ရဲ့ အလုပ်ချိန်မှာ အချိန်ကြာကြာ မဟောပြောတာက ဘာကြောင့် ကောင်းသလဲ။ (၆) လုပ်ငန်းခွင်မှာ သက်သေခံတဲ့အတွက် ဘယ်လိုတွေ့ကြုံမှုကောင်းတွေ ရရှိခဲ့သလဲ။
သီချင်း ၄၅ နဲ့ ဆုတောင်းချက်