ဖေဖော်ဝါရီ ၂၅ အပတ်အတွက်ဇယား
ဖေဖော်ဝါရီ ၂၅ မှာစမယ့်အပတ်
သီချင်း ၁၂၀ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
jr အခန်း ၆ အပိုဒ် ၁-၆ (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– မာကု ၅-၈ (၁၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း (၂၀ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၅ မိ– “ရပ်လိုက်ရမလား။” ဆွေးနွေးပါ။
၁၀ မိ– ကျွန်ုပ်တို့ကြွေးကြော်ရမည့်သတင်း—“ယေရှုအကြောင်းသက်သေခံခြင်း။” ဓမ္မအမှုကျောင်း စာအုပ် စာမျက်နှာ ၂၇၅ ကနေ စာမျက်နှာ ၂၇၈ အဆုံးအထိကိုအခြေခံပြီး ထက်ထက်သန်သန်ဟောပြောပါ။
၁၅ မိ– ဟောပြောဖို့ ကျွန်ုပ်တို့ကို ယေဟောဝါခွန်အားပေး။ (ဖိ. ၄:၁၃) ကျန်းမာရေးမကောင်းတဲ့ကြားက ထက်ထက်သန်သန် အမှုဆောင်နေကြတဲ့ ကြေညာသူနှစ်ယောက်၊ သုံးယောက်ကို လူတွေ့မေးမြန်းပါ။ ဘာအခက်အခဲတွေကို သူတို့ကြုံတွေ့နေရသလဲ။ ရေရှည်စိတ်ဓာတ်ကျတာမျိုးမဖြစ်အောင် ဘာကသူတို့ကို ထောက်ကူပေးသလဲ။ အသင်းတော်က သူတို့ကို လက်တွေ့ကျတဲ့ ဘာအကူအညီတွေပေးသလဲ။ အမှုဆောင်လုပ်ငန်းမှာ ပုံမှန်ပါဝင်ခြင်းကနေ ဘာအကျိုးကျေးဇူးရရှိသလဲ။
သီချင်း ၄၂ နဲ့ ဆုတောင်းချက်