ဖေဖော်ဝါရီ ၁၁ အပတ်အတွက်ဇယား
ဖေဖော်ဝါရီ ၁၁ မှာစမယ့်အပတ်
သီချင်း ၁၀၆ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
jr အခန်း ၅ အပိုဒ် ၇-၁၂ (၃၀ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– မဿဲ ၂၆-၂၈ (၁၀ မိ.)
နံပါတ် ၁– မဿဲ ၂၇:၂၄-၄၄ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ဘယ်လိုနည်းနဲ့ ဘုရားသခင့်စိတ်ရှည်မှုက ကယ်တင်ခြင်းရစေသလဲ—၂ ပေ. ၃:၉၊ ၁၅ (၅ မိ.)
နံပါတ် ၃– တစ်စုံတစ်ယောက်က ဒီလိုပြောရင်၊ ‘ခင်ဗျားတို့က ပရောဖက်ပြုချက်ကို ရေးကြီးခွင့်ကျယ်လုပ်လွန်းတယ်’—rs စ. ၁၆၃ အပိုဒ် ၄-၅ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၁၀ မိ– ကျွန်ုပ်တို့ ဘာသင်ယူရရှိသလဲ။ ဆွေးနွေးပါ။ မဿဲ ၆:၁၉-၂၁ နဲ့ လုကာ ၁၆:၁၃ ကိုဖတ်ပါ။ ဒီမှတ်တမ်းတွေက အမှုဆောင်လုပ်ငန်းအတွက် ကျွန်ုပ်တို့ကို ဘယ်လိုထောက်ကူပေးနိုင်သလဲ။
၂၀ မိ– “သင် အရန်ရှေ့ဆောင်လုပ်မလား။” လုပ်ငန်းတော်ကြီးကြပ်မှူးက မေးဖြေဆွေးနွေးပါ။ အပိုဒ် ၂ ကိုလေ့လာပြီးတဲ့နောက်မှာ မတ်လအတွင်း အရန်ရှေ့ဆောင်လုပ်ဖို့ စီစဉ်ထားတဲ့ အချိန်ပြည့်အလုပ်လုပ်တဲ့ ကြေညာသူတစ်ယောက်နဲ့ ကျန်းမာရေးသိပ်မကောင်းတဲ့ ကြေညာသူတစ်ယောက်ကို အတိုချုပ်မေးမြန်းပါ။ ရှေ့ဆောင်လုပ်နိုင်ဖို့ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေလုပ်မလဲ။ အပိုဒ် ၃ ကိုလေ့လာပြီးနောက်မှာ ဇနီးမောင်နှံတစ်စုံ ဒါမှမဟုတ် ကလေးတွေရှိတဲ့ မိသားစုတစ်စုဟာ အမှုဆောင်ခြင်းကိုတိုးချဲ့ဖို့ မိသားစုဝတ်ပြုမှုမှာ သတ်သတ်မှတ်မှတ်အစီအစဉ်ရေးဆွဲနေကြပုံကို သရုပ်ပြပါ။
သီချင်း ၁၂၂ နဲ့ ဆုတောင်းချက်