ဇူလိုင် ၁၆ အပတ်အတွက်ဇယား
ဇူလိုင် ၁၆ မှာစမယ့်အပတ်
သီချင်း ၁၀၁ နဲ့ ဆုတောင်းချက်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
bt အခန်း ၂၃ အပိုဒ် ၁၆-၁၉၊ စာမျက်နှာ ၁၈၈ မှ လေးထောင့်ကွက် (၂၅ မိ.)
□ ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ယေဇကျေလ ၁၅-၁၇ (၁၀ မိ.)
နံပါတ် ၁– ယေဇကျေလ ၁၆:၁၄-၂၇ (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ယောဟန် ၁၈:၃၇ မှာ ယေရှုပြောခဲ့တဲ့ အမှန်တရားက ဘာလဲ (၅ မိ.)
နံပါတ် ၃– မစ္ဆားပွဲကို ယေရှု အစပြု ကျင်းပခဲ့သလား—rs စ. ၂၁၉ အပိုဒ် ၃-စ. ၂၂၁ အပိုဒ် ၁ (၅ မိ.)
□ လုပ်ငန်းတော်စည်းဝေး–
၅ မိ– ကြေညာချက်များ။
၁၀ မိ– ပြန်လည်ပတ်မှုကို အကျိုးရှိရှိ လုပ်ဆောင်ပါ။ ဖော်ပြထားတဲ့ မေးခွန်းတွေကို အခြေခံပြီး ဆွေးနွေးပါ– (၁) ပြန်လည်ပတ်မှုလုပ်တဲ့အခါတိုင်း ပန်းတိုင်တစ်ခုရှိတာ ဘာကြောင့် ကောင်းသလဲ။ (၂) အစပိုင်းလည်ပတ်ချိန်တွေမှာ ဘယ်လောက်ကြာကြာနေသင့်သလဲ။ (၃) ပြန်လည်ပတ်မှုလုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမိတ်ဆက်သင့်သလဲ။ (၄) စိတ်မဝင်စားဘူးလို့ ပြောလာရင် ဘယ်လိုပြန်ပြောရမလဲ။ (၅) ဝေစာတစ်စောင်၊ ဘရိုရှာတစ်စောင် ဒါမှမဟုတ် မဂ္ဂဇင်းတွေကို လက်ခံခဲ့သူဆီ ပြန်လည်ပတ်တဲ့အခါ ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို မိတ်ဆက်ပေးနိုင်သလဲ။ (၆) အိမ်မှာပြန်တွေ့ဖို့ ခက်တဲ့သူကို စိတ်ဝင်စားအောင် ဘယ်လိုလုပ်နိုင်သလဲ။ (၇) အတွေ့အကြုံသိပ်မရှိသေးတဲ့ ကြေညာသူအသစ်ကို ပြန်လည်ပတ်မှုလုပ်ချိန်မှာ ဘယ်လိုလေ့ကျင့်ပေးနိုင်သလဲ။
၂၀ မိ– “တွေကို ဘုရားသခင့်စကားနားထောင်အောင် ကူညီပါ။” မေးဖြေဆွေးနွေးပါ။ အပိုဒ် ၅ ကို ဆွေးနွေးတဲ့အခါ ဘရိုရှာနှစ်စောင်ထဲက တစ်စောင်ကို ဘယ်လိုဝေငှနိုင်သလဲဆိုတာ သရုပ်ပြပါ။ အပိုဒ် ၆ ကိုလေ့လာပြီးတဲ့အခါ ကြေညာသူတစ်ယောက်က ဘုရားသခင့်စကားနားထောင်ပါ ဘရိုရှာနဲ့ ကျမ်းစာသင်အံမှု ကျင်းပနေပြီး စာမျက်နှာ ၄ ပါရုပ်ပုံကို ဆွေးနွေးနေတာကို သုံးမိနစ် သရုပ်ပြပါ။
သီချင်း ၁၂၀ နဲ့ ဆုတောင်းချက်